စစ်ကိုင်းတိုင်းအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် လယ်ယာမြေဧက တစ်သောင်းခြောက်ထောင်ကျော် ပျက်စီး

မုံရွာမြို့နယ် ညောင်ဖြူပင်ကျေးရွာတွင် ချင်းတွင်းမြစ်ရေဝင်ရောက်နေစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

စစ်ကိုင်းတိုင်းအတွင်း မိုး သည်းထန်စွာ ရွာသွန်း၍ ရေကြီး နစ်မြုပ်မှုကြောင့် လယ်ယာမြေဧ က ၁၆,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအ ရာရှိ ဒေါက်တာတင်မာမာဦးက ပြောသည်။

ယခုနှစ် မေလမှ ဇူလိုင်အထိ သုံးလအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းနှင့် ချင်းတွင်းမြစ် ရေမြင့်တက်ခြင်းတို့ကြောင့် ဇူလိုင် ၁၄ ရက်အထိ မြို့နယ် ၁၃ ခုတွင် လယ်ယာမြေဧက တစ်သောင်းခြောက်ထောင်ကျော် (၁၆,၀၇၆ ဧက)ရေကြီးနစ်မြုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘မေ၊ ဇွန်၊ ဇူလိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းလို့ လယ် ယာမြေ ရေကြီးနစ်မြုပ်တာ ရှိ တယ်။ ချင်းတွင်းမြစ်ရေကြီးလို့ ခန္တီးခရိုင်၊ မော်လိုက်ခရိုင်၊ ကလေး ခရိုင်၊ ယင်းမာပင်ခရိုင်တွေမှာ လယ်ယာမြေတွေ ရေမြုပ်နေတာ ရှိတယ်။ ရေဝင်တိုင်း ပျက်စီးတာ တော့ မဟုတ်ဘူး။ ပြန်ပေါ်တဲ့အ ခါ အထွက်လျော့တာရှိသလို လုံး ဝပျက်တာလည်း ရှိတယ်။ ထိခိုက်ပျက်စီးသွားတဲ့ သီးနှံတွေအတွက်ထောက်ပံ့ကြေးပေးဖို့တော့စီစဉ် ထားတယ်’’ဟု ဒေါက်တာတင်မာ မာဦးက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း ယခု နှစ်မိုးရာသီတွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးနစ်မြုပ်မှုကြောင့် ဇူလိုင် ၁၄ ရက်အထိ ရေမြုပ် ၁၉,၆၆၁ ဧကရှိပြီး ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ရေမြုပ် ၂,၁၂၈ ဧကရှိကြောင်း ၎င်းက ပြောသည်။