ဖျံသွေးနှင့် နောက်တစ်ကြိမ် ထိုးသတ်ရန် အိကျူစံ တောင်းဆိုထား

ဖျံသွေးနှင့် ထိုင်းလက်ဝှေ့သမား အိကျူစံ ယှဉ်ပြိုင်ထိုးသတ်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

 မြန်မာ့လက်ဝှေ့ကျော် ဖျံသွေးနှင့် ပထမအကြိမ် ယှဉ်ပြိုင် ရာတွင် အနိုင်အရှုံးမပေါ်ခဲ့သဖြင့် ထိုင်းလက်ဝှေ့သမား အိကျူစံက နောက်တစ်ကြိမ် ထိုးသတ်ရန် တောင်းဆိုထားကြောင်း သတင်း ရရှိသည်။

 မြန်မာ့ရွှေခါးပတ်ချန်ပီယံ ပြိုင်ပွဲ၏ အထူးစိန်ခေါ်ပွဲအဖြစ် ဇူလိုင် ၁၆ ရက်တွင် သိမ်ဖြူအား ကစားရုံ၌ ဖျံသွေးနှင့် အိကျူစံတို့ ယှဉ်ပြိုင်ထိုးသတ်ရာ အကြိတ် အနယ်ဖြစ်ခဲ့သော်လည်း ပူးတွဲသ ရေဖြင့်သာ ပြီးဆုံးခဲ့သည်။ ယင်း ပွဲတွင် အနိုင်၊ အရှုံး မပေါ်ခဲ့သော် လည်း မြန်မာ့လက်ဝှေ့ကျော် ဖျံ သွေးက ပွဲချိန်ပြည့်နီးပါး လက် ရည်အသာစီးဖြင့် ထိုးသတ်နိုင်ခဲ့ပြီး ထိုင်းလက်ဝှေ့သမား အိကျူစံသည် ခံစစ်အသားပေးပုံစံဖြင့် သာ ထိုးသတ်နိုင်ခဲ့သည်။


ဖျံသွေးနှင့် အိကျူစံတို့သည် ငါးချီအထိ အကြိတ်အနယ် ထိုး သတ်ခဲ့သော်လည်း အလဲထိုးနိုင် ခြင်းမရှိသဖြင့် ပူးတွဲသရေဖြင့် ပွဲပြီးဆုံးခဲ့သည်။ အဆိုပါပွဲအပြီးတွင် ထိုင်းလက်ဝှေ့သမား အိကျူစံက ဖျံသွေးနှင့် နောက်တစ်ကြိမ် ယှဉ်ပြိုင်ထိုးသတ်ရန် တောင်းဆိုထားကြောင်း ပွဲစီစဉ်သူ ဦးစိုင်းဇော်ဇော်ကပြောသည်။

 ‘‘ဖျံသွေးနဲ့ အိကျူစံတို့မှာ တော့ ဖျံသွေးက တော်တော်သာ ပါတယ်။ နိုင်မယ်လို့တောင် ထင် ထားပေမယ့် အိကျူစံတော်တော် ခံလိုက်ရပြီးမှ သရေကျတာပါ။ အိကျူစံကလည်း ဒီအတွက် ကြောင့် ဖျံသွေးနဲ့ပြန်ထိုးချင်တယ် ဆိုပြီး တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ဖျံသွေးဘက်ကကျ သြဂုတ်၊ စက်တင်ဘာမှာ တောက်လျှောက်ပွဲတွေရှိနေတယ်။ အောက်တိုဘာ လ ၂၉ ရက်တော့ လောလော ဆယ် လျာထားပါတယ်။ ဖျံသွေးဘက်ကတော့ အကြောင်းမပြန် သေးပါဘူး’’ဟု ဦးစိုင်းဇော်ဇော်ကပြောသည်။

ထိုင်းလက်ဝှေ့သမား အိကျူ စံသည် မြန်မာနိုင်ငံတွင် ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲအဖြစ် စောဂေါ် မူဒို၊ ဖျံသွေးတို့နှင့် ယှဉ်ပြိုင်ထားပြီး နှစ်ပွဲစလုံး သရေကျထားသည်။

Top News