■ အားကစားသတင်းတိုများ

ဆီနီဂေါနိုင်ငံ၏မြို့တော် ဒါကာ၌ စတာဒီအမ်ဘော နှင့် ယူနီယမ် စပေါ့တစ်အိုအာကမ်အသင်းတို့၏ လိဂ်ဖလားဗိုလ်လုပွဲအပြီးတွင် ဒမ်ဘာဒီဟော့ဘောလုံးကွင်း ၌ ပရိသတ်များကြား အကြမ်းဖက်မှုဖြစ်ပွားကာ နံရံတစ်ခုပြိုကျပြီး လူရှစ်ဦးသေဆုံးကာ ၄၉ ဦး ဒဏ်ရာရရှိသည်။
 

စပါးမှ အာဂျင်တီးနားနောက်ခံလူ ဖက်ဒရီကို ဖာဇီယို(၂၇)နှစ်ကို အပြီးသတ်ခေါ်ယူရန် ရိုးမားက သဘောတူ ကြောင်း ကြေညာသော်လည်း ပြောင်းရွှေ့ကြေးကိုမူ မ ဖော်ပြပေ။

ကွန်ဂိုတိုက်စစ်မှူး စီဒရစ်ဘာကမ်ဘူကို ဗီလာရီးရဲလ် က ၂၀၂၂ အထိ စာချုပ်သက်တမ်းတိုးသည်။ ဘာကမ် ဘူကိုခေါ်ယူရန် အသင်းများစွာက ကြိုးပမ်းခဲ့ပြီးနောက် ၂၀၂၂ တွင် သက်တမ်းကုန်မည့် လက်ရှိစာချုပ်ကို ဗီလာရီးရဲလ်က နောက်ထပ် ၂ နှစ်သက်တမ်းတိုးခြင်းဖြစ် သည်။

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုကို မန်ယူသို့ခေါ်ယူရန် မှာ မဖြစ်နိုင်သော အလုပ်တစ်ခုဖြစ်သည်ဟု မန်ယူနည်း ပြမော်ရင်ဟိုက ပြောသည်။

မိုနာကိုမှ ပေါင်သန်း ၄၀ ဖြင့် ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူထားသော ကွင်းလယ်လူ ဘာဘာယိုကို ချယ်လ်ဆီးကနံပါတ် (၁၄) အင်္ကျီ ၀တ်ဆင်စေမည်ဖြစ်သည်။

အစ္စတန်ဘူလ် ဘာဆက်ဆီယာအသင်းမှ တူရကီကြယ်ပွင့် ဆန်ဂဇ်အန်ဒါ (၂၀) နှစ်ကို ရိုးမားက ယူရို ၁၅သန်းပေး၍ ငါးနှစ်စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူသည်။

More in Videos Section