မုန်တိုင်းငယ်နှစ်လုံးကို သတိထားရန် ပညာရှင်များ သတိပေး

 တောင်တရုတ်ပင်လယ်မှ Talas အပူပိုင်းမုန်တိုင်းသည် ဇူလိုင် ၁၈ ရက်တွင် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ပြီး ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်း ရပ်ဝန်းလည်း မုန်တိုင်းငယ်ဖြစ်လာနိုင်ကြောင်း ဒေါက်တာထွန်း လွင်က သတင်းထုတ်ပြန်ထားသည်။

 Talas အပူပိုင်းမုန်တိုင်း သည် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ဒေသကို ဇူလိုင် ၁၆ ရက် နေ့လယ် တွင် ဖြတ်ကျော်နေသည်။ ဗီယက် နမ်နိုင်ငံတွင် ကုန်းတွင်းမုန်တိုင်း အဖြစ် ဆက်လက်တည်ရှိနေကာ ရှမ်းပြည်နယ်ပါဝင်သည့် မြန်မာ နိုင်ငံ အရှေ့ပိုင်းဒေသများသို့ ဦးတည်ရွေ့လျားလာနိုင်ကြောင်း ၎င်းကရှင်းပြသည်။

‘‘ဇူလိုင် ၁၈ ရက်နဲ့ ၁၉ ရက် မှာ ကုန်းတွင်းမုန်တိုင်းအဖြစ်နဲ့ မြန်မာပြည်ဘက်ကို ဝင်လာနိုင် တယ်။ အဲဒီလိုဝင်လာရင် ဘင်္ဂ လားပင်လယ်အော်က လေဖိအား နည်းရပ်ဝန်းလည်း ပိုအားကောင်းလာပြီး မုန်တိုင်းငယ်ဖြစ်လာနိုင် တယ်။ ဒီရက်တွေမှာ ရှမ်းပြည် နယ်အပါအဝင် မြန်မာနိုင်ငံ အ လယ်ပိုင်းဒေသတွေ မိုးနဲ့လေသတိထားရမယ်’’ ဟု ဒေါက်တာ ထွန်းလွင်က သတိပေးသည်။

 Talas အပူပိုင်းမုန်တိုင်း သည် ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်စဉ် ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်း အောက်ပိုင်းဒေသများတွင် လေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ ခန့် တိုက်ခတ်နိုင်ကာ နေရာကွက် မိုးကောင်းနိုင်ကြောင်း ဒေါက်တာ ထွန်းလွင်ကဆိုသည်။

 ဘင်္ဂလားပင်လယ်အော် တွင် ဇူလိုင် ၁၅ ရက်က စတင်ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ် ဝန်းသည်လည်း ပိုမိုအားကောင်းလာနေကာ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်း(မြောက်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကလည်း လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ် ဖြစ်လာနိုင်ကြောင်း သတိပေးသည်။

လတ်တလော ရာသီဥတုအ အခြေအနေအရ Talas အပူပိုင်း မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင် ငံ အလယ်ပိုင်းဒေသများ မိုးနှင့် လေပြင်းအန္တရာယ် သတိပြုရန်လို ပြီး ဘင်္ဂဘားပင်လယ်အော်မှအားကောင်းနေသော လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့်လည်း ဧရာဝတီတိုင်းဒေသကြီး အပါအဝင် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသများ၌ နေရာကွက် မိုးကြီးနိုင်ကြောင်း ၎င်းတို့က သတိ ပေးသည်။

လက်ရှိတွင် ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ ဝင်ရောက်နေ၍ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် ဒေသခံလူဦးရေ ငါးသောင်းကျော် ရေဘေးရင်ဆိုင်နေရသည်။