ကချင်နှင့် ချင်းပြည်နယ်ရှိ စာသင်ကျောင်းလေးရာကျော်သို့ ကလေးစာပေများ လှူဒါန်းမည်

(ဓာတ်ပုံ − အောင်ကျော်ဇင်)

 စိတ်ကူးချိုချိုစာအုပ် တိုက်က ကချင်ပြည်နယ်နှင့် ချင်း ပြည်နယ်ရှိ အခြေခံပညာကျောင်း ၄၀၀ ကျော်သို့ ကလေးစာအုပ်စာ ပေများ လှူဒါန်းမည်ဟု ယင်းစာ အုပ်တိုက် စီမံခန့်ခွဲရေး မန်နေဂျာ ဒေါ်ခိုင်မြင့်မြတ်က ပြောသည်။

စိတ်ကူးချိုချို စာအုပ်တိုက် (၁၈)နှစ်ပြည့် အထိမ်းအမှတ်အ နေဖြင့် ကချင်ပြည်နယ်နှင့် ချင်း ပြည်နယ်ရှိ အခြေခံပညာကျောင်း တစ်ကျောင်းလျှင် ကာလတန်ဖိုး ငါးသိန်းကျပ်ရှိ ကလေးစာအုပ် စာပေများကို ကျောင်း ၄၀၀ ကျော်သို့ ၂၀၁၇ သြဂုတ်လအကုန်ပိုင်း၌စတင် လှူဒါန်းမည်ဟု ၎င်းကပြောသည်။

ယင်းဒေသများရှိ အခြေခံ ပညာကျောင်းများသို့ ကလေးစာ အုပ်စာပေများ လှူဒါန်းရာတွင် လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်သော ကျောင်းများသို့ တိုက် ရိုက်လှူဒါန်းမည်ဖြစ်ပြီး သွားလာ ရေးအခက်အခဲရှိသည့် ကျောင်း များအတွက် မြို့နယ်နှင့် ခရိုင် ပညာရေးမှူးရုံးများမှ တစ်ဆင့်လှူဒါန်းမည်ဟု စိတ်ကူးချိုချိုစာ အုပ်တိုက်နှင့် ပူးပေါင်းဆောင်ရွက်မည့် Dawn Action on Women's Network  ညွှန်ကြားရေးမှူးဒေါ်လုလုဆန်က ပြောသည်။

‘‘အခုနောက်ပိုင်း ကလေး တွေက ကျောင်းစာတွေပဲ လုပ်နေ ရပြီး ကျန်တဲ့ဗဟုသုတရသစာပေ တွေဖတ်တာ နည်းလာတယ်။ အခုလှူဒါန်းတဲ့အထဲမှာ ကလေးတွေနဲ့ပတ်သက်တဲ့ ဗဟုသုတရ တဲ့ စာအုပ်တွေပါမယ်။ ကလေး တွေအတွက် ဗဟုသုတတွေ ကြွယ်ဝလာပြီး အနာဂတ်မှာ စဉ်း စားတွေးခေါ်နိုင်တဲ့ ကလေးတွေ ဖြစ်လာမယ်လို့ ယူဆပါတယ်’’ဟု ဒေါ်လုလုဆန်က ပြောသည်။

စိတ်ကူးချိုချိုစာအုပ်တိုက်အနေဖြင့် နှစ်စဉ် စာကြည့်တိုက်များသို့ စာအုပ်စာပေများ လှူဒါန်းလေ့ရှိသော်လည်း ယခုနှစ်တွင် အခြေခံ ပညာကျောင်းများသို့ ကလေးစာပေများ လှူဒါန်းရန် စာအုပ်တိုက် ပိုင်ရှင်နှင့် ၀န်ထမ်းများက၀ိုင်းဝန်း အကြံပြုချက်ဖြင့် ဆုံးဖြတ် ဆောင်ရွက်ခဲ့ကြောင်း ဒေါ်ခိုင်မြင့်မြတ်က ပြောသည်။

ယခုကဲ့သို့ အခြေခံပညာ ကျောင်းများသို့ လှူဒါန်းရာ၌ ချင်းပြည်နယ်တွင် တီးတိန်မြို့နှင့် တွန်းဇံမြို့၊ ကချင်ပြည်နယ်တွင် ၀ိုင်းမော်မြို့၊ မြစ်ကြီးနားမြို့၊ တနိုင်းဒေသ၊ ချီဖွေဒေသနှင့် ဆော့လော်ဒေသများရှိ ကျောင်း ၄၅၂ ကျောင်းသို့ လှူဒါန်းရန် စာရင်းပြုစုထားကြောင်း အဆိုပါ စာအုပ်တိုက်မှ ရရှိသည့်စာရင်းအရသိရသည်။

Top News