အာဇာနည်ကိုးဦး၏ သမိုင်းကြောင်းကို တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံတွင် ဗီနိုင်းများဖြင့် ပြသ

(၆၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား တောင်ကြီးမြို့တွင်ကျင်းပခဲ့စဉ် (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)

တောင်ကြီးမြို့ ဗိုလ် ချုပ်ပန်းခြံတွင် အာဇာနည်ကိုးဦး ၏ သမိုင်းအချက်အလက်များကို ဗီနိုင်းများဖြင့် အများပြည်သူသိရှိလေ့လာနိုင်ရန် ခင်းကျင်းပြသ ထားကြောင်း သတင်းရရှိသည်။

‘‘အာဇာနည်ကိုးဦးရဲ့ သမိုင်း ကြောင်းအချက်အလက်တွေချိတ် ဆွဲပေးထားတာက သူတို့တွေ တိုင်းပြည်အတွက် ဘာလုပ်ခဲ့ တယ်ဆိုတာကို လူငယ်တွေကို ကျယ်ကျယ်ပြန့်ပြန့်သိစေချင်တဲ့ အတွက် လုပ်ဆောင်ပေးထားတာ ပါ။ အာဇာနည်ကိုးဦးရဲ့ သမိုင်း ကြောင်းကို ဖတ်ရှုလေ့လာပြီးတော့မှ အလေးပြုမယ်ဆိုရင်ပိုပြီး အဓိပ္ပာယ် ရှိစေဖို့အတွက်ပါ’’ ဟု အဆိုပါ အစီအစဉ်ကို ဆောင်ရွက်ပေးနေသည့် တရားဥပဒေ စိုးမိုးရေး ကွန်ရက်အဖွဲ့မှ  ဦးဝင်းနိုင်စိုး ကပြောသည်။

ဇူလိုင် ၁၃ ရက်ကစတင်၍ ဗိုလ်ချုပ် အောင်ဆန်းအပါအ၀င် အာဇာနည်ကိုးဦး၏ သမိုင်းကြောင်းဆိုင်ရာများ ခင်းကျင်းပြသထားပြီးအာဇာနည်နေ့ ဇူလိုင် ၁၉ ရက် ပြီးဆုံးသည်အထိ  ပြသပေးထားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ယင်းအပြင် အရပ်ဘက်အ ဖွဲ့အစည်းအချို့နှင့် စာရေးဆရာ အချို့ကလည်း အာဇာနည်နေ့ မတိုင်မီ သမိုင်းအချက်အလက် များ ရှင်းလင်းပြောကြားပေးခြင်း အစီအစဉ်ကို ဗိုလ်ချုပ်ပန်းခြံ၌ လုပ်ဆောင်မည်ဖြစ်ကြောင်း တ ရားဥပဒေစိုးမိုးရေး ကွန်ရက်အဖွဲ့ မှ သိရသည်။

ဇူလိုင် ၁၉ ရက်တွင် ကျ ရောက်မည့် နှစ် (၇၀) ပြည့် အာဇာနည်နေ့ အခမ်းအနား၌ တောင်ကြီးမြို့ရှိ အရပ်ဘက်အဖွဲ့အစည်းအချို့ပူးပေါင်း၍ လူဦးရေ ၅၀၀ ခန့်ချီတက် ဂါရ၀ပြုရန် စီစဉ်ထားကြောင်း နိုင်ငံရေးအဖွဲ့မှ ဦးတင်မောင်တိုးက ပြောသည်။

နှစ် (၇၀) ပြည့်အာဇာနည် နေ့အခမ်းအနားတွင် အာဇာနည် ကိုးဦးအား လွမ်းသူပန်းခွေချခြင်း၊ အလေးပြုခြင်း၊ စစ်ကြောင်းဖြင့် ချီတက်အလေးပြုခြင်း အစရှိ သည့် အစီအစဉ်များကို ရှမ်းပြည် နယ်အစိုးရအဖွဲ့က ဗိုလ်ချုပ်ပန်းခြံတွင် ကျင်းပရန်စီစဉ်ထားကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ တာဝန် ရှိသူတစ်ဦးက ပြောသည်။

More in Regional Section

Top News