အနာဂတ်ကို ဆန်းချက်ဇ်ကိုယ်တိုင် ဆုံးဖြတ်ရမည်ဟု မာတီဆက်ကာပြော

အာဆင်နယ်၏ ချီလီ တိုက်စစ်မှူး ဆန်းချက်ဇ်၏ အစီ အစဉ်များနှင့်ပတ်သက်၍သတင်းအမျိုးမျိုးထွက်ပေါ်နေစဉ်အာဆင်နယ် အသင်းခေါင်းဆောင် မာတီဆက်ကာက ၎င်း၏ အနာဂတ်နှင့် ပတ်သက်၍ ဆုံးဖြတ်ရန် ဆန်း ချက်ဇ်ကို ဆုံးဖြတ်ခိုင်းသင့်သည် ဟု ပြောကြားသည်။


ပြီးခဲ့သည့် ရာသီက ပရီးမီး ယားလိဂ် ၃၈ ပွဲတွင် ၂၄ ဂိုးသွင်း ပြီး အာဆင်နယ်၏ ထိပ်တန်းဂိုး သွင်းရှင်ဖြစ်ခဲ့သော ဆန်းချက်ဇ် သည် ၎င်း၏ လက်ရှိစာချုပ်နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီး စာချုပ် သစ်ချုပ်ဆိုခြင်းမရှိသေးပေ။

ဆန်းချက်ဇ်သည် ပြီးခဲ့သည့် ရာသီက အာဆင်နယ်အတွက် ပွဲ တိုင်းနီးပါး ပါဝင်ကစားခဲ့ပြီး ကွန် ဖက်ဒရေးရှင်းဖလား ပြိုင်ပွဲ၌ လည်း ကစားရကာ ယခုအခါ သက်သောင့်သက်သာဖြင့် အနာဂတ်အတွက် ကိုယ်တိုင်ဆုံးဖြတ် သင့်သည်ဟု မာတီဆက်ကာက ပြောသည်။

အနာဂတ်အတွက် ဆုံးဖြတ် ရာတွင် ဆန်းချက်ဇ်ကို အခြားလူ များက မစွက်ဖက်သင့်ကြောင်း အာဆင်နယ်၌ ကစားသမားဘ၀ နောက်ဆုံးအချိန်များသို့ ၀င်ရောက် နေပြီဖြစ်သည့် မာတီဆက်ကာက ပြောသည်။

မာတီဆက်ကာသည် လာ မည့်ရာသီတွင် အာဆင်နယ်ဘောလုံးအကယ်ဒမီ၏ နည်းပြဖြစ် လာမည်ဖြစ်သည်။

အာဆင်နယ်သည် သြစ တြေးလျတွင် ရာသီကြိုခြေစမ်းပွဲ နှစ်ပွဲစလုံးအနိုင်ရခဲ့ပြီးလောလော ဆယ် တရုတ်နိုင်ငံသို့ ရောက်ရှိနေ သည်။ ဗုဒ္ဓဟူးနေ့တွင် ဂျာမနီ ချန် ပီယံဘိုင်ယန်နှင့် ခြေစမ်းမည်ဖြစ် ပြီး စနေနေ့တွင် ပရီးမီးယားလိဂ် ချန်ပီယံ ချယ်လ်ဆီးနှင့် ခြေစမ်း မည်ဖြစ်သည်။    -Ref:Reuters

Top News