အီရန်နိုင်ငံဖွား သင်္ချာပညာပါရမီရှင် မာရမ်မီယာဇာခါနီ ရင်သားကင်ဆာဖြင့် ကွယ်လွန်

(The Seoul ICM 2014 / STR/ AFP)

သင်္ချာပညာရှင်တစ် ဦးအတွက် အမြင့်ဆုံးဆုတံဆိပ် ဖြစ်သော ဖီးလ်စ်ဆုတံဆိပ်ကို ပထမဆုံးဆွတ်ခူးနိုင်ခဲ့သည့် အ မျိုးသမီးသင်္ချာပညာရှင် မာရမ်မီ ယာဇာခါနီသည် ရင်သားကင်ဆာ ရောဂါဖြင့် အမေရိကန်ရှိ ဆေးရုံ တစ်ခုတွင် ဇူလိုင် ၁၅ ရက်က ကွယ်လွန်ခဲ့သည်။

အီရန်နိုင်ငံဖွား မီယာဇာခါနီ(၄၀)နှစ် သေဆုံးကြောင်း ၎င်း၏ သူငယ်ချင်းဖြစ်သူ နာဆာရှိ နေ စကြဝဠာအဖွဲ့အစည်းစူးစမ်းလေ့ လာရေးဌာန ညွှန်ကြားရေးမှူး ဟောင်း နာဒီရီက အင်စတာဂရမ် တွင် ကြေညာခဲ့သည်။


‘‘အလင်းစတစ်စ ဒီနေ့ချုပ်ငြိမ်းသွားပါတယ်။ ဒါက ကျွန် တော့်နှလုံးသားကို ကွဲကြေစေပါ တယ်‘’ဟု နာဒီရီက အင်စတာ ဂရမ်တွင် ရေးသားသည်။

ကယ်လီဖိုးနီးယားပြည်နယ် ရှိ စတန်းဖို့ဒ်တက္ကသိုလ်ပါမောက္ခ မီယာဇာခါနီသည် ရိုးတွင်းခြင်ဆီ များအထိ ကူးစက်ပျံ့နှံ့ခဲ့သည့် ရင်သားကင်ဆာဝေဒနာကို လေး နှစ်ကြာ ရင်ဆိုင်ခဲ့ပြီးနောက် ကွယ်လွန်သွားကြောင်း အီရန်မီဒီယာ တစ်ခုက ဖော်ပြသည်။

နိုင်ငံတကာ သင်္ချာပညာရှင် များ ညီလာခံက ချီးမြှင့်သည့် ဖီးလ်စ်ဆုတံဆိပ်ကို မီယာဇာခါနီ သည် ၂၀၁၄ က ဆွတ်ခူးခဲ့သည်။

သင်္ချာနိုဗယ်ဆုနှင့် တန်းတူ သော ယင်းဆုကို လေးနှစ်တစ် ကြိမ် ပေးအပ်လေ့ရှိပြီး အသက် (၄၀)နှစ်အောက် သင်္ချာပညာရှင် နှစ်ဦးမှ လေးဦးအထိ ချီးမြှင့်ခြင်း ဖြစ်သည်။

၁၉၇၇ က မွေးဖွားခဲ့ပြီး တီဟီရန်မြို့၌ ကြီးပြင်းခဲ့သူ မီယာဇာခါနီ ကွယ်လွန်မှုသည် အကြီး အကျယ်ဝမ်းနည်းပူဆွေးမှုဖြစ်စေ ကြောင်း အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီက ပြောကြားကြောင်း နိုင်ငံပိုင်သတင်းမီဒီယာက အစီ ရင်ခံတင်ပြခဲ့သည်။

 အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ်က လည်း ၎င်းသေဆုံးမှုသည် အီရန် နိုင်ငံသားအားလုံးအတွက် ဝမ်း နည်းဖွယ်ရာဖြစ်ကြောင်း အင်စ တာဂရမ်၌ ရေးသားခဲ့သည်။

မီယာဇာခါနီ သေဆုံးချိန် တွင် ခင်ပွန်းဖြစ်သူ ချက်လူမျိုး သိပ္ပံပညာရှင် ဂျန်ဗွန့်ဒ်ရက်ခ်နှင့် သမီးတစ်ဦး ကျန်ရစ်ခဲ့သည်။

—Ref:Reuters/BBC

Top News