မြောက်ကိုရီးယားနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများမရှိဟု နိုင်ငံခြားရေးဝန်ကြီးဌာနဆို

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံဆိုင်ရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး သံအမတ်ကြီး မစ္စတာဂျိုးဆက်ဝိုင်ယွန်းကို ယမန်နေ့က လက်ခံတွေ့ဆုံစဉ် (ဓာတ်ပုံ − နိုင်ငံတော်အတိုင်ပင်ခံရုံး)

မြန်မာနိုင်ငံသည် မြောက် ကိုရီးယားနှင့် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုများမရှိကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာနပြောရေး ဆိုခွင့်ရ အရာရှိတစ်ဦးက ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု၏ မြောက်ကိုရီးယားဆိုင်ရာ အထူး သံအရာရှိ ဂျိုးဆက်ယွန်းသည် ဇူလိုင် ၁၇ ရက်တွင် နေပြည်တော်၌ မြန်မာအစိုးရအဖွဲ့ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံခဲ့သည်။

ယွန်းသည် ပြီးခဲ့သည့် သီ တင်းပတ်ကုန်က စင်ကာပူသို့ ဦးစွာသွားရောက်ကာ ညီလာခံတစ်ခု တက်ရောက်ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ၎င်း၏ခရီးစဉ်သည် အရှေ့တောင်အာရှဒေသတွင် မြောက် ကိုရီးယားနှင့် စစ်ရေးအရ မဟာမိတ်ဆန်သော ဆက်နွှယ်မှုကင်းရှင်းကြောင်း အတည်ပြုရန် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း နိုင်ငံတကာ မီဒီယာများက သုံးသပ်ဖော်ပြခဲ့သည်။

ဇူလိုင် ၄ ရက်က မြောက်ကိုရီးယား စစ်တပ်က တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်ခတ်ခဲ့ပြီးနောက် အမေရိကန်နှင့် မြောက်ကိုရီးယားတို့ကြား ဆက်ဆံရေးမှာ တင်းမာမှုအမြင့်ဆုံး အ ခြေအနေသို့ ရောက်ရှိနေသည်။ လက်နက်ရေးရာ သုတေသီအချို့ က မြောက်ကိုရီးယား၏ ဒုံးကျည်များသည် ယခုအခါ အမေရိကန်၏ ပိုင်နက်နယ်မြေဖြစ်သော အလက်စကာပြည်နယ်ကို တိုက်ခိုက်နိုင်စွမ်းရှိလာပြီဟု ယုံကြည် နေကြသည်။

အမေရိကန်က မြန်မာအစိုးရနှင့် ယွန်းတို့ကြား မည်သည့်အ ကြောင်းအရာများ ဆွေးနွေးခဲ့ သည်ကို ထုတ်ပြန်ခြင်းမရှိချေ။ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် ဦးကျော်ဇေယျက ဆွေးနွေးမည့် အကြောင်းအရာ အသေးစိတ်ကို မပြောနိုင်သေးကြောင်း ဆွေးနွေး ပွဲမစမီတွင် မှတ်ချက်ပေးခဲ့သည်။

ယွန်းသည် မြောက်ကိုရီးယားဆိုင်ရာ အထူးသံအရာရှိဆို သည်ကို သိထားရုံမှလွဲ၍ ဆွေးနွေးမှု အကြောင်းအရာအသေး စိတ်ကို မပြောနိုင်သေးကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မြောက်ကို ရီးယားကို ကုလသမဂ္ဂက သတ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများအပေါ် လေးစားလိုက်နာမည်ဖြစ်ကြောင်း ၎င်းက Reuters အား ပြောကြားခဲ့သည်။

‘‘နှစ်နိုင်ငံကြား ဆက်ဆံရေးက ပုံမှန်အဆင့်ပါပဲ။ ကျွန်တော် နားလည်ထားသလောက် ပြောရရင်တော့ နှစ်နိုင်ငံတပ်တွေအချင်းချင်း စစ်ရေးအရ ဆက်သွယ်မှုမျိုး လုံးဝမရှိပါဘူး’’ဟု ဦးကျော်ဇေ ယျက ဆိုသည်။

 အမေရိကန်ပြည်ထောင်စု သည် မေလအတွင်းက အရှေ့တောင်အာရှ နိုင်ငံများအနေဖြင့် မြောက်ကိုရီးယားကို ပိုမိုအထီးကျန်စေရန် အဆက်အသွယ်ဖြတ်တောက် ရပ်ဆိုင်းပေးပါရန် တိုက်တွန်းတောင်းဆိုခဲ့ဖူးသည်။

 တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယွန်းနှင့်တွေ့ဆုံမှုအပြီးတွင် ကြေညာချက်တစ် စောင် ထုတ်ပြန်ခဲ့ရာ၌ မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးနှင့် ပတ်သက်၍ တိုက်ရိုက်ကျကျ ဖော်ပြထားခြင်းမရှိချေ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ ကြေညာချက်တွင် မြန်မာ့တပ်မတော်အနေဖြင့် အိမ်နီးချင်းနိုင်ငံ များအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ တပ်မတော်အားလုံးနှင့် ချစ်ကြည်

ရင်းနှီးရေးကို ကြိုးစားလုပ်ဆောင် နေကြောင်း၊ မိမိတို့တွင် မိတ်ဆွေ နိုင်ငံများသာရှိပြီး ရန်သူနိုင်ငံမရှိ ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ယွန်းထံ အသိပေး ပြောကြားခဲ့ကြောင်း ပါရှိသည်။

 ထို့အပြင် အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေး မြှင့် တင်ရန် ဆွေးနွေးခဲ့ပြီး ကိုရီးယား ကျွန်းဆွယ်ကို နျူကလီးယားကင်း မဲ့ဇုန်ဖြစ်စေလိုကြောင်း၊ မြန်မာ နိုင်ငံတွင်လည်း လက်နက်ကိုင်ပဋိ ပက္ခများ ချုပ်ငြိမ်းရေးနှင့် ငြိမ်း ချမ်းရေးတို့အတွက် အဖြစ်နိုင်ဆုံး လုပ်ဆောင်နေကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေ စီ ပြောင်းလဲရေးမတိုင်မီ အစိုးရဟောင်းလက်ထက်က မြောက်ကိုရီးယားနှင့် နီးစပ်သော ဆက်ဆံမှုများရှိနေကြောင်း စွပ်စွဲမှုများ ထွက်ပေါ်ဖူးသည်။ သို့သော် ၂၀၁၁ တွင် အရပ်သားအစိုးရ အာဏာရမလာမီကတည်းက မြောက်ကိုရီးယားနှင့် လက်နက်ရောင်း ဝယ်မှု အပါအဝင် စစ်ရေးအရဆက်ဆံမှုများကို ရပ်ဆိုင်းခဲ့ ကြောင်း ထုတ်ပြန်ထားသည်။

—Ref: Reuters

Top News