ရုပ်ရှင် အကြိုခံစားခြင်း

THE HOUSE

ဒီကနေ့ ပရိသတ်တွေ အကြိုခံစား ဖို့ ဖော်ပြပေးမှာက အမေရိကန် ဟာသဇာတ်ကားသစ်လေးပါ။ ဝါနာဘရားသားစ် ရုပ်ရှင်ထုတ် လုပ်ရေးက ဖြန့်ချိထားတာဖြစ်ပြီး ဒါရိုက်တာအန်ဒရူးဂျေကိုဟန်ရဲ့ လက်ရာဖြစ်ပါတယ်။


စကော့ဂျိုဟန်ဆန်နဲ့ ကိတ် ဂျိုဟန်ဆန်တို့ ဇနီးမောင်နှံမှာ အဲ လက်စ်ဆိုတဲ့ ဆယ်ကျော်သက်အ ရွယ် တစ်ဦးတည်းသောသမီးလေး ရှိပါတယ်။ သမီးဖြစ်သူ တက္ကသိုလ်ဝင်ရဖို့အတွက်လည်း အရမ်းကို မျှော်လင့်ထားကြပြီး တစ်ရက်မှာ တော့ ဘာ့ကလေတက္ကသိုလ်ဝင် ခွင့်ရကြောင်း အကြောင်းကြားစာ ရခဲ့တဲ့အတွက် တစ်မိသားစုလုံး အပျော်တွေဆင့်ခဲ့ရပါတယ်။

အဲဒါနဲ့ တက္ကသိုလ်ဝင်ခွင့်ရ အထိမ်းအမှတ်ပါတီပွဲတွေ ဘာ တွေ ကျင်းပပေးခဲ့ပြီး တက္ကသိုလ် က ပညာသင်စရိတ် ကုန်ကျငွေ စာရင်း ရောက်လာတဲ့အခါမှာ တော့ စကော့နဲ့ ကိတ်တို့ မျက်လုံး ပြူးရပါတော့တယ်။

ငွေပမာဏများတဲ့အတွက် အဲလက်စ်ကျောင်းစရိတ်မတတ် နိုင်တဲ့အခါမှာ တက္ကသိုလ်တက်ဖို့ ပျော်နေတဲ့ အဲလက်စ် စိတ်မ ကောင်းမဖြစ်ရလေအောင် ဇနီး မောင်နှံနှစ်ယောက် ငွေရနိုင်မယ့် နည်းလမ်းတွေ စဉ်းစားရပါတော့ တယ်။

အဲဒီအခါမှာ စကော့ရဲ့ အ ခင်ဆုံးသူငယ်ချင်းလည်းဖြစ် အိမ် နီးချင်းလည်းဖြစ်တဲ့ ဖရန့်က ငွေ မြန်မြန်ရမယ့်နည်းလမ်းတစ်ခုကို အကြံပြုခဲ့ပါတယ်။ အဲဒါကတော့ တရားမဝင် လောင်းကစားဝိုင်းလုပ်ဖို့ပါ။ ဒီလိုနဲ့ စကော့တို့ တစ်တွေဟာ အကယ်၍ အရေးယူခံရလို့ ထောင်ကျခဲ့မယ်ဆိုရင်လည်း ဘယ်နှနှစ်လောက်ဆို လွတ်နိုင် မယ် စသည်စသည်ဖြင့် မကြံ ကောင်း မစည်ရာ အတွေးတွေနဲ့ အတူ ဖရန့်ရဲ့ အကြံပြုချက်ကို လက်ခံခဲ့ပါတယ်။

အိမ်အောက်ထပ်မှာ အခန်း တွေ၊ နေရာထိုင်ခင်းတွေပြင်ဆင် ပြီး တရားမဝင်လောင်းကစားဝိုင်း ကို စတင်ပါတော့တယ်။

လောင်း ကစားဝိုင်းကစကော့တို့ မျှော်လင့်ထားသလို အဲလက်စ်ကျောင်းစရိတ်အတွက် အထောက်အပံ့ပေးနိုင်မှာလား၊ တရားမဝင်လုပ်နေတဲ့အတွက် ဘယ်လိုပြဿနာတွေက စကော့ တို့ကို ဒုက္ခပေးဦးမှာလဲ၊ သမီးအ တွက် ဘာဖြစ်ဖြစ်ဆိုပြီး ထင်ရာ လုပ်ကြတဲ့ စကော့တို့ရဲ့ အလွဲ လေးတွေကို ရယ်ရင်းမောရင်း ကြည့်လိုက်ဦးနော်။

ဒီဇာတ်ကားမှာ စကော့ဂျိုဟန်ဆန်အဖြစ် ဝီလ်ဖာရဲလ်၊ ကိတ်အဖြစ် အေမီပိုလှာ၊ ဖရန့်အဖြစ်ဂျေဆင်မန့်ဇိုကက်စ်၊ အဲလက်စ်အဖြစ် ရိုင်ယန်ဆင့်ပ်ကင်စ် တို့ သရုပ်ဆောင်ထားပါတယ်။

Top News