အိုင်အက်စ်တပ်ဖွဲ့ဝင်တစ်ဦး ရောက်ရှိနေကြောင်း သတင်းမမှန်

အိုင်အက်စ်တပ်ဖွဲ့ဝင် တစ်ဦး ရောက်ရှိနေကြောင်း ထွက်ပေါ်နေသော သတင်းများ သည် မဟုတ်မမှန်ဘဲ အများပြည် သူ ထင်ယောင်ထင်မှားဖြစ်စေ သည့် သတင်းများ ဖော်ပြနေသူ များကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အိုင်အက်စ်အဖွဲ့ဝင်တစ်ဦး ရောက်ရှိနေ၍ သတင်းပေးရန် ဆိုကာ လူတစ်ဦးဓာတ်ပုံနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ဖုန်းနံပါတ်များဖြင့် ကြေညာထား သည်ဟူသော သတင်းကို ဇူလိုင် ၁၇ ရက်က လူမှုကွန်ရက်တွင် ပျံ့ နှံ့နေချိန် ပြည်ပအခြေစိုက်အ ကြမ်းဖက်ဖွဲ့များနှင့် ချိတ်ဆက် ၍ မြန်မာနိုင်ငံအတွင်း အကြမ်းဖက် ဖောက်ခွဲမည့်သူနှစ်ဦး၏ သတင်း ကို နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာ ပိုလ်) ကပေး၍ ဓာတ်ပုံများဖြင့် သတိပေးထားကြောင်း မြန်မာနိုင် ငံရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်ဆိုကာ ပြည်တွင်းသတင်းဌာန တစ်ခုက ရေးသားဖော်ပြခဲ့သည်။

ယင်းသတင်းများ လူထုအ ကြား ပျံ့နှံ့နေ၍ ရန်ကုန်တိုင်းဒေ သကြီးရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး ပြီးနောက် ဇူလိုင် ၁၇ ရက်နေ့ လယ်တွင် ထုတ်ပြန်ခဲ့သည်။

လူမှုကွန်ရက်စာမျက်နှာများ တွင် Thein Kyaw အကောင့်အ မည်ဖြင့် အိုင်အက်စ်တပ်ဖွဲ့ဝင် တစ်ဦးတွေ့ရှိက သတင်းပေးတိုင် ကြားရန်ခေါင်းစဉ်ဖြင့် ‘‘အိုင်အက်စ် လက်ရွေးစင်တစ်ယောက် ဖြစ် ကြောင်း အသိပေးထားပါတယ်။ မြန်မာစကား ကျွမ်းကျင်စွာပြော နိုင်သူ ဖော်ပြပါအကြမ်းဖက်သ မားကို နီးစပ်ရာ ရဲစခန်းတွင် သတင်းပေးကြပါ။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၊ ဖုန်းနံပါတ် ၀၁-၂၃၁ ၇၅၂၆၊ ၀၁-၂၃၁၇၅၂၇’’ ဟု ဓာတ်ပုံနှင့်ပူးတွဲပါရှိသည့် ဖော်ပြ ချက်များသည် ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့က  ထုတ်ပြန်ဖော်ပြ ခြင်း မဟုတ်ကြောင်း ဖော်ပြထား သည်။

အဆိုပါဖော်ပြချက်သည် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးသို့ အများပြည်သူက ဆက် သွယ်သတင်းပေးပို့နိုင်ရန် အသိ ပေးထားသော ဖုန်းနံပါတ်များကို အသုံးပြုဖော်ပြခြင်းသာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ကို အလွဲအသုံးပြုပြီး အများပြည် သူ ထင်ယောင်ထင်မှား ဖြစ်စေ သည့် သတင်းများကို ဖော်ပြခြင်း မပြုရန်နှင့် သတင်းဖော်ပြနေသူ များကိုလည်း ဥပဒေအရ အရေး ယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှ ဒုရဲမှူးကြီး မြင့်ထွေးက ‘‘သတင်းအမှားတွေ၊ ပြည်သူ တွေ အထိတ်တလန့်ဖြစ်အောင် တမင်သက်သက်လုပ်တာ။ မ ဟုတ်တဲ့ သတင်းတွေဖော်ပြရင် အရေးယူသွားမယ်’’ ဟု ဆိုသည်။

နိုင်ငံတကာရဲတပ်ဖွဲ့ (အင် တာပိုလ်)က ပေးသည်ဟူသော သတင်းနှင့်ပတ်သက်၍ နယ်စပ် ဖြတ်ကျော် မှုခင်းဌာနကြီး၊ ဌာန ကြီးမှူး၊ ယာယီရဲမှူးချုပ်အောင် ဌေးမြင့်ထံ ဆက်သွယ်မေးမြန်းရာ သတင်းအမှားသာဖြစ်ပြီး ယင်း သတင်းကို အင်တာပိုလ်က မပေး ကြောင်း 7Day Daily အား ပြောသည်။

အာဇာနည်နေ့(ဇူလိုင် ၁၉ ရက်)နီးကပ်ချိန်တွင် ယင်းကဲ့သို့ သတင်းအမှားများ ထွက်ပေါ်လာ ခြင်းဖြစ်ပြီး လုံခြုံရေးအတွက် ပြည့်စုံစွာ ဆောင်ရွက်ထား ကြောင်း ဒုရဲမှူးကြီးမြင့်ထွေးက ပြောသည်။

Top News