အက်သလက်တီကိုအသင်း အင်္ကျီဝတ်ပြီး ကော်စတာက ကွန်တီကို လှောင်ပြောင်

ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာသည် အက် သလက်တီကိုအသင်း အင်္ကျီဝတ်ဆင်၍ ပါတီပွဲတက်နေပုံဗီဒီယိုကိုအင်စတာဂရမ်လူမှုစာမျက်နှာ တွင် တင်လိုက်ပြီး နည်းပြကွန်တီကို လှောင်ပြောင်လိုက်သည်။

Live တင်ထားသော ဗီဒီယို တွင် ကော်စတာက အက်သလက်တီကိုအင်္ကျီ  ဝတ်ဆင်ထားပြီး မှတ်ချက်တွင် ‘‘ကွန်တီကို ပွေ့ဖက်လိုက်ပါ’’ဟု ရေးသားထားသည်။

မိမိကို ချယ်လ်ဆီးတွင် အ လိုမရှိတော့ဟု ကွန်တီက ပြော ကြားကြောင်း ကော်စတာက ဖွင့်ဟပြီးနောက် ၎င်း၏ ချယ်လ်ဆီးအနာဂတ် ပျောက်ကွယ်သွားခဲ့ သည်။

ယင်းအတွက် ချယ်လ်ဆီး အသင်း၏ ရာသီကြိုလေ့ကျင့်မှုတွင် ကော်စတာကို ချန်လှပ်ခဲ့ပြီး အသင်းသစ်ရှာဖွေ၍ ၎င်း၏ အနာဂတ်ကို ဖြေရှင်းနိုင်ရေး ချယ်လ်ဆီးက အခွင့်အရေးပေးထားသည်။

ကော်စတာသည် အက်သလက်တီကိုသို့ ပြန်သွားမည်ဟု အခိုင်အမာပြောဆိုနေကြပြီး ၎င်း၏ ယခုနောက်ဆုံးလုပ်ရပ်က အက်သလက်တီကိုပရိသတ်များကို စိတ်လှုပ်ရှားစေမည်ဖြစ်သော်လည်း ကွန်တီအား ဒေါသူပုန်ထစေမည်ဖြစ်သည်။ ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ် ဖလားရရှိခဲ့သော်လည်း ကော်စတာအတွက် အလုံးစုံအဆင်ပြေခဲ့ခြင်းမဟုတ်ပေ။

တရုတ်နိုင်ငံသို့ ပြောင်းရွှေ့မည်ဟူသော ကောလာ ဟလများနှင့်အတူ ကွန်တီက  ၎င်းကို ဇန်နဝါရီအတွင်း အသင်းမှ ချန်လှပ်ထားခဲ့သည်။

အက်သလက်တီကိုတိုက်စစ်မှူးဟောင်းသည် အသင်းတွင်ဆက်နေရန် ဆုံးဖြတ်ခဲ့သော်လည်း ယခုအခါ နွေရာသီကာလ၌ ထွက်ခွာရန် သေချာသလောက်ရှိနေသည်။           

—Ref:Goal

Top News