ရေရှည်အောင်မြင်ရန် ကြိုးပမ်းရမည့် မိုးရာသီခရီးသွား

ဦးပိန်တံတားနှင့် တောင်သမန်အင်း ၀န်းကျင်သို့ လာရောက်လည်ပတ်နေသော ခရီးသွားများ (ဓာတ်ပုံ-စိုင်းဇော်)

မြန်မာနိုင်ငံ၌ ခရီးသွား ကဏ္ဍဖွံ့ဖြိုးရေး အတွက်ခြေလှမ်းသစ်တခုအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်အကောင်အထည်ဖော်သည့် နိုင်ငံ ခြားသား ခရီးသွားဧည့်သည်များ အတွက် ဈေးကွက်မြှင့်တင်သည့် ပရိုမိုးရှင်း အစီအစဉ်တစ်ခုကို ယခုနှစ် ဇူလိုင်လဆန်းတွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

 နှစ်စဉ် ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု နည်းပါး သော မိုးရာသီကာလတွင် မြန်မာ နိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဧည့် သည် ပိုမိုဝင်ရောက်လာစေရန် Green Season Promotion အစီ အစဉ်ဟု အမည်ပေးထားသည့် မိုး  ရာသီခရီးသွားမြှင့်တင်မှု အစီအ စဉ်ကို ယခုနှစ်က စတင်ဆောင်ရွက်မည် ဖြစ်သည်။

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် အဆိုပါမိုးရာသီ ခရီးသွားမြှင့်တင်မှု (Green Season) အစီအစဉ်ကိုနိုင်ငံတစ် ဝန်းရှိ ဟိုတယ်များ၊ လေကြောင်းလိုင်းများ ခရီးသွားလုပ်ငန်းများနှင့်ဆက်စပ် ဝန်ကြီးဌာနတို့ဖြင့် ပူး ပေါင်း အကောင်အထည်ဖော်ခြင်းဖြစ်သည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် Green Season Promotion ကို မြန်မာ နိုင်ငံ၌ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်မှု အများဆုံးခရီးစဉ်ဒေသများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ငပလီ၊ ငွေဆောင်၊ ချောင်းသာနှင့် နေပြည်တော်တို့ရှိ ဟိုတယ်များ နှင့် ပူးပေါင်းကာ တည်းခိုခများ လျှော့ချပေးမည့်အစီအစဉ်တစ်ခု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Green Season ကာလကို ဇွန်လမှ စက်တင်ဘာအထိ သတ်မှတ်ထားပြီး တည်းခိုခဈေးနှုန်းများ  လျှော့ချပေးခြင်းကို အထက်ပါခရီး စဉ်ဒေသရှစ်ခုမှ ဟိုတယ်အလုံး ကိုးဆယ်ခန့်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာဒေသရှိ ဟိုတယ် များ၏ နာမည်နှင့် ဈေးနှုန်းများကို ခရီးသွားလုပ်ငန်းရှင်အသင်းများထံ ပေးပို့ခဲ့ကာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ကလည်း ထုတ်ပြန်ခဲ့သည်။

‘‘သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ခရီးစဉ်တွေရောင်းလို့ရအောင် Green Season ကိုငွေဆောင်၊ ချောင်းသာ၊ ပုဂံ၊ မန္တလေး၊ အင်း လေးစတဲ့ နေရာတွေက ဟိုတယ်တွေမှာ ဈေးနှုန်းတွေလျှော့ချထားတာပေါ့။ ဒီကာလမှာလေကြောင်း လိုင်းတွေကလည်း ဈေးနှုန်းလျှော့ ချမှုတွေပြုလုပ်ပေးနေပါတယ်’’ ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန် ကြီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ရှင်းပြသည်။

‘‘Green Season လုပ်တယ်ဆိုတာ ဒီနိုင်ငံက ခရီးသွားလုပ်ငန်းရှင်တွေတောင် အသိနည်းတယ်။ ဒါကလည်း အခုမှစတော့ လူသိများအောင်လုပ်တဲ့အပိုင်းမှာ အားနည်းသွားတဲ့ သဘောဖြစ်ပါလိမ့်မယ်။ ဒါကို ရေရှည်အောင်မြင်ချင်ရင်တော့ အားလုံးဝိုင်းလုပ်ရမှာ ပေါ့’’ဟု ဝါရင့်ခရီးသွားလုပ်ငန်းရှင် ဦးအောင်မြင့်ကပြောသည်။

‘‘ဒီ (Green Season) ပရိုမိုးရှင်းမှာ ဟိုတယ်တွေက လျှော့ချပေးမယ်ဆိုပြီး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ဈေးတွေက အရင် မိုးရာသီတွေမှာလည်းရနေကျ ဈေးတွေဖြစ်နေတဲ့အတွက် ပရိုမိုး ရှင်းအတွက်ဆိုပြီးတော့ ထူးထူး ခြားခြားဖြစ်မနေဘူးပေါ့နော်။ ဒါ ပေမဲ့ ဧည့်သည်တွေကတော့စိတ်ဝင်စားမှု ရှိလာတယ်။ လူသိတာတော့ အရမ်းနည်းနေသေးတယ်။ နိုင်ငံခြားအေးဂျင့်တွေဆို မသိကြဘူး။ မသိဘူးဆိုတာကလည်း သေချာထုတ်ပြန်ကြေညာမှု မလုပ်နိုင်ခဲ့ဘူးပေါ့နော်’’ဟု Nature Dream ခရီးသွားလုပ်ငန်း မန်နေဂျင်း ဒါရိုက်တာ ဒေါ်စံပယ်အောင်က သုံးသပ်သည်။

 ယခုနှစ် မတ်လအတွင်းကဂျာမနီနိုင်ငံ ITB ဘာလင်ခရီးသွား ပြပွဲတွင် မြန်မာနိုင်ငံ၌ Green Season မိုးရာသီအတွင်း ခရီးသွားလာ၍ကောင်းပြီး ဈေးနှုန်းသက်သာစွာ လည်ပတ်နိုင်ကြောင်း ကြော်ငြာခဲ့ပြီး နိုင်ငံတကာရှိ ခရီးသွား အေ ဂျင်စီများနှင့် သတင်းမီဒီယာများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်ဟု မြန်မာနိုင်ငံခရီးသွား ဈေးကွက်မြှင့်တင်ရေးအဖွဲ့ (MTM) ကဆိုသည်။ သို့သော် Green Season ပရိုမိုး ရှင်း အစီအစဉ်က ဇူလိုင်လမှသာ ထွက်ရှိလာခဲ့ပြီး အဆိုပါခရီးသွား ပြပွဲ၌ ဈေးနှုန်းလျှော့ချပေးမည့် အစီအစဉ်များကို တရားဝင်ကြေညာ နိုင်ခြင်းမရှိ ခရီးစဉ်များ ရောင်းချခဲ့ရခြင်းမရှိခဲ့ပေ။

‘‘မတ်လမှာ ITB ဘာလင်မှာ ကြော်ငြာတုန်းကသာ အခုလို အသေးစား အစီအစဉ်တွေ ပြောနိုင်ရင် Package တွေ စောစောလုပ် ပြီး ရောင်းနိုင်တာပေါ့။  မြန်မာနိုင်ငံက မိုးရာသီမှာ ခရီးသွားလို့ကောင်း တယ်၊ ဈေးနှုန်းသက်သာတာတင် မဟုတ်ဘူး။ အားသာချက်တွေ လည်း အများကြီးရှိတယ်ဆိုပြီး တော့ပဲ ကြော်ငြာနိုင်ခဲ့တယ်။ Pa-ckage လုပ်ဖို့ဈေးနှုန်းတွေ မပေးနိုင်တော့ ခရီးစဉ်ကိုတော့ မရောင်းခဲ့ရဘူးလေ’’ ဟု မြန်မာနိုင်ငံ ခရီးသွားဈေးကွက် မြှင့်တင်ရေးအဖွဲ့ဒုဥက္ကဋ္ဌ ဒေါ်စုစုတင်ကဆိုသည်။

Green Season ပရိုမိုးရှင်း၌ တည်းခိုစရိတ်များ၊ သယ်ယူပို့ ဆောင်စရိတ်များ လျှော့ချပေးခြင်း ဖြင့်မလုံလောက်ဘဲ မိုးရာသီကာလအတွင်း လာရောက်လည်ပတ်ပါက ဗီဇာများ ဖြေလျှော့ပေးခြင်း၊ ဇုန်ဝင်ကြေးများ ဖြေလျှော့ပေးခြင်း တို့ ပြုလုပ်ပေးခြင်း၊ ခရီးသွားဧည့်သည်များ ငွေကုန်ကြေးကျမများဘဲ စိတ်ဝင်စားစေမည့် ပွဲလမ်းသဘင်များ ပြုလုပ်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးသင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက အကြံပြုသည်။

‘‘ဟိုတယ်ဈေးတွေ၊ လေကြောင်းလိုင်းတွေက ဒီထက်ပိုပြီး ဈေးလျှော့ပေးသင့်တယ်။ ထိုင်းတို့၊ ကမ္ဘောဒီးယားတို့မှာ ဒီလိုအချိန်တွေမှာ ဒီထက်ဈေးလျှော့တယ် လေ။ နောက်ပြီးဗီဇာကြေးလျှော့ ပေးတာမျိုး တခြားဆွဲဆောင်မှုတွေ လုပ်ပေးသင့်တယ်လို့ မြင်ပါတယ်’’ ဟုဦးအောင်မြင့်က အကြံပြုသည်။

မိုးရာသီ ခရီးသွားမြှင့်တင်မှု ပြုလုပ်ရာတွင် အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ မိုးရာသီအလှအပများကို ဓာတ်ပုံပြပွဲများ ပြုလုပ်ခြင်း၊ ရုပ်သံများရိုက်ကူးခြင်း၊ ပုဂံကဲ့သို့ မိုးနည်းသည့် ရှေးဟောင်း ဒေသတွင် နိုင်ငံတကာမှ ဖိတ်ခေါ် ၍ မာရသွန်ပြိုင်ပွဲများ၊ စက်ဘီးစီး ပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ စီးပွားရေး မြို့တော်များ၌ နိုင်ငံတကာစီး ပွားရေးညီလာခံများ၊ ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းတို့ကို ဆောင် ရွက်ရန်လိုအပ်ကြောင်း မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက် မြှင့်တင်ရေးအဖွဲ့က အကြံပြုသည်။

မိုးရာသီခရီးသွားမြှင့်တင်မှုသည် နှစ်စဉ်ပြုလုပ်ရမည့် အစီအစဉ်တစ်ခုဖြစ်သဖြင့် ဟိုတယ် နှင့်လေကြောင်းလိုင်းများ အနေဖြင့် ဈေးနှုန်းများ လျှော့ချပေးရာတွင် မိုးရာသီကာလမတိုင်မီ ၎င်းတို့လျှော့ပေးနိုင်သော ဈေးနှုန်းများ ကို ကြိုတင်၍ ကြေညာပေးရမည် ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင် များကဆိုသည်။

‘‘ဟိုတယ်တွေ၊ လေကြောင်းလိုင်းတွေ စောစောစီးစီးကြိုပြီးတော့ ဒီဈေးနှုန်းတွေကို လျှော့ ထားသင့်တယ်။ သူတို့လည်း သိနေတာပဲ။ နှစ်စဉ်မိုးရာသီမှာ ဧည့်သည့်အရမ်းပါးတယ်။ အနားကပ် ပြီးမှ လျှော့မယ့်အစား နှစ်စဉ်ကိုယ်လျှော့နိုင်မယ့် ဈေးတွေကို စောစောကြိုပေးထားမှ Tour Operator တွေက ကြိုတင်ရောင်းလို့ရမှာ ဖြစ်ပါတယ်။ ခရီးသွားတယ်ဆိုတာ ကြိုတင်ပြင်ဆင်ပြီးတော့မှာပဲ သွားကြတာလေ ပိုပြီးထိရောက်ချင်ရင် စောစောကြိုပေးရမှာဖြစ်ပါတယ်’’ ဟု ဒေါ်စုစုတင်ကအကြံပြုသည်။

မိုးရာသီကာလ ခရီးသွားမြှင့်တင်မှု အစီအစဉ်သည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး အစိုးရက ပံ့ပိုးမှုများလိုအပ်သလို ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော ကဏ္ဍအားလုံးကလည်း ပူးပေါင်း မြှင့်တင်ပေးရန် လို အပ်ကြောင်း ခရီးသွားလုပ်ငန်းရှင် များကဆိုသည်။

‘‘ဒီပရိုမိုးရှင်းက ခဏလေးနဲ့ တော့အောင်မြင်မှာ မဟုတ်ဘူး။ ဒါကိုငါးနှစ်လောက် အားထည့်လုပ်လိုက်ရင်တော့ အောင်မြင်မှာပါ။ ပရိုမိုးရှင်းတွေလုပ်ရင် အောင်မြင်လာနိုင်တဲ့အသိတော့ ရလာတာပေါ့။ ဥပမာ ကျွန်မအဓိကလုပ်နေတဲ့ ရုရှားဈေးကွက်ပေါ့။ ပုံမှန်ဆိုရင် ရုရှားတွေက မိုးတွင်းလာလေ့မရှိဘူး။ အခုပရိုမိုးရှင်းလုပ်ပြီး ဆွဲဆောင်တဲ့အတွက် ရုရှားဧည့် သည်တွေ ရာဂဏန်းလောက်ဝင်လာတယ်’’ ဟု ဒေါ်စံပယ်အောင် ကပြောသည်။

၂၀၁၇ နှစ်ဆန်းပိုင်းက ထုတ် ပြန်ချက်အရ အာဆီယံဒေသတွင်း နိုင်ငံများတွင် မြန်မာနိုင်ငံအနေ ဖြင့် ခရီးသွားလုပ်ငန်းကျဆင်းမှု အများဆုံးနိုင်ငံဖြစ်နေကြောင်း ဖော်ပြထားပြီး ၂၀၁၆ အတွင်း ခရီးသွားလုပ်ငန်း ၃၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ ၂၀၁၅ တွင်မြန်မာနိုင်ငံသို့ နိုင်ငံ ခြားသားခရီးသွားဧည့်သည် ၄ ဒသမ ၆ သန်းကျော် ဝင်ရောက်ခဲ့ သော်လည်း ၂၀၁၆ တစ်နှစ်လုံး တွင် ၂ ဒသမ ၉ သန်းကျော်သာ ဝင်ရောက်ကြောင်း၊ သို့သော် ယခု ၂၀၁၇ တွင် ငါးလအတွင်း နိုင်ငံခြား သားခရီးသွားဝင်ရောက်မှု ၁ ဒသမ ၅ သန်းကျော်ရှိပြီး ၂၀၁၆ က ထက် ၂၅ ရာခိုင်နှုန်းတိုးတက်လာ ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။ မြန်မာနိုင်ငံသို့လာ ရောက်လည်ပတ်သည့် ပြည်ပခရီးသွားများအနက် အာရှမှထိုင်းနိုင်ငံသားအများဆုံးဖြစ်ပြီး တရုတ်က ဒုတိယရပ်တည်သည်။ အနောက် နိုင်ငံများတွင် အမေရိကန်မှလာ ရောက်လည်ပတ်မှု အများဆုံးဖြစ် ကြောင်း ခရီးသွားထုတ်ပြန်ချက် များတွင် ဖော်ပြသည်။

Green Season ပရိုမိုးရှင်းကို ယခုနှစ်စတင် အကောင်အထည်ဖော်၍ အနည်းငယ် နောက်ကျသော်လည်း အကျိုးအမြတ်အနေဖြင့် ခရီးသွားဝင်ရောက်မှု အနည်းငယ် မြင့်တက်လာနိုင်ပြီး မိုးရာသီကာလအတွင်း မြန်မာနိုင်ငံ၌ ခရီးသွားရသည့် အတွေ့အကြုံသစ်များကို ကမ္ဘာလှည့်ခရီးသွားများ ပို၍သိရှိလာနိုင်ကြောင်း ခရီးသွားလုပ်ငန်းများက သုံးသပ်သည်။

‘‘ရှေ့နှစ်တွေမှာ တိုက်တွန်း ချင်တာကတော့ လာမယ့်နှစ်တွေမှာ အစိုးရဘက်ကလည်း Green Season မှာ ဗီဇာအခမဲ့ပေးတာမျိုး၊ ပွဲတော်တွေကျင်းပတာမျိုး တစ်ခုခုတော့ လုပ်ပေးစေချင်ပါတယ်။ အဲဒါမျိုးတွေလုပ်ပေးနိုင်ရင်လည်း တော်တော်လေး ထိရောက်နိုင်မယ်။ ဝန်ဆောင်မှုတွေ ထပ်ပြီးတော့တိုးချဲ့ဖို့ လိုအပ်နေသေးပါတယ်’’ ဟု ဒေါ်စုစုတင်က အကြံပြုသည်။။

သို့သော် Green Promotion အစီအစဉ်မှာ လိုအပ်ချက်များရှိနေသည်။

မြန်မာနိုင်ငံ၏ မိုးဦးရာသီအစ ဇွန်လတွင်စတင်ရန်စီစဉ်ခဲ့သည့် မိုးရာသီခရီးသွားမြှင့်တင်မှု အစီအစဉ်အဖြစ် လျှော့ချပေးမည့် ဈေးနှုန်းအသေးစိတ် အချက်အလက်များကို ဇွန်လဆန်းမှသာ ခရီးသွား လုပ်ငန်းရှင်အသင်းများထံ ပေးပို့နိုင်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဆိုသည်။

‘‘မူလကတော့ ဇွန်လမှာစဖို့ ရည်ရွယ်ထားပေမယ့် ညှိနှိုင်းမှုတွေမပြီးသေးတဲ့အတွက် မစနိုင်ခဲ့ဘူး။ အခုတော့ညှိနှိုင်းပြီးသွားတဲ့အတွက် ဒီဇူလိုင်လဆန်းလောက်ကစပြီး Green Season မှာလျှော့ ချမယ့် ဈေးနှုန်းအသေးစိတ်တွေကို MTF, UMTA စတဲ့အသင်းတွေကို ပေးပို့နိုင်ခဲ့တာဖြစ်ပါတယ်’’ ဟု ဒေါ်ခင်သန်းဝင်းကပြောသည်။

 ထို့အပြင် နိုင်ငံတကာခရီး သွား ဧည့်သည်များ သိရှိစေရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝက်ဘ်ဆိုက် တရားဝင်ထုတ်ပြန်မှုကိုလည်း ဇူလိုင် တတိယပတ်မှသာပြုလုပ်နိုင်ပြီး Green Season  ကာလတွင်း လျှော့ချပေးသည့် ဈေးနှုန်းများမှာလည်း ယခင်နှစ်မိုး ရာသီကာလများ၌ လျှော့ချပေးသည့်ဈေးနှုန်းများဖြင့် သိသာစွာ ကွာခြားမှု မရှိပေ။ ခရီးသွားလုပ်ငန်းရှင်များကမူ ပရိုမိုးရှင်းအစီအစဉ်ကို စိတ်ဝင်စားသူ အချို့ရှိသော် လည်း သိရှိသူ နည်းပါးနေသေး ကြောင်းဆိုသည်။

‘‘Green Season လုပ်တယ်ဆိုတာ ဒီနိုင်ငံက ခရီးသွားလုပ်ငန်းရှင်တွေတောင် အသိနည်းတယ်။ ဒါကလည်း အခုမှစတော့ လူသိများအောင်လုပ်တဲ့အပိုင်းမှာ အားနည်းသွားတဲ့ သဘောဖြစ်ပါလိမ့် မယ်။ ဒါကို ရေရှည်အောင်မြင်ချင်ရင်တော့ အားလုံးဝိုင်းလုပ်ရမှာ ပေါ့’’ဟု ဝါရင့်ခရီးသွားလုပ်ငန်းရှင် ဦးအောင်မြင့်ကပြောသည်။

‘‘ဒီ (Green Season) ပရိုမိုးရှင်းမှာ ဟိုတယ်တွေက လျှော့ချ ပေးမယ်ဆိုပြီး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ဈေးတွေက အရင် မိုးရာသီတွေမှာလည်း ရနေကျ ဈေးတွေဖြစ်နေတဲ့အတွက် ပရိုမိုးရှင်းအတွက်ဆိုပြီးတော့ ထူးထူး ခြားခြားဖြစ်မနေဘူးပေါ့နော်။ ဒါ ပေမဲ့ ဧည့်သည်တွေကတော့စိတ်ဝင်စားမှု ရှိလာတယ်။ လူသိတာ တော့ အရမ်းနည်းနေသေးတယ်။ နိုင်ငံခြားအေးဂျင့်တွေဆို မသိကြဘူး။ မသိဘူးဆိုတာကလည်း သေချာထုတ်ပြန်ကြေညာမှု မလုပ်နိုင်ခဲ့ဘူးပေါ့နော်’’ဟု Nature Dream ခရီးသွားလုပ်ငန်း မန်နေဂျင်း ဒါရိုက်တာ ဒေါ်စံပယ်အောင်က သုံးသပ်သည်။

 ယခုနှစ် မတ်လအတွင်းကဂျာမနီနိုင်ငံ ITB ဘာလင်ခရီးသွား ပြပွဲတွင် မြန်မာနိုင်ငံ၌ Green Season မိုးရာသီအတွင်း ခရီးသွားလာ၍ကောင်းပြီး ဈေးနှုန်းသက်သာစွာ လည်ပတ်နိုင်ကြောင်း ကြော်ငြာခဲ့ပြီး နိုင်ငံတကာရှိ ခရီးသွား အေ ဂျင်စီများနှင့် သတင်းမီဒီယာများ ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်ဟု မြန်မာနိုင်ငံခရီးသွား ဈေးကွက်မြှင့်တင်ရေးအဖွဲ့ (MTM) ကဆိုသည်။ သို့သော် Green Season ပရိုမိုး ရှင်း အစီအစဉ်က ဇူလိုင်လမှသာ ထွက်ရှိလာခဲ့ပြီး အဆိုပါခရီးသွား ပြပွဲ၌ ဈေးနှုန်းလျှော့ချပေးမည့် အစီအစဉ်များကို တရားဝင်ကြေညာ နိုင်ခြင်းမရှိ ခရီးစဉ်များ ရောင်းချခဲ့ရခြင်းမရှိခဲ့ပေ။

‘‘မတ်လမှာ ITB ဘာလင်မှာ ကြော်ငြာတုန်းကသာ အခုလို အသေးစား အစီအစဉ်တွေ ပြောနိုင်ရင် Package တွေ စောစောလုပ် ပြီး ရောင်းနိုင်တာပေါ့။  မြန်မာနိုင်ငံက မိုးရာသီမှာ ခရီးသွားလို့ကောင်း တယ်၊ ဈေးနှုန်းသက်သာတာတင် မဟုတ်ဘူး။ အားသာချက်တွေလည်း အများကြီးရှိတယ်ဆိုပြီးတော့ပဲ ကြော်ငြာနိုင်ခဲ့တယ်။ Pa-ckage လုပ်ဖို့ဈေးနှုန်းတွေ မပေးနိုင်တော့ ခရီးစဉ်ကိုတော့ မရောင်းခဲ့ရဘူးလေ’’ ဟု မြန်မာနိုင်ငံ ခရီးသွားဈေးကွက် မြှင့်တင်ရေးအဖွဲ့ဒုဥက္ကဋ္ဌ ဒေါ်စုစုတင်ကဆိုသည်။

Green Season ပရိုမိုးရှင်း၌ တည်းခိုစရိတ်များ၊ သယ်ယူပို့ ဆောင်စရိတ်များ လျှော့ချပေးခြင်း ဖြင့်မလုံလောက်ဘဲ မိုးရာသီကာလအတွင်း လာရောက်လည်ပတ်ပါက ဗီဇာများ ဖြေလျှော့ပေးခြင်း၊ ဇုန်ဝင်ကြေးများ ဖြေလျှော့ပေးခြင်း တို့ ပြုလုပ်ပေးခြင်း၊ ခရီးသွားဧည့်သည်များ ငွေကုန်ကြေးကျမများဘဲ စိတ်ဝင်စားစေမည့် ပွဲလမ်းသဘင်များ ပြုလုပ်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးသင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက အကြံပြုသည်။

‘‘ဟိုတယ်ဈေးတွေ၊ လေ ကြောင်းလိုင်းတွေက ဒီထက်ပိုပြီး ဈေးလျှော့ပေးသင့်တယ်။ ထိုင်းတို့၊ ကမ္ဘောဒီးယားတို့မှာ ဒီလိုအချိန်တွေမှာ ဒီထက်ဈေးလျှော့တယ်လေ။ နောက်ပြီးဗီဇာကြေးလျှော့ ပေးတာမျိုး တခြားဆွဲဆောင်မှုတွေ လုပ်ပေးသင့်တယ်လို့ မြင်ပါတယ်’’ ဟုဦးအောင်မြင့်က အကြံပြုသည်။

မိုးရာသီ ခရီးသွားမြှင့်တင်မှု ပြုလုပ်ရာတွင် အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ မိုးရာသီအလှအပ များကို ဓာတ်ပုံပြပွဲများ ပြုလုပ် ခြင်း၊ ရုပ်သံများရိုက်ကူးခြင်း၊ ပုဂံကဲ့သို့ မိုးနည်းသည့် ရှေးဟောင်း ဒေသတွင် နိုင်ငံတကာမှ ဖိတ်ခေါ် ၍ မာရသွန်ပြိုင်ပွဲများ၊ စက်ဘီးစီး ပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ စီးပွားရေး မြို့တော်များ၌ နိုင်ငံတကာစီး ပွားရေးညီလာခံများ၊ ဆွေးနွေးပွဲ များ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက် မြှင့်တင်ရေးအဖွဲ့က အကြံပြုသည်။

မိုးရာသီခရီးသွားမြှင့်တင်မှုသည် နှစ်စဉ်ပြုလုပ်ရမည့် အစီအစဉ်တစ်ခုဖြစ်သဖြင့် ဟိုတယ် နှင့်လေကြောင်းလိုင်းများ အနေဖြင့် ဈေးနှုန်းများ လျှော့ချပေးရာ တွင် မိုးရာသီကာလမတိုင်မီ ၎င်း တို့လျှော့ပေးနိုင်သော ဈေးနှုန်းများ ကို ကြိုတင်၍ ကြေညာပေးရမည် ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များကဆိုသည်။

‘‘ဟိုတယ်တွေ၊ လေကြောင်းလိုင်းတွေ စောစောစီးစီးကြိုပြီးတော့ ဒီဈေးနှုန်းတွေကို လျှော့ ထားသင့်တယ်။ သူတို့လည်း သိနေတာပဲ။ နှစ်စဉ်မိုးရာသီမှာ ဧည့်သည့်အရမ်းပါးတယ်။ အနားကပ် ပြီးမှ လျှော့မယ့်အစား နှစ်စဉ်ကိုယ်လျှော့နိုင်မယ့် ဈေးတွေကို စောစောကြိုပေးထားမှ Tour Operator တွေက ကြိုတင်ရောင်းလို့ရမှာ ဖြစ်ပါတယ်။ ခရီးသွားတယ်ဆိုတာ ကြိုတင်ပြင်ဆင်ပြီးတော့မှာပဲ သွားကြတာလေ ပိုပြီးထိရောက်ချင်ရင် စောစောကြိုပေးရမှာဖြစ်ပါတယ်’’ ဟု ဒေါ်စုစုတင်ကအကြံပြုသည်။

မိုးရာသီကာလ ခရီးသွားမြှင့်တင်မှု အစီအစဉ်သည် ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး အစိုးရက ပံ့ပိုးမှုများလိုအပ်သလို ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော ကဏ္ဍအားလုံးကလည်း ပူးပေါင်း မြှင့်တင်ပေးရန် လို အပ်ကြောင်း ခရီးသွားလုပ်ငန်းရှင် များကဆိုသည်။

‘‘ဒီပရိုမိုးရှင်းက ခဏလေးနဲ့ တော့အောင်မြင်မှာ မဟုတ်ဘူး။ ဒါကိုငါးနှစ်လောက် အားထည့်လုပ်လိုက်ရင်တော့ အောင်မြင်မှာပါ။ ပရိုမိုးရှင်းတွေလုပ်ရင် အောင် မြင်လာနိုင်တဲ့အသိတော့ ရလာတာပေါ့။ ဥပမာ ကျွန်မအဓိကလုပ် နေတဲ့ ရုရှားဈေးကွက်ပေါ့။ ပုံမှန်ဆိုရင် ရုရှားတွေက မိုးတွင်းလာလေ့မရှိဘူး။ အခုပရိုမိုးရှင်းလုပ်ပြီး ဆွဲဆောင်တဲ့အတွက် ရုရှားဧည့်သည်တွေ ရာဂဏန်းလောက်ဝင်လာတယ်’’ ဟု ဒေါ်စံပယ်အောင် ကပြောသည်။

၂၀၁၇ နှစ်ဆန်းပိုင်းက ထုတ် ပြန်ချက်အရ အာဆီယံဒေသတွင်း နိုင်ငံများတွင် မြန်မာနိုင်ငံအနေ ဖြင့် ခရီးသွားလုပ်ငန်း ကျဆင်းမှု အများဆုံးနိုင်ငံဖြစ်နေကြောင်း ဖော်ပြထားပြီး ၂၀၁၆ အတွင်း ခရီးသွားလုပ်ငန်း ၃၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ ၂၀၁၅ တွင်မြန်မာနိုင်ငံသို့ နိုင်ငံ ခြားသားခရီးသွားဧည့်သည် ၄ ဒသမ ၆ သန်းကျော် ဝင်ရောက်ခဲ့ သော်လည်း ၂၀၁၆ တစ်နှစ်လုံး တွင် ၂ ဒသမ ၉ သန်းကျော်သာ ဝင်ရောက်ကြောင်း၊ သို့သော် ယခု ၂၀၁၇ တွင် ငါးလအတွင်း နိုင်ငံခြား သားခရီးသွားဝင်ရောက်မှု ၁ ဒသမ ၅ သန်းကျော်ရှိပြီး ၂၀၁၆ က ထက် ၂၅ ရာခိုင်နှုန်းတိုးတက်လာ ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။ မြန်မာနိုင်ငံသို့လာ ရောက်လည်ပတ်သည့် ပြည်ပခရီး သွားများအနက် အာရှမှထိုင်းနိုင်ငံ သားအများဆုံးဖြစ်ပြီး တရုတ်က ဒုတိယရပ်တည်သည်။ အနောက် နိုင်ငံများတွင် အမေရိကန်မှလာ ရောက်လည်ပတ်မှု အများဆုံးဖြစ် ကြောင်း ခရီးသွားထုတ်ပြန်ချက် များတွင် ဖော်ပြသည်။

Green Season ပရိုမိုးရှင်းကို ယခုနှစ်စတင် အကောင်အထည်ဖော်၍ အနည်းငယ် နောက်ကျသော်လည်း အကျိုးအမြတ်အနေဖြင့် ခရီးသွားဝင်ရောက်မှု အနည်းငယ် မြင့်တက်လာနိုင်ပြီး မိုးရာသီကာလအတွင်း မြန်မာနိုင်ငံ၌ ခရီးသွားရသည့် အတွေ့အကြုံသစ်များကို ကမ္ဘာလှည့်ခရီးသွားများ ပို၍ သိရှိလာနိုင်ကြောင်း ခရီးသွားလုပ်ငန်းများက သုံးသပ်သည်။

‘‘ရှေ့နှစ်တွေမှာ တိုက်တွန်းချင်တာကတော့ လာမယ့်နှစ်တွေမှာ အစိုးရဘက်ကလည်း Green Season မှာ ဗီဇာအခမဲ့ပေးတာမျိုး၊ ပွဲတော်တွေကျင်းပတာမျိုး တစ်ခုခုတော့ လုပ်ပေးစေချင်ပါတယ်။ အဲဒါမျိုးတွေလုပ်ပေးနိုင်ရင်လည်း တော်တော်လေး ထိရောက်နိုင်မယ်။ ဝန်ဆောင်မှုတွေ ထပ်ပြီးတော့တိုးချဲ့ဖို့ လိုအပ်နေသေးပါတယ်’’ ဟု ဒေါ်စုစုတင်က အကြံပြုသည်။။

Top News