အားလပ်ရက်မှာ လည်ပတ်စရာ

နို့လက်ဖက်ရည်သောက်ပြီး ချစ်ခြင်းသင်္ကေတ သော့ခတ်မယ်
ဓာတ်ပုံ− နစ်ကီ

ဒီတစ်ပတ်အားလပ်ရက်မှာတော့ ချစ်သူ၊ သူငယ်ချင်းတွေ အချင်း ချင်း တွေ့ဆုံလို့ကောင်းပြီး အမှတ်တရအနေနဲ့ ချစ်ခြင်းသင်္ကေတပြုလုပ်လို့ရတဲ့နေရာလေး တစ်ခုကို မိတ်ဆက်ချင်ပါတယ်။

ဆိုင်စဖွင့်ချိန် ကတည်းက Milk Tea (နို့လက်ဖက်ရည်)နဲ့ နာမည်ကြီးခဲ့တဲ့ i tea ဆိုတဲ့ဆိုင် ပါပဲ။ ဒီဆိုင်က ဖွင့်တာကြာပြီဆို ပေမယ့် ပြီးခဲ့တဲ့ ဇွန်လကမှ နေရာ အသစ်ကို ပြောင်းရွှေ့ပြီး လူငယ် အကြိုက်ဒီဇိုင်းအပြင်အဆင်နဲ့ ပြန်လည်ဖွင့်လှစ်ထားတာပါ။

 ဆိုင်ထဲကို ရောက်တာနဲ့ နာမည်အတိုကောက်ရေးထိုးပြီး သော့ခလောက်များစွာ ချိတ်ထား တဲ့ နံရံကို အရင်ဆုံးတွေ့ရမှာဖြစ် ပြီး ဆိုင်အတွင်းမှာလည်း လက် ဖက်ရည်နဲ့ပတ်သက်တဲ့ စာစုတွေ ကို မှန်ပေါင်ချိန်ဆွဲထားတာတွေ၊ နံရံတွေမှာ အလှဆင်ထားတာတွေက လာရောက်သူတွေအတွက် ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာလေးတစ်ခုပဲဖြစ်ပါတယ်။

 ဒီဆိုင်မှာ ထူးခြားတာက ချစ်ခင်ရတဲ့ ချစ်သူစုံတွဲတွေ၊ သူ ငယ်ချင်းတွေ အချင်းချင်း ချစ် ခြင်းသင်္ကေတနဲ့ သော့ခလောက် လေးတွေမှာ နာမည်ရေးပြီး သော့ ခတ်လို့ရတဲ့ Wall of Love Lock ဆိုတဲ့ နေရာလေးတစ်ခု ဖန်တီး ပေးထားပါတယ်။

နံရံလေးမှာ သံဆန်ခါလေး တပ်ထားပြီး အဲဒီသံဆန်ခါကွက် လေးတွေမှာ ချစ်ခြင်းသင်္ကေတ သော့တွဲလေးတွေ ခတ်ထားလို့ရ ပါတယ်။ ချစ်သူမရှိတဲ့ သူတွေကလည်း သော့ခလောက်တစ်ခု တည်းမှာပဲ ကိုယ်တစ်ဖက်သတ် ချစ်နေရသူ နာမည်လေးရေးပြီး ခတ်လို့ရပါတယ်။ ပြီးတော့ ချစ် ခင်ရတဲ့ သူငယ်ချင်းအချင်းချင်း၊ မိသားစုဝင် အချင်းချင်း သော့ခလောက်လေးခတ်ထားလို့ရပါ တယ်။ သော့ခလောက်လေးတွေ လည်း ကိုယ့်ဘာသာဝယ်လာလို့ရ သလို i tea ဆိုင်မှာလည်း တစ်တွဲ ကို ၁,၅၀၀ ကျပ်နဲ့ ရောင်းချပေး ပါတယ်။ သော့ခတ်ပြီးရင်တော့ သော့တံလေးကို ဆိုင်မှာပဲ ထားခဲ့ လို့ရသလို ကိုယ့်ဘာသာကိုယ် သိမ်းဆည်းလို့ရပါတယ်။

ဒီအစီအစဉ်လေးက စတင် တာ တစ်လလောက်ပဲ ရှိသေးပေမယ့် လူငယ်တော်တော်များများက စိတ်ဝင်တစားနဲ့ သော့ခလောက်လေးတွေ ချိတ်ထားတဲ့အတွက် Wall of Love Lock နေရာလေးမှာ သော့ခလောက်လေးတွေ တော်တော်များများနေရာယူထားပါတယ်။

Wall of Love Lock နေရာ လေးမှာ သော့ခလောက်တွေ ပြည့်သွားလို့ရှိရင်လည်း ပြန်မဖြုတ်ဘဲ နံရံလေးအသစ်တစ်ခု ဖန်တီးပေးမှာဖြစ်ပါတယ်။

ချစ်ခြင်းသင်္ကေတ သော့ ခလောက်လေးတွေခတ်ပြီးပြီဆို ရင်တော့ ဆိုင်ရဲ့အထင်ကရ အ စားစာလေးတွေကိုလည်း မြည်း စမ်းသင့်ပါတယ်။

i tea က စဖွင့်ချိန်ကတည်းက Milk Tea နဲ့ နာမည်ကြီးခဲ့တဲ့ဆိုင် လေးဖြစ်တဲ့အတွက် အရသာရှိ အမျိုးစုံတဲ့ နို့လက်ဖက်ရည်နဲ့ Fruit Tea အမျိုး ၃၀ ကျော် လောက်ရပါတယ်။ နို့လက်ဖက်ရည်၊ Smoo- thies၊ Fruit Tea ၊ Frosts ၊ လက် ဖက်ရည်မပါတဲ့ Tease တွေကို လည်း အရသာစုံစုံလင်လင်နဲ့ ရရှိ နိုင်ပါတယ်။ ဈေးနှုန်းတွေကတော့ ကျပ် ၃,၀၀၀ ကနေ ၃,၅၀၀ ကျပ်အထိ ရှိပါတယ်။

ပြီးတော့ ဒီဆိုင်မှာ နာမည် ကြီးတဲ့ Kim Pot ဆိုတဲ့ ဟော့ပေါ့ ကိုလည်း မဖြစ်မနေ စားသုံးသင့် ပါတယ်။ Kim Pot မှာ အသား တစ်ပွဲ၊ အသီးအရွက်စုံနဲ့ ခေါက် ဆွဲတစ်ပွဲတို့ပါပြီး နှစ်ဦးစားသုံး လို့ရပါတယ်။

ရွေးချယ်စရာက ၀က်သား၊ ကြက်သား၊ ပင်လယ်စာအစုံတို့ နှစ်သက်ရာရွေးချယ်နိုင်ပြီး ဈေး နှုန်းကတော့ ကျပ် ၁၁,၀၀၀ က နေ ၁၄,၉၀၀ အထိ ရှိပါတယ်။

ပြီးတော့ ပါစတာ၊ ပီဇာ၊ အာလူးချောင်းကြော်၊ ငါးအသား ချောင်းကြော်၊ ပြည်ကြီးငါးအစပ် ကြော် စတဲ့ ပေါ့ပေါ့ပါးပါး စား စရာတွေလည်း ရရှိနိုင်ပါသေး တယ်။ i tea မှာ အထူးအစီအစဉ်အ နေနဲ့ ကျပ် ၁၀,၀၀၀ ဖိုးစားသုံးတဲ့ သူတိုင်းကို loyalty card လေး ပေါ်မှာ တံဆိပ်လေးတစ်ခု နှိပ်ပေးပြီး တံဆိပ်နှစ်ခု ပြည့်ပါက အ အေးတစ်မျိုးအတွက် sinker free၊ တံဆိပ် ငါးခုဆို lava cake၊ ခုနစ်ခုဆို mango pudding၊ ၁၀ ခုဆို အပ်မှိုကြော်တစ်ပွဲ လက် ဆောင်ပေးမှာဖြစ်ကာ တံဆိပ် ၁၂ ခုလုံးပြည့်သွားရင်လည်း kim pot ကို ၅,၀၀၀ လျှော့ပေးမှာဖြစ် ပါတယ်။

မိုးအေးအေးလေးမှာ ဟော့ ပေါ့လေးစား၊ နို့လက်ဖက်ရည်လေးသောက်ပြီး ချစ်ခြင်းသင်္ကေတ သော့ခတ်ချင်တယ်ဆိုရင်တော့အမှတ် (၃၅)၊ စဥ့်အိုးတန်း အောက်ဘလောက် လသာမြို့နယ်မှာရှိတဲ့ i tea ဆိုတဲ့ ဆိုင်ကို သွားရောက်ဖို့ လမ်းညွှန်ချင်ပါတယ်။         ။

Top News