အာဇာနည်နေ့တွင် စမ်းချောင်းမြို့နယ်ဝန်းကျင်၌ အမှိုက်ကောက်လှုပ်ရှားမှုပြုလုပ်မည်

ရွှေတိဂုံစေတီဝန်းကျင်တွင် အမှိုက်ကောက်လှုပ်ရှားမှုပြုလုပ်သူများကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))

ပရဟိတအဖွဲ့ ၄၀ ကျော် နှင့် ရန်ကုန်စည်ပင်တို့ ပူးပေါင်း လုပ်ဆောင်မည့် Clean Yangon Campaign (မြို့တော်သန့်ရှင်းလှ ပဖို့ အားလုံးပူးပေါင်းပါဝင်စို့) အ မှိုက်ကောက်လှုပ်ရှားမှုကို အာဇာ နည်နေ့တွင် စမ်းချောင်းမြို့နယ်ဝန်းကျင်၌ ပြုလုပ်မည်ဟု သတင်းရရှိသည်။

အမှိုက်ကောက်လှုပ်ရှားမှု ကို ဇူလိုင် ၁၉ ရက် ညနေ ၃ နာရီတွင် ရန်ကုန်စည်ပင်နှင့် ပရဟိတအဖွဲ့ ၄၀ ကျော်မှ အဖွဲ့ခွဲကာ ပြည်လမ်းပြည်ဂါးဒင်းရှေ့က စတင်၍ ဦးဝိစာရလမ်း၊ ဗားကရာလမ်း၊ ဓမ္မစေတီလမ်း စသည့်နေရာများရှိ စွန့်ပစ်အမှိုက်များကို သိမ်းဆည်းကာ အမှိုက်မစွန့်ပစ်စေရေးပညာ ပေးလှုပ်ရှားမှုကို လုပ်ဆောင်မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်က ပြောသည်။

Clean Yangon Campaign ကို ပြည်သူများ စွန့်ပစ်အမှိုက်များနှင့်ပတ်သက်၍ စနစ်တကျ စွန့်ပစ်စေရန်နှင့် အမှိုက်ကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်လာမှုများကို သိရှိလာစေရန် ပညာပေး စည်းရုံးလှုပ်ရှားမှု ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

အမှိုက်ကောက် လှုပ်ရှားမှု ကို တစ်လတစ်ကြိမ် မတူညီသော နေရာများတွင် ဆောင်ရွက်မည်ဖြစ်ပြီး အမှိုက်ကောက်ခြင်းအပြင် အမှိုက်မပစ်ရေး ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး အသိပညာပေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးဇော်ဝင်းနိုင်က ပြောသည်။

Clean Yangon Campaign ကို တတိယအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ပထမအကြိမ်ကို ကဆုန်လပြည့်နေ့၌ ရွှေတိဂုံစေတီ ဝန်းကျင်နှင့် ဒုတိယအကြိမ်ကို ဇွန်လတွင် မဟာဗန္ဓုလပန်းခြံ မြို့တော်ခန်းမရှေ့ ဝန်းကျင်၌ ပြုလုပ်ခဲ့သည်။

More in News Section