အခြေခံလူတန်းစားကို အမြဲထောက်ပံ့လှူဒါန်းခဲ့သော စိုးလျှပ်စစ်ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးတင့် ကွယ်လွန်

အလှူငွေများလက်ခံရရှိသူအချို့က ဦးစိုးတင့်အား ကန်တော့နေကြစဉ်

 အနှေးယာဉ်လုပ်သားများ၊ ကုန်စိမ်းသည်များနှင့် အခြေခံလူတန်းစားများကို မကြာခဏ လှူဒါန်းသည့် စိုးလျှပ်စစ်ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးတင့်သည် ဇူလိုင် ၁၆ ရက် နံနက်က ကွယ် လွန်ခဲ့သည်။

စိုးလျှပ်စစ်ဖောင်ဒေးရှင်းနှင့် ပျဉ်းမနားမြို့ အေးငြိမ်းချမ်းသာ ဘိုးဘွားရိပ်သာ တည်ထောင်သူ ဦးစိုးတင့်သည် အသက်(၆၃)နှစ် အရွယ်ရှိကာ နေပြည်တော်ရှိ ခုတင် ၁,၀၀၀ စစ်ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။


‘‘သူ့ရဲ့ရောဂါက ဘယ်လိုလဲ ဆိုတော့ ခန္ဓာကိုယ်မှာရှိတဲ့ ကလီ စာတွေကို ထိန်းထားတဲ့ ကြွက် သားမှန်သမျှက တဖြည်းဖြည်းနဲ့ သေးသိမ်ပြီးတော့ ပျောက်သွား တာပေါ့။ ဥပမာ- အဆုတ်ကိုထိန်းတဲ့ ကြွက်သားက သေးသွားပြီး တော့ အဆုတ်အလုပ်ကို အ ထောက်အကူမပြုတော့ဘူးပေါ့။ အဆုတ်က အလုပ်မလုပ်တော့လို့ ချွဲတွေကျပ်လာတဲ့အခါ လေပြွန် ကနေ ပြန်ထုတ်မယ်ဆိုရင်လည်း လေပြွန်မှာရှိတဲ့ ကြွက်သားတွေရဲ့ အားနည်းချက်နဲ့ အလုပ်မလုပ်နိုင် ဘူး။ အဲဒီတော့ ကျွန်တော်တို့က ဆုံးသွားတဲ့အချိန်အထိကို ချွဲတွေ များလာရင် စုပ်ထုတ်ရတာမျိုးကို ကုသပေးတာလောက်ပဲ ဆေးရုံ က လုပ်ပေးရပါတယ်။ အဓိကက တော့ ALF လို့ခေါ်တဲ့ ကြွက်သား တွေ ပျက်စီးဆုံးရှုံးတဲ့ရောဂါ ကြောင့် ဆုံးသွားခြင်းဖြစ်ပါတယ်’’ ဟု စိုးလျှပ်စစ်ဖောင်ဒေးရှင်း အမှု ဆောင်အဖွဲ့ဝင် ဦးကြိုင်ထွန်းက ပြောသည်။

ပျဉ်းမနားမြို့ရှိ ကျောင်း တည်ဆောက်ရေး လုပ်ငန်းများ၊ ဓမ္မာရုံတည်ဆောက်ရေးနှင့် အ ခြားလုပ်ဆောင်နေသည့် လုပ်ငန်း များအားလုံးကို ဦးစိုးတင့် မကွယ် လွန်မီက ကတိပြုထားသည့်အ တိုင်း ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေအားလုံးကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နေမှာပါ။ မရပ်သွားပါဘူး’’ဟု စိုးလျှပ်စစ် ဖောင်ဒေးရှင်း အတွင်းရေးမှူး  ဦးအောင်မြင့်ထွန်းကပြောသည်။

ဦးစိုးတင့် ယခုကဲ့သို့ ဆုံးပါး ခြင်းသည် ပျဉ်းမနားမြို့အတွက် အဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုတစ် ခုဖြစ်ကြောင်း မျှဝေသော လက် များပရဟိတအသင်း အမှုဆောင်ကော်မတီဝင် ကိုကျော်သူရက ပြောသည်။

ဦးစိုးတင့်သည် မကွယ်လွန် မီက ပျဉ်းမနားမြို့တွင် မြောက် မြားစွာသော အလှူအတန်းများ ပြုလုပ်ခဲ့သည်။ ဈေးသည်များ၊ အနှေးယာဉ်လုပ်သားများရှိရာနေရာများတွင် သူကိုယ်တိုင်လိုက်လံ ဦးစီးပြီး ရာနှင့်ချီသော လူများအား ကျပ်သိန်းဂဏန်းဖြင့် တစ်ဦးချင်းစီ ပေးအပ်လှူဒါန်းခဲ့သည်။

 ထို့အပြင် ဦးစိုးတင့်သည် ပျဉ်းမနားမြို့နယ်ရှိ ခေါင်းရွက် ဗျပ်ထိုးဈေးသည်များ၊ အနှေး ယာဉ်လုပ်သားများအား ကျန်းမာ ရေး၊ ပညာရေးနှင့် စီးပွားရေးအ တွက် ကူညီထောက်ပံ့နေသူဖြစ် သည်။

လက်ရှိတွင် အေးငြိမ်းချမ်း သာ ဘိုးဘွားရိပ်သာအတွင်း ဦးစိုးတင့်၏ ရုပ်အလောင်းကို ထားရှိပြီး ဇူလိုင် ၁၈ ရက်၊ အင်္ဂါ နေ့ နေ့လယ် ၂ နာရီ၌ ကွေ့ကြီး သုသာန်သို့ ပို့ဆောင်ကာ မီး သင်္ဂြိုဟ်မည်ဖြစ်သည်။

More in News Section