အစားအသောက်ထဲ လောက်ပါတဲ့ဖြစ်ရပ် ကြုံတွေ့ခဲ့တဲ့ သရုပ်ဆောင်ဇော်ဇော်အောင်

 လက်ဖက်ရည်ဆိုင်တစ် ဆိုင်၌ နံနက်စာစားစဉ် အစား အသောက်ထဲတွင် ပိုးမွှားပါလာ သောကြောင့် FDA (အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန)သို့ တိုင်ကြားပေးရန် သရုပ်ဆောင်ဇော်ဇော်အောင်က ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ဇူလိုင် ၁၇ ရက် နံနက်ကရေးသားထားခဲ့ သည်။‘‘ဒီမနက်ပဲ အင်လျားကန် ရှေ့ကဆိုင်မှာ ဖျော်ရည်သောက် ပြီးစားဖို့လုပ်တော့ ဆီလျှော့၊ အ ငန်လျှော့လို့ မှာလိုက်တာကို ဆီ ကလည်း များနေတယ်။ အဲဒါနဲ့ မစားချင်တော့ဘူးဆိုပြီး ထား လိုက်တာ။ နောက်ပြီး နည်းနည်း မြည်းကြည့်မယ်လုပ်တော့ သူ ငယ်ချင်းကမစားနဲ့ ဟိုမှာဆိုပြီးပြ လို့ တွေ့လို့ ရိုက်လာတာ’’ဟု ဗီဒီ ယိုဖိုင် တင်ဖြစ်သည့်အကြောင်းကို ဇော်ဇော်အောင်က ပြောသည်။

ရိုက်ကူးထားသည် ဗီဒီယို ဖိုင်တွင် နန်းကြီးသုပ်ပန်းကန် အတွင်း လောက်ပါလာသည်ကို တွေ့ရပြီး ဖေ့စ်ဘွတ်ခ်အသုံးပြုသူ များအကြား ပျံ့နှံ့မှုများပြားခဲ့ကာ နာရီပိုင်းအတွင်း ပြန်လည်မျှဝေ သူ နှစ်သောင်းခွဲကျော်ရှိခဲ့သည်။

‘‘ရွှေကောင်းကြွယ်မှ အစ်ကို များလာရောက် တောင်းပန်ပြီး ချက်ချင်း အစည်းအဝေးထိုင် အ သုံးပြုသော ပစ္စည်းများကိုချက် ချင်း စိစစ်ပေးပါတယ်။ ငံပြာရည် မှ ပါလာတာဖြစ်ပါတယ်။ တင်ထားသော Post ကို ဖျက်လိုက်ပါပြီ။ ငံပြာရည်ကပါလာတာလည်း ဖြစ်၊ ကျေနပ်အောင် တောင်းပန် တာကြောင့်ပါခင်ဗျာ’’ ဟု နံနက် ပိုင်းတွင်ရေးသားထားသည် ပို့စ်ကိုဖျက်၍ နေ့လယ် ၁၂ နာရီခွဲခန့်တွင် ဇော်ဇော်အောင်က ပြန် လည်ရေးသားထားသည်။

အဆိုပါ ဖြစ်စဉ်တွင် FDA ၏ ဖုန်းနံပါတ်ကို မသိသောကြောင့် မဆက်သွယ်ခဲ့ရသော်လည်း ယင်းအဖြစ်အပျက်မျိုး ကြုံလာပါက FDA သို့ ဖုန်းဆက်အကြောင်း ကြားကာ ချက်ချင်းစစ်ဆေးစေလို ကြောင်း ၎င်းကအကြံပြုသည်။