ပထမဆုံး သရုပ်ဆောင်တဲ့ ဇာတ်ကားမှာ မော်ဒယ်အနေနဲ့ပဲ သရုပ်ဆောင်ထားတဲ့ ရွှေအိမ်စည်

သရုပ်ဆောင်အနေဖြင့် ပထမဆုံးရိုက်ကူးသည့် ဇာတ် ကားတွင် မော်ဒယ်ကာရိုက်တာ ဖြင့် သရုပ်ဆောင်ရသဖြင့် အခက်အခဲ     အများကြီးမရှိကြောင်း Miss Grand Myanmar 2017 အလှမယ်ရွှေအိမ်စည်က ပြော သည်။

‘‘ကာရိုက်တာက အိမ်စည့် ပုံစံနဲ့ သိပ်မကွာဘူး။ ဒီဇာတ်လမ်း ထဲမှာလည်း မော်ဒယ်သရုပ်ဆောင် အနေနဲ့ပဲ ဆိုတော့ အခက်အခဲ တော့ မရှိပါဘူး’’ဟု ၎င်းကပြော သည်။ရွှေအိမ်စည်က ဒါရိုက်တာ အာကာရိုက်ကူးသည့် Tin String (ကြိုးဖုန်း) ရုပ်ရှင်ဇာတ်ကားကို ပြီးခဲ့သည့် ရက်ပိုင်းက ပြင်ဦးလွင် ၌ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ယင်းဇာတ်ကားတွင် ဖြိုးငွေ စိုး၊ အိန္ဒြာကျော်ဇင်တို့နှင့်အတူ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ပထမဆုံးအ ကြိမ် ရိုက်ကူးသည့်ဇာတ်ကားဖြစ် ၍ အမှတ်တရများစွာဖြစ်ခဲ့ ကြောင်း ၎င်းကဆိုသည်။

‘‘ညီမအတွက် ဒိုင်ယာလော့ခ်က  သိပ်မများတဲ့အတွက် အဆင် ပြေတယ်။ ပြောရတဲ့ဒိုင်ယာလော့ခ် တွေကလည်း  အိမ်စည်ပြောနေ ကျစကားလုံးတွေပဲ။ ကိုယ့်ရဲ့ပုံစံ နဲ့ပဲ ပြောရတာဆိုတော့ အခက်အ ခဲသိပ်မရှိဘူး။ အဓိကအခက်အခဲ ရှိတာက     ငိုရတဲ့အခန်းတွေ၊ ကြောက်ရတဲ့အခန်းတွေ၊ အိမ် စည်နဲ့မတူတာပဲ    ခြောက်ရင် ကြောက်တတ်တဲ့ ကောင်မလေး တစ်ယောက်နေရာ၊ နည်းနည်း လန့်တတ်တဲ့ ကောင်မလေးနေ ရာကနေ သရုပ်ဆောင်ရတာဖြစ် တဲ့အတွက် နည်းနည်းတော့ ခက် ခဲတယ်’’ဟု သရုပ်ဆောင်ပိုင်းတွင် ကြုံခဲ့ရသည့် အခက်အခဲအချို့ကို ပြောသည်။

သရုပ်ဆောင်ပိုင်းနှင့်ပတ် သက်၍ တတ်နိုင်သလောက်အား စိုက်ကြိုးစားရိုက်ကူးထားပြီး ကိုယ့်သရုပ်ဆောင်မှုကို ပြန်ကြည့်ချိန်တွင် ပီတိဖြစ်ရကြောင်း ရွှေ အိမ်စည်က ပြောသည်။

လတ်တလောတွင် Miss Grand International ပြိုင်ပွဲအ တွက် ပြင်ဆင်ရတော့မည်ဖြစ်၍ အနုပညာလှုပ်ရှားမှုများ ယခင်ထက်နည်းပါးမည်ဟု ၎င်းကဆိုသည်။‘‘ပြိုင်ပွဲအတွက် အဓိကလုပ် သွားဖို့ရှိတာက Video Introduction လေးလုပ်သွားဖို့ ရှိပါ တယ်။ မြ၀တီမှာအိမ်စည်ရဲ့ ဘ၀ အကြောင်းဗီဒီယိုတစ်ခုရယ်၊ Miss Grand မှာ စစ်ပွဲတွေကို ရပ် တန့်ဖို့အတွက် ဒီပြိုင်ပွဲကို ၀င်ပြိုင် ရတဲ့အကြောင်း ဗီဒီယိုတစ်ခုရယ် သွားရိုက်ဖို့ ရှိပါတယ်’’ဟု ရွှေ အိမ်စည်က ပြောသည်။