လယ်ထွန်နေစဉ် မိုးကြိုးပစ်ခံရ၍ လယ်သမားတစ်ဦးသေ

လယ်ထွန်နေသော လယ်သမား အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရပြီး ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ညိုမဲကာ သေဆုံးသွားကြောင်းသတင်းရရှိသည်။

အခင်းဖြစ်ပွားပုံမှာ ထန်းတပင်မြို့နယ်၊ မြခဲကျေးရွာ အရှေ့ဘက်လယ်ကွင်းတွင် မေ ၁၆ ရက် မွန်းတည့် ၁၂နာရီအချိန်က တစ်ဦးတည်း လယ်ထွန်နေသော အသက် (၂၂)နှစ်ရှိ လယ်လုပ်သား ကိုသန်းဦးသည် မိုးကြိုးပစ်ခံရ၍ ခန္ဓာကိုယ်ညာဘက်ခြမ်း ဦးခေါင်းမှ ခြေဖျားအထိ မီးလောင်ညိုမဲကာ aသဆုံးသွားကြောင်း သတင်းရရှိသည်။ အဆိုပါဖြစ်စဉ်ကို တက်သစ်ရဲစခန်းမှ သေမှုသေခင်းဖြင့် မေ ၁၆ ရက်တွင် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

More in Crime Section