အားလပ်ရက်မှာ ဖတ်စရာ

အောက်မေ့တသ​ ရှုမဝ
ဓာတ်ပုံ− နစ်ကီ

၁၉၄၇ မြန်မာပြည်လွတ် လပ်ရေးမရခင်ကတည်းက ထုတ် ဝေခဲ့တဲ့ ရှုမ၀ ရုပ်စုံမဂ္ဂဇင်းကြီးဟာ ယခု ၂၀၁၇ မှာ နှစ်ပေါင်း (၇၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ရှုမ၀ဟာ စတင်ပေါ်ထွက်လာချိန် ကနေ ၁၉၉၂ မေလအထိ နှစ် ပေါင်း (၄၅)နှစ်တိုင်တိုင် တစ်လ မပြတ်မှန်မှန်ထုတ်ဝေနိုင်ခဲ့လို့ စာ အုပ်အမှတ်(၅၄၀)အထိ ရောက်ခဲ့ ပါတယ်။ ဒါကြောင့် ရှုမ၀မဂ္ဂဇင်း ဟာ အသွင်မတူတဲ့ဖော်ပြချက် တွေနဲ့အတူ အမှတ်စဉ်အုပ်ရေ ပေါင်းငါးရာကျော်တင်ဆက်နိုင်ခဲ့ ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် မဂ္ဂ ဇင်းရပ်နားခဲ့ရပြီး ကာလအတန် ကြာငုပ်လျှိုးနေရာကနေ ယခုနှစ် (၇၀) ပြည့်အထိမ်းအမှတ်အဖြစ် ရှုမ၀မိသားစုက စီစဉ်ထုတ်ဝေ လာတာပါ။

တကယ်တော့ နှစ်ပေါင်း (၄၅)နှစ်တိုင် တစ်လမပြတ်ထုတ် ဝေနိုင်ခဲ့တာဟာ မြန်မာ့စာနယ် ဇင်းလောကမှာ မဆိုထားနဲ့ ကမ္ဘာ့ စာနယ်ဇင်းလောကမှာပါ နည်း ပါးခဲ့ပါတယ်။ ရှုမ၀မဂ္ဂဇင်းကြီး ခေတ်ကောင်းတဲ့အချိန်က စာရေး ဆရာ၊ ကဗျာဆရာတွေ၊ ကာ တွန်းဆရာ၊ ပန်းချီဆရာတွေ အ လွန်အားထားရတဲ့ သာလာယံ ဇရပ်ကြီးတစ်ဆောင်အဖြစ် မှီခို ခဲ့ရတာပါ။ ဒီလိုပဲ တစ်လတစ်လ ရှုမ၀ထွက်ပြီဆိုရင် စောင့်မျှော် ဖတ်ရှုသူတွေ ဒုနဲ့ဒေး ရှိခဲ့ပါ တယ်။ ရုပ်စုံမဂ္ဂဇင်းဆိုတဲ့အတိုင်း ရှုမ၀ကို ကြည့်လိုက်ရင်ကလောင် အင်အားအပြည့်၊ ပန်းချီ၊ ကာ တွန်းအရောင်အသွေးစုံထုံမွမ်း ထားတာကြောင့် မဂ္ဂဇင်းအင်္ဂါအ လွန်ပြည့်စုံမှန်းတန်းခနဲသိနိုင်ပါ တယ်။ အဲဒီရှုမ၀ကနေပဲ ထင်ရှား တဲ့ စာရေးဆရာ၊ ကဗျာဆရာတွေ ပေါ်ထွန်းခဲ့တာပါ။ ဒီလိုအောင် မြင်ခဲ့တာကလည်း ရှုမ၀ခေါင်း ကိုင်ဖခင်ဦးကျော်ရဲ့ အစွမ်းအစ ကြောင့်သာ ဖြစ်ပါတယ်။

ယခုနှစ်(၇၀)ပြည့် အမှတ် တရမှာတော့ မျက်နှာဖုံးမြင်က တည်းက ရှေးမူမပျက်ရှုမ၀ဟန် ရေးဆွဲထားတဲ့ ပန်းချီကိုသတိ ထားမိမှာပါ။ စာအုပ်ဆိုဒ်က လည်း ယခင်ရှုမ၀ပုံစံအတိုင်းဖြစ် သလို ပါဝင်တဲ့ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးတွေကလည်း ရှုမ၀ ပင်တိုင်တွေချည်းပါပဲ။ အဖွင့် ကဗျာမှာ ကွယ်လွန်သူကဗျာဆ ရာကြီးတွေဖြစ်ကြတဲ့ ကြည်အေး၊ ဒေါင်းနွယ်ဆွေ၊ နုယဉ်၊ မောင် ကြည်အောင်တို့ပါဝင်သလို လက် ရှိရေးသားနေတဲ့ ကဗျာဆရာတချို့ ရဲ့ ကဗျာတွေပါဝင်ပါတယ်။ ကာ တွန်းကဏ္ဍမှာဆိုရင် ဦးအောင်ရှိန်၊ ဦးဖေသိန်း၊ မောင်စိန်၊ ဦးဘထွေး၊ မောင်ဝဏ္ဏ၊ ရွှေမင်းသား၊ ငွေ ကြည်၊ မြေဇာအစရှိတဲ့ ကာတွန်း ဆရာကြီးတွေရဲ့ လက်ရာတွေကို မှတ်မှတ်ရရဖော်ပြထားပါတယ်။ ဒီလိုပဲ ဆောင်းပါးကဏ္ဍမှာဆိုရင် ဒဂုန်တာရာ၊ ရှုမ၀ဦးကျော်၊ မြသန်းတင့်၊ သော်တာဆွေအစရှိတဲ့ စာရေးဆရာကြီးတွေရဲ့ ဆောင်းပါးကောင်းတွေအပြင် ချစ်ဦးညို၊ ကိုလေး(၇၄)၊ ရွှေဒါး မောင်လေးရည်၊ ပန်းချီတင်လှ ၀င်းတင်အစရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆောင်းပါးအသစ်တွေဖတ်ရပါ မယ်။ ၀တ္ထုတိုအနေနဲ့ကတော့ မိုးမိုး(အင်းလျား)၊ ခင်မြဇင်၊ မိုး ငြိမ်းဧ၊ ရွှေကူမေနှင်း၊ လူမျိုးနော် အစရှိတဲ့ ကလောင်ရှင်တွေရဲ့ ၀တ္ထုတိုကောင်းတွေ ဖော်ပြထား ပါတယ်။ ရှုမ၀ရဲ့ ပင်တိုင်ဖြစ်တဲ့ ရှုမ၀သိပ္ပံဝတ္ထု၊ ကလေးရှုမ၀နဲ့ ချစ်ကိုယ်တွေ့ဆိုတဲ့ကဏ္ဍတွေကို လည်း မမေ့မလျော့နဲ့ ထည့်သွင်း ထားပါတယ်။ စာအုပ်အပြင်အ ဆင်ကို ယခင်ရှုမ၀မူ၊ ရှုမ၀ ဟန်အတိုင်း စီစဉ်ထားတာ ကြောင့် ဖတ်မိရင်ဟိုတုန်းကရှုမ၀ ကို တသသနဲ့ သတိရစေမှာပါ။ ထူးခြားချက်ကတော့ ရှုမ၀တစ် ထောင်ဆု ဓာတ်ပုံ မှတ်တမ်းနဲ့ ရှုမ၀မဂ္ဂဇင်းခေတ်ကောင်းချိန်က ပန်းချီဆရာကြီးတွေရဲ့ မျက်နှာဖုံး သရုပ်ဖော်ပုံတွေကို မူရင်းအတိုင်း ရောင်စုံပုံနှိပ် ဖော်ပြထားတာ ကြောင့် ရုပ်စုံမဂ္ဂဇင်းအင်္ဂါနဲ့ ပိုပြီး ညီညွတ်သွားတာမြင်ရပါတယ်။  ရသစာပေကျဆင်းနေတဲ့အချိန်၊ ရသတရား ဆွံ့အနေချိန်မှာ ကလောင်အင်အား ကောင်းကောင်းနဲ့ပေါ်ထွက်လာတဲ့ ယခုမဂ္ဂဇင်းက အားလပ်ချိန်မှာ စိတ်ကျေနပ်စေမယ့်စာအုပ်မျိုး ဖြစ်မှာပါ။ ဒါကြောင့် ဒီတစ်ပတ် ဖတ်စရာအဖြစ် 7Day Daily  ကညွှန်းဆိုလိုက်ပါတယ်။ စာအုပ်ကိုစာအုပ်ဆိုင်ကြီးတွေမှာ တန်ဖိုး ၅,၅၀၀ ကျပ်နဲ့ ၀ယ်ယူနိုင်ပါတယ်။         ။

Top News