ငွေဖြည့်ကတ်ကိုစား အားရှိပါ၏

ဆဲဗင်းဒေး ဒေးလီးသတင်းစာမှာ မောင်ဗညားသရော်စာ နှစ်ပုဒ်ခန့် ရေးပြီးသည့်သကာလ စာဖတ်ပရိ သတ်များရဲ့ တစ်ခဲနက်အားပေးမှုနဲ့အတူ သရော်စာတွေတစ်ပုဒ်ပြီး တစ်ပုဒ်ရေးချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်ခဲ့ပါသည်။ ထုတ်ဝေသူတစ်ဦးကလည်း တစ်အုပ်စာပြည့်အောင်ရေးထားလို့ အားပေးတော့ ငွေယားကလေးများရချင်တဲ့ မျှော်လင့်ချက်ကလေးလည်း ပါတာပေါ့လေ... ။

သို့ကလိုနဲ့ သရော်စာလော ကမှာ မောင်ဗညားထောင်လွှားဖို့ အားယူဆဲ အားပျက်စရာတွေဖြစ် လာပါတယ်။ မိတ်ဆွေစာရေး ဆရာ၊ ကဗျာဆရာတွေက မောင်ဗညားကို ကြင်နာထောက် ထားသောအားဖြင့် ‘သရော်စာ ရေးတာ သွားမထိနဲ့နော်၊ ကွိသွား မယ်’လို့ ဝိုင်းပြီးသတိပေးကြပါ တယ်။ နဂိုကတည်းက မိုးပြိုမှာ ကြောက်တဲ့ တစ်တီတူးလို အ ကြောက်တရားကြီးတဲ့ မောင်ဗညားဟာ သရော်စာရေးဖို့ ကလောင် မကိုင်နိုင်အောင် ဖြစ်ခဲ့ပါတယ်။ မိတ်ဆွေတွေ စကားနားထောင် တဲ့အနေနဲ့ ထမင်းစားရင်တောင် စတီးပန်းကန်နဲ့ စားပါတယ်။ တောင်ဥက္ကလာက ပန်းချီဆရာ မင်းသူရိန်ဖွင့်ထားတဲ့ ပင်လယ်စာ ဆိုင်ရောက်တော့လည်း မြေအိုး လေးနဲ့ ထည့်ပေးတဲ့ ရခိုင်သောက် ဆမ်းလေးကိုသာ မှာမိပါတယ်။ ကောင်းသားဗျ။ ပင်လယ်ပုစွန်၊ ကဏန်းတွေနဲ့ ချဉ်စပ်အရည် သောက်လေးမို့ သောက်ရတာ အရသာရှိလှပါတယ်။

အဲသလို မောင်ဗညားတစ် ယောက် မထိမငြိနေတုန်းမှာ သရော်စာရေးပြီး ကလိဖို့၊ ရိဖို့အ ကြောင်းတစ်ခု ဖန်လာပါတယ်။ သရော်စာရေးသူတွေရဲ့ နှလုံးသားထဲ အမှိုက်ဝင်တဲ့အခါ ကမာ ကောင်လေးတွေက ထွက်တဲ့မျက် ရည်က ပုလဲလေးတစ်လုံး ထုတ် ပေးရမှ ကျေနပ်သလို သရော်စာ လေးတစ်ပုဒ်တော့ ရေးထုတ်ရမှ ကျေနပ်လေ့ရှိပါတယ်။ မြန်မာ့ သမိုင်းကို ပြန်ကြည့်ရင်လည်း သရော်စာတစ်ပုဒ်ကြောင့် လွတ် လပ်ရေးရခဲ့တာ မဟုတ်သလို သရော်စာကြောင့် ဘာတော်လှန် ရေးမှ ဖြစ်ခဲ့တာမဟုတ်တဲ့အ တွက် မောင်ဗညားရေးတဲ့ သရော် စာကို မည်သည့်စိုးရိမ်ကြောင့်ကြ စိတ်မှမဝင်ဘဲ ပြုံး၍လည်း ဖတ် တော်မူပါ၊ ရယ်၍လည်း ဖတ် တော်မူပါလို့ ဆရာမ နုနုရည် အင်းဝစာသား အသုံးငှားကာ ကြိုတင်ပန်ကြားပါရစေ... ။

 ဖြစ်ပုံက သည်လိုပါ။ မောင်ဗညားတို့နိုင်ငံဟာ နှစ် ပေါင်းများစွာ ဆင်းရဲတွင်းနက်ခဲ့ တဲ့အတွက် အခုလို တိုင်းပြည် တည်ဆောက်ရေး ကြိုးပမ်းချိန်မှာ နိုင်ငံတကာအကူအညီတွေ မဖြစ် မနေရယူနေရပါတယ်။ မိုးလေ ဝသသတင်းထောက်လှမ်းဖို့ ရေဒါ တပ်တာကအစ မီးရထားလမ်းမှာ အချက်ပြမီးတပ်တဲ့အထိ နိုင်ငံ ခြားအကူအညီနဲ့ မလွတ်ပါဘူး။ စာပို့တာလည်း နိုင်ငံခြားအကူအ ညီ၊ ကြက်မွေး၊ ဝက်မွေးတာ လည်း နိုင်ငံခြားအကူအညီနဲ့ အ ကူအညီဗရပွဖြစ်နေတုန်းအချိန် မှာ မကြာမီက မောင်ဗညားနေ ထိုင်တဲ့ လှိုင်သာယာရွှေမြို့တော် ကိုလည်း နိုင်ငံခြားအကူအညီတစ် ခု ရောက်လာပါတယ်။ ရွှေမြို့ တော်လို့ ခေါ်ရခြင်းက ဧရာဝတီ တိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ် ဘက်က အလုပ်အကိုင်လာလုပ် ကြတဲ့ ရွှေ့ပြောင်း ရွှေနိုင်ငံသား တွေများလို့ပါ။ (ဤကား စကား ချပ်)

လှိုင်သာယာရွှေမြို့တော်ကို လာရောက်ကူညီတဲ့ နိုင်ငံခြားသားတွေကတော့ တောင်ကိုရီးယား နိုင်ငံ ဘူဆန်မြို့က အထူးကုဆရာ ဝန်တွေ ဖြစ်ပါတယ်။ ကလေး အထူးကု၊ သားဖွားမီးယပ်အထူးကု၊ သွားနှင့်ခံတွင်း၊ အရိုးအကြော၊ မျက်စိစတဲ့အထူးကုဆရာဝန်တွေက မေတ္တာရှေ့ထားကာ ရွှေမြို့တော်ဆေးရုံကြီးမှာ အခမဲ့ကုသပေးတာဖြစ်ပါတယ်။ ကုသပေးတဲ့ရက်ကလေးရက်တိတိဖြစ်ပါတယ်။

ဒီသတင်းကို တစ်ရက်ကြို တင်ရထားပေမယ့် မောင်ဗညား တို့ မိသားစုတွေ ကျန်းမာရေး ကောင်းကြတော့ သိပ်စိတ်မဝင် စားခဲ့ပါဘူး။ ဒါပေမဲ့ တစ်ရပ်ကွက် တည်းနေတဲ့ မောင်ဗညားဦးရီး တော်က မျက်စိမကောင်းဘူး ညည်းတွားနေကာ မျက်ကွင်းဆေးလေးနဲ့ စခန်းသွားနေတာ သတိရ တော့ ကိုရီးယားဆရာဝန်တွေ ရောက်တုန်း သွားပြဖို့လမ်းညွှန် လိုက်ပါတယ်။ မနက်ပိုင်းက ဆေးရုံသွားလိုက်တာ တန်းစီနေရလို့ နေ့လယ် ၁ နာရီလောက်မှ ပြန် လာပါတယ်။ ပြပြီးပြီတဲ့။ တိမ်ဖြစ် နေတာ အဆင့် (၂)ပဲရှိသေးလို့ မခွဲရသေးဘူးတဲ့။ အဆင့် (၅) ရောက်မှ ခွဲရမှာမို့ အခုပေးလိုက် တဲ့ မျက်စဉ်းဆေးနှစ်ဘူးကို အ ညွှန်းအတိုင်းထည့်ရင် မခွဲဘဲ ပြန်တောင်ကောင်း လာနိုင်ပါသတဲ့။ ဆေးဖိုးလည်း တစ်ပြားမှ မပေးရ ဖော်ရွေလိုက်တာကလည်းလွန် ရော။ အသက်ကြီးသူတွေကို ကိုရီး ယားဆရာ၊ ဆရာမလေးတွေက လက်အုပ်လေးချီကာ စကားပြော သတဲ့။

ဦးရီးတော်ရဲ့ နာရီပိုင်း လောက်ရခဲ့တဲ့ ကိုရီးယားအတွေ့ အကြုံကို နားထောင်နေသူတွေက မောင်ဗညားမိသားစုဝင်တွေပါ။ ဘာပြောကောင်းမလဲ... ။ အဲဒီည မှာ မောင်ဗညားကတော်ရဲ့ အံ သွားအခေါင်းပေါက်ဟာ တဆစ် ဆစ်နာပါတော့တယ်။ အဲဒီသွား ဟာ မဒမ်ဗညားကို ဒုက္ခပေးနေ တာ တစ်နှစ်လောက်ရှိပါပြီ။ သွား ကိုက်တိုင်း ပါရာစီတမောလ်လေး သောက်လိုက်၊ ရတနာထွန်းလေး သိပ်လိုက်နဲ့ ပျောက်သွားတာရှိ သလို သွားဆေးခန်းသွားရတဲ့အ ခါလည်း ရှိတာပေါ့။ တကယ်က နုတ်ပစ်မှ ပျောက်မယ့်အနာကို မနုတ်ဘဲ မွေးထားတာပါ။

နောက်တစ်နေ့မနက်မှာ တော့ မဒမ်ဗညားဟာ သူ့သွားဝေ ဒနာကို ကိုရီးယားဆရာဝန်ဆီပြဖို့ အဆိုတင်ပါတော့တယ်။ ယခင်ပြ နေကျ သွားဆရာဝန်က အိမ်ကနေ ကွမ်းတစ်ယာ ညက်လောက်အ ကြာ သွားရင်ရောက်ပါတယ်။ ဒါ ပေမဲ့ မဒမ်ဗညားပြောပေါက်က မြန်မာနိုင်ငံက ဆရာဝန်တွေနဲ့ သူ့သွားဝေဒနာဟာ ပျောက်မှာ မဟုတ်ဘူးတဲ့ခင်ဗျ။ အဆိုတင်တဲ့ နေရာမှာ အကြောင်းအရာခိုင်လုံ နေတော့လည်း အိမ်ထောင်ဦးစီး က အဆိုကိုခွင့်ပြုရတာပေါ့လေ။

မနက်စောစော ဘာဟင်းမှ မချက်ဘဲ ဆေးရုံထွက်သွားတဲ့အ တွက် အဲဒီနေ့မနက်က မောင်ဗညားဟာ သရော်စာရေးသောလက် သည် ဘဲဥကြော်တတ်ရမည်ဆို သည့် ရှေးစကားအတိုင်း မီးဖို ချောင်ထဲ ဝင်ခဲ့ရပါတော့တယ်။ နေ့လယ်ပိုင်းမှာ မဒမ်ဗညားဟာ သွားတုန်းကလိုမျက်နှာကြီး ရှုံ့မဲ့ မနေဘဲ ဝင်းပတဲ့သော်တာလဝန်း ကြီးသဖွယ် မျက်နှာမျိုးနဲ့ အိမ်ပြန် ရောက်လာပါတယ်။ ‘‘ဘယ့်နှယ် လဲ သက်သာရဲ့လား။ ဆရာဝန်က ဘာပြောသလဲ’’လို့ မောင်ဗညားက မေးတော့ မဒမ်ဗညားက ‘‘ယောက်ျားရယ်... ကိုရီးယား ဆရာဝန်လေးတွေများ ချောလိုက် တာ အသားလေးတွေကလည်း ဖြူဆွတ်နေတာပဲ။ တီဗီဇာတ်လမ်းထဲက မင်းသားလီမင်ဟိုတို့၊ ဆောင်းဂျွန်ကီတို့ကျနေတာပဲ။ ဆရာဝန်မလေးတွေကလည်း မင်း သမီးဆောင်းဟေကိုတို့၊ ပတ်ရှင်ဟေးတို့အတိုင်း ငယ်ငယ်ချော ချောလေးတွေ... ။ မိန်းမကိုကြည့် ပေးတဲ့ ဆရာဝန်လေးရဲ့အသား ဆို နူးညံ့လိုက်တာ... ။ အပြောအ ဆိုကလည်း ယဉ်ကျေးလိုက်တာ မပြောပါနဲ့။ ပေးလိုက်တဲ့သောက် ဆေးတွေကလည်း အများကြီး၊ သူ တို့နဲ့ တွေ့ရတာတင် သွားကိုက်က သက်သာနေပြီ’’လို့ဆိုပါတယ်။ မဒမ်ဗညားကိုကြည့်ရင်း တွေးမိ တာက နိုင်ငံရပ်ခြားကလာပြီး အခမဲ့ကုသပေးပေမယ့် တစ်ဦးကို တစ်ဦး ယဉ်ကျေးပျူငှာ ဆက်ဆံ ကြတဲ့အခါ မေတ္တာတရားဟာ ဆေးတစ်ပါးပါလားလို့ ပီတိပွား မိရပါတယ်။

မင်းသားလီမင်ဟို၊ ဆောင်း ဂျွန်ကီတို့နဲ့တူတဲ့ ကိုရီးယားဒေါက် တာလေးတွေကို စိတ်ကူးယဉ်နေ တဲ့ မဒမ်ဗညားရဲ့ အိပ်မက်တွေ ဟာ နောက်တစ်နေ့မှာ လေထဲ လွင့်ပါသွားပါတယ်။ အကြောင်း က မောင်ဗညားရဲ့ သမီးတော်၊ သားတော်များ ပညာရည်သောက် စို့နေတဲ့ အထကကျောင်းတော်မှာ ကျောင်းတော်သူ၊ ကျောင်းတော် သားများကို နိုင်ငံသားစိစစ်ရေး ကတ် လာရောက်ထုတ်ပေးခြင်း ကြောင့်ပါ။

မဒမ်ဗညားဟာ သူ့ကလေး တွေ ခေါ်သွားပြီး သွေးစစ်ရ၊ ရပ် ကွက်ရုံးမှာ ထောက်ခံစာယူရ၊ မိတ္တူကူးရနဲ့ အလုပ်ရှုပ်သွားပါ တယ်။ မောင်ဗညားကတော့ သူ့ ရဲ့ ကိုရီးယားအိပ်မက်ကလေး ပျက်သွားလို့ ဝမ်းသာစွာနဲ့ပေါ့။ ဒါပေမဲ့ မောင်ဗညားကြာကြာဝမ်း မသာနိုင်လိုက်ပါဘူး။ မဒမ်ဗညား က ကျောင်းတော်က ဒိဗ္ဗသောတ ဓာတ်ခွက်နဲ့ ‘‘ခုချက်ချင်း အမ်ပီတီ တစ်ထောင်ကတ် နှစ်ကတ်ဝယ် ပို့’’ဆိုလို့ ငွေဖြည့်ကတ်လေးဝယ် ကာ ကျောင်းတော်ကို အပြေးသွားလိုက်ရပါတယ်။ လမ်းသွားရင်း စဉ်းစားမိတာက မဒမ်ဗညားဟာ တယ်လီနော ဓာတ်ခွက်ကို အသုံး ပြုသူပါ။ ဘဇာကြောင့် အမ်ပီတီ ဝယ်ခိုင်းရသလဲပေါ့။

ကျောင်းတော်ကိုရောက်တဲ့ အခါမှာတော့ ကျောင်းသားမိဘ တွေဟာ အမ်ပီတီ၊ တယ်လီနော၊အူရီးဒူး စတဲ့ဖုန်းငွေဖြည့်ကတ် လေးတွေကိုင်ကာ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးတဲ့နေရာမှာ တန်းစီ နေကြပါတယ်။ စိစစ်ရေးကတ် ထုတ်ပေးတဲ့သူတွေကို ငွေဖြည့် ကတ်ပေးရပါတယ်တဲ့။ ဘဇာ ကြောင့်လဲဆိုတော့ မရှင်းလင်းတဲ့ အချက်အလက်တွေကို ယခင်နေ ထိုင်ခဲ့တဲ့ ရုံးတော်ကို လှမ်းမေးရ တဲ့အတွက်ပါတဲ့။ မောင်ဗညား မိသားစုဟာ ယခင်နေထိုင်ရာမြို့ က လဝကရုံးကနေ တရားဝင် ထွက်ခွာခဲ့ပြီး ယခုနေတဲ့ မြို့မှာ အိမ်ထောင်စုစာရင်း တရားဝင် လုပ်ပြီးသားပါ။ ဘာမှ မေးစရာ မလိုပါဘူး။ သို့သော်လည်း အမ် ပီတီတစ်ထောင်တစ်ကတ်ပါ။ ယခင်နေခဲ့တဲ့ အရပ်တွေက ဝေး လွန်းရင် နှစ်ကတ်၊ သုံးကတ်ပေး ရပါသတဲ့။

မောင်ဗညားမရှင်းတာက အစိုးရဌာနတစ်ခုအနေနဲ့ သတင်း အချက်အလက်စုံစမ်းရာမှာ ကုန်ကျငွေကို အစိုးရဘတ်ဂျက်မသုံး ဘဲ ပြည်သူပြည်သားထံမှ ကောက်ခံခွင့်ရှိသလား ဆိုတာပါပဲ။ မောင်ဗညားတို့က အချက်အ လက် စာရွက်စာတမ်းပြည့်စုံလို့ တော်ပါသေးတယ်။ တချို့ ကျောင်းသားမိဘတွေဆိုရင် ယာ ယီနေထိုင်ခွင့် စာရွက်တွေ။ နိုင်ငံ သားကတ်တွေကလည်း ၂၀၁၀ ရွေးကောက်ပွဲ မဲပေးဖို့ထုတ်ပေး ထားတဲ့ သုံးခေါက်ချိုးကတ်တွေ ဖြစ်နေလို့ ဓာတ်ပုံခ၊ သွေးစစ်ခ၊ ထောက်ခံစာခ၊ မိတ္တူဆွဲခတွေကုန်ပြီးတဲ့အပြင် ငွေဖြည့်ကတ်ဖိုး ပါ ထပ်ကုန်သော်လည်း ကလေးအတွက် စိစစ်ရေးကတ်မရကာတောက်တခေါက်ခေါက်နဲ့ ပြန်သွားရကြတဲ့ အဖြစ်တွေရောက်ပါ တော့တယ်။

ဩော်... ပင်လယ်ရပ်ခြား တောင်ကိုရီးယားက ဆရာဝန် တွေက ပီတိကိုစားကာ မြန်မာ နိုင်ငံသားများ ကျန်းမာရေးစောင့် ရှောက်မှုပေးနေချိန်မှာ ကိုယ့်နိုင်ငံ သားတွေက နိုင်ငံသားအချင်းချင်း အပေါ် ဘာကြောင့် ပီတိမစားနိုင် ရတာလဲလို့ မောင်ဗညားတွေးမိပါ တယ်။ သည်မိုး၊ သည်လေ၊ သည် လူတွေနဲ့ဆိုရင်ဖြင့် တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးအရသာကို ပြည် သူတွေရရှိမှာ မဟုတ်သလို ဒီလို ကဖျက်ယဖျက်လုပ်နေသူတွေအ နေနဲ့လည်း ပြည်သူ့မေတ္တာကိုမရ ဘဲ ဖေ့စ်ဘွတ်ခ်စကားအသုံးငှား ကာ ဟဟပဲ ရမယ်လေလို့ မောင်ဗညားဆိုလိုက်ပါရစေ... ။

(ဖော်ပြပါဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News