ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ စူပါမားကက်နှင့် ကစားကွင်းနေရာကို ဖယ်ရှားပေးရန် ဗိုလ်ချုပ်ချစ်သူများအဖွဲ့က မြို့တော်ဝန်ထံ တောင်းဆို

မြောက်ဥက္ကလာပ ကန်သာယာပန်းခြံတွင် ဇူလိုင် ၁၆ ရက်နံနက်က ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုဖွင့်ပွဲ ကျင်းပနေစဉ်(ဓာတ်ပုံ−စိုင်းဇော်)

 မြောက်ဥက္ကလာပမြို့ နယ်တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်နှင့် ရင်ပြင်အနီးရှိ စူပါ မားကက်နှင့် ကစားကွင်းနေရာကို ဖယ်ပေးရန် ဗိုလ်ချုပ်ချစ်သူများအ ဖွဲ့က ရန်ကုန်မြို့တော်ဝန်ထံ တောင်းဆိုခဲ့သည်။

 မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံတွင် ဇူလိုင် ၁၆ ရက် နံနက် ၁၀ နာရီခန့်က ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေး ရုပ်နှင့် ရင်ပြင်နီဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်ချစ်သူများအ ဖွဲ့က ရန်ကုန်မြို့တော်ဝန်ဦးမောင် မောင်စိုးထံ တောင်းဆိုခဲ့သည်။


ကန်သာယာပန်းခြံရှိ အဆို ပါ ကြေးရုပ်ကို ၁၉၈၉ တွင်တည် ဆောက်ခဲ့ပြီး ယခင်အစိုးရလက် ထက် ၂၀၁၄ တွင် ပန်းခြံနံဘေး၌ Fan Valley ကစားကွင်းနှင့် စူပါမားကက်များကို Natural Worldလုပ်ငန်းက တည်ဆောက်ခဲ့သည်။ ဗိုလ်ချုပ်ချစ်သူများအဖွဲ့က အဆိုပါ ကစားကွင်းများနှင့် စူပါမားကက်တို့ကြောင့် ဗိုလ်ချုပ်ကြေး ရုပ်သည် မှေးမှိန်နေပြီး ကစားကွင်းဧရိယာ ၉ ဒသမ ၈ ဧကရှိ ကြေးရုပ်နှင့် ရင်ပြင်နီကို ပြည်သူများလွတ်လပ်စွာ ဂါရ၀ပြုနိုင်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ချစ်သူ များအဖွဲ့ဝင်များက ပြောသည်။

 ‘‘ပန်းခြံဟာ ပန်းခြံနဲ့မတူဘဲ စီးပွားရေးကုန်တိုက်ကြီးတွေ လာ ပြီးတည်ဆောက်ထားတယ်။ ဒီ နေရာတွေကို ဘယ်အပိုင်းကိုမှ၊ဘယ်စီးပွားရေးလက်ထဲကိုမှ မပေးပါဘူး။ ဗိုလ်ချုပ်နဲ့အပြိုင် ဖြစ်ပေါ်နေတဲ့ ကုန်တိုက်ကြီးတွေ ဟာ ဗိုလ်ချုပ်ရဲ့ ဂုဏ်သိက္ခာတွေ Public Area နဲ့အတူ ညှိုးနွမ်းစေ တယ်’’ဟု မြောက်ဥက္ကလာပမြို့ နယ် ဗိုလ်ချုပ်ချစ်သူများအဖွဲ့မှဦးသန်းအောင်က ပြောသည်။

မြို့တော်ဝန်ဦးမောင်မောင် စိုးက ပြည်သူအများ ဆန္ဒရှိသည် ဆိုလျှင် ဗိုလ်ချုပ်ကြေးရုပ်နေရာ အတွက် အဆင်ပြေအောင်လုပ် ဆောင်ပေးမည်ဟု ကတိခံခဲ့သည်။

Natural World ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ကစားကွင်း စတင်တည်ဆောက်စဉ်က ဗိုလ်ချုပ်ကြေးရုပ်တည်ရှိနေ၍ ကန့် ကွက်မှုများ ကြုံတွေ့ခဲ့ရပြီး ဥပ ဒေအတိုင်းသာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း 7Day Daily သတင်း စာအား ပြောသည်။

သို့သော် ပန်းခြံအတွင်း က စားကွင်းနှင့် စူပါမားကက်ရှိနေ ခြင်းသည် ပန်းခြံအတွက် အပန်းဖြေစရာပိုဖြစ်မည်ထင်ပြီး မြင်းစီးဗိုလ်ချုပ်ကြေးရုပ်ပါ အတူရှိနေခြင်းကလည်းအဆင်ပြေကြောင်း မြောက်ဥက္ကလာပမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ဦးဝေ လွင်ထွန်းက ပြောသည်။

 ‘‘ပန်းခြံထဲသတ်သတ်စီနဲ့ အားလုံးရှိနေတော့ ပိုကောင်းတာ ပေါ့ဗျာ။ အခုဆို အဲဒီနေရာမှာ ရုပ်ရှင်လည်းကြည့်လို့ရတယ်။ အစားအသောက်လည်း ရတယ်။ ဗိုလ်ချုပ်အရုပ်ကြီးပါ တစ်ပါတည်းရှိနေတော့ ပိုကောင်းတာပေါ့။ ပန်းခြံသတ်သတ်ဆိုလည်း ဘယ်သူမှ သွားမှာ မဟုတ်ဘူး’’ဟု ဦးဝေလွင် ထွန်းက ပြောသည်။