ဂိုးသမား ရိုမီယို မန်ယူနှင့် စာချုပ်သက်တမ်းတိုး

အာဂျင်တီးနား ဂိုးသမား ဆာဂျီယိုရိုမီယိုသည် မန်ယူအသင်း၌ ၂၀၂၁ အထိ ရှိနေမည့် စာချုပ်သစ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း မန်ယူအသင်းက ပြောသည်။


၂၀၁၅ က မန်ယူသို့ ရောက် ရှိလာပြီး စပိန်ဂိုးသမား ဒီဂီယာ၏ အရန်အဖြစ်သာ ကစားခွင့်ရခဲ့သည့် ရိုမီယို (၃၀) နှစ်သည် ပြီးခဲ့သည့် ဘောလုံးရာသီက ယူရိုပါလိဂ်ပြိုင်ပွဲတစ်လျှောက် ပထမပွဲထွက် ဂိုးသမားအဖြစ် ကစားခဲ့ရပြီး ယင်းဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

‘‘စာချုပ်သစ်ချုပ်နိုင်ခဲ့လို့ ကျွန်တော် ၀မ်းသာပါတယ်။ကမ္ဘာ့အကြီးအကျယ်ဆုံး အသင်းမှာ ဘယ်သူ မကစားချင်ဘဲ ရှိပါ့ မလဲ’’ဟု ၂၀၂၁ ကုန်လျှင်လည်း နောက်ထပ် စာချုပ်ချုပ်ရန် ရွေး ချယ်ခွင့်ရှိနေသည့် ရိုမီယိုက ပြော သည်။

မန်ယူ၌ ဂိုးသမားကောင်း များရှိပြီး ၎င်းတို့အနေဖြင့် တစ်ဦး ထံမှတစ်ဦး အမြဲသင်ယူလေ့လာ နေကြောင်း၊ ယူရိုပါလိဂ်ဖလား ဗိုလ်စွဲရာတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရခဲ့သည်မှာ အလွန်ဂုဏ် ယူဖွယ်အခိုက်အတန့်ဖြစ်ကြောင်း နှင့် လာမည့်ဘောလုံးရာသီတွင် လည်း ပြီးခဲ့သည့်နှစ်ကဲ့သို့ အောင်မြင်မှုများရရှိအောင် ကူညီရန် မျှော်မှန်းထားကြောင်း ရိုမီယိုက ထပ်လောင်းပြောကြားသည်။

မန်ယူနည်းပြ မော်ရင်ဟိုက လည်း ရိုမီယိုကို ကြီးကျယ်သည့် ဂိုးသမားနှင့် ပရော်ဖက်ရှင်နယ်ပီ သသူတစ်ဦးအဖြစ် ချီးကျူးခဲ့ သည်။

ရိုမီယိုသည် နောက်ဆုံး ကိုယ်စားပြုကစားခဲ့သော ကလပ် အသင်းသုံးသင်းတွင် ပုံမှန်ပွဲထွက် ခွင့်ဆုံးရှုံးခဲ့သော်လည်း အာဂျင် တီးနား လက်ရွေးစင်အသင်း၌မူ ပွဲထွက်အများဆုံး ဂိုးသမားအဖြစ် ၈၈ ပွဲဖြင့် စံချိန်တင်ထားပြီး ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ရောက်အောင် ကူညီနိုင်ခဲ့သည်။

-Ref:Reuters

Top News