မစားသင့်သည့် မုန့် ၁၁ မျိုးကို FDA ကြေညာ

စားသုံးရန်မသင့်သော အစားအသောက်နမူနာများ (FDA)

အစာအိမ်အူလမ်း ကြောင်းနှင့် ဦးနှောက်အာရုံကြောကို ထိခိုက်စေနိုင်သည့်  ဆိုးဆေးအသုံးပြုထားသော မုန့်မျိုးစုံ ၁၁ မျိုးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနက ဇူလိုင် ၁၇ ရက်တွင် ထုတ်ပြန်ကြေညာ သည်။

အဆိုပါ ၁၁ မျိုးမှာ အာနီ လျှာပြား၊ ဘောလုံးပုံသကြားလုံး၊ ဖော့ချောင်းဝေဖာ၊ တုတ်ထိုးသ ကြားလုံး၊ ရေခဲမုန့်ခွက်ဝေဖာ (ပန်းရောင်)၊ တုတ်ထိုးချိုချဉ် (အ နီရောင်)၊ ဝေဖာလုံး(ရောင်စုံ)၊ မလိုင်ခဲ(ရောင်စုံ)၊ မန်ကျည်းပြား နှင့် တရုတ်စာတန်းပါ ရောင်စုံ ဝေဖာလုံးတို့ဖြစ်သည်။


ဈေးနှင့် ကျောင်းများတွင် ရောင်းချနေသော အစားအ သောက်များကို ကောက်ယူစစ် ဆေးရာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနက ကန့်သတ်ထားသော Rhodamine B ဆိုးဆေးများ အသုံးပြုထားသည် ကို စစ်ဆေးတွေ့ရှိခဲ့သည်။

 အဆိုပါဆိုးဆေးမှာ ရောဂါ ရှာဖွေရာတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းသုံး ဆိုးဆေးတစ်မျိုး ဖြစ်ပြီး ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင် ဆိုးရာ၌လည်း အသုံးပြုသော ဆေးတစ်မျိုးဖြစ်သည်။ ဆိုးဆေး သုံးထားသော အစားအသောက် များကို စားသုံးမိပါက အစာအိမ် အူလမ်းကြောင်းရောင်ရမ်းခြင်း၊ ပျို့အန်ခြင်းနှင့် ဦးနှောက်အာရုံ ကြောထိုင်းမှိုင်းခြင်း စသောလတ်တလောဆိုးကျိုးများ ဖြစ်ပေါ်စေ နိုင်သည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘အခုကြေညာထားတာတွေ ကို လိုက်ပြီးစစ်ဆေးတဲ့အခါမှာ ပထမအကြိမ်တွေ့ရှိရင် ပစ္စည်း သိမ်းမယ်။ ဖျက်ဆီးမယ်။ ခံဝန် ကတိရေးထိုးခိုင်းမယ်။ ဒုတိယအ ကြိမ်ပြန်စစ်လို့ တွေ့ခဲ့ရင်တော့ ပုဒ်မ ၂၈ အရ တရားစွဲဆိုမှုတွေ လုပ်သွားမှာပါ။ ကြေညာကန့် သတ်ထားတဲ့ပစ္စည်းတွေရောင်းချ မှု ရှိ၊ မရှိကိုတော့ စည်ပင်နဲ့သက် ဆိုင်ရာ ကျောင်းတွေ၊ ဈေးတွေက တာဝန်ရှိသူတွေက အမြဲတမ်း လိုက်လံစစ်ဆေးနေဖို့ လိုတယ်’’ ဟု အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဥက္ကာဖြိုးကပြောသည်။

၁၉၉၇ အမျိုးသားအစားအ သောက်ဥပဒေပါ စည်းကမ်းချက် များ လိုက်နာမှုမရှိပါက ပုဒ်မ ၂၈ (က)အရ ထောင်ဒဏ်သုံးနှစ် ဖြစ်စေ၊ ငွေဒဏ်သုံးသောင်းဖြစ် စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချ မှတ်နိုင်သည်ဟု ပြဋ္ဌာန်းထား သည်။

ယခုနှစ်အတွင်း စားသုံးရန် မသင့်သည့် အစားအသောက်နှင့် မုန့်မျိုးစုံကြေညာမှုသည် ငါးကြိမ် မြောက်ဖြစ်ပြီး ဇန်န၀ါရီက အစား အသောက် ၁၈ မျိုး၊ ဖေဖော်ဝါရီ က ၁၁ မျိုး၊ မတ်လက မုန့်မျိုးစုံ ၁၈ မျိုး၊ ဇွန်လက ၁၅ မျိုး ကြေညာခဲ့ပြီး ဇူလိုင်တွင် ၁၁ မျိုး စုစုပေါင်း ငါးလအတွင်း စားသုံးရန်မသင့်သည့် အစားအသောက်နှင့် မုန့်အမျိုးအစား ၇၃ မျိုးခန့်ကို ထုတ်ပြန်ကြေညာခဲ့သည်။

Top News