ကြက်နှင့်ဘဲများ ပို့ဆောင်ရောင်းချလာသည့် လမ်းကြောင်းများ သတင်းပို့ရန် ဒိုင်များကို ညွှန်ကြားထား

ရန်ကုန်မြို့ရှိ ဈေးတစ်ခုတွင် ကြက်သားများရောင်းချနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

 ရန်ကုန်တိုင်းရှိ ကြက်၊ ဘဲ ရောင်းချသည့် ဒိုင်များသို့ တင် ပို့ရောင်းချသည့် ကြက်နှင့် ဘဲများ ၀င်ရောက်ရာလမ်းကြောင်းကို သ တင်းပို့ရန် ညွှန်ကြားထားကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီဈေးများဌာနမှူး ဦးစံရွှေထွန်းက ပြောသည်။

မင်္ဂလာတောင်ညွန့် ကြက် ဘဲဒိုင်၊ လှိုင်သာယာရှိ ကြက်ဘဲ ဒိုင်တို့ကို ကြက်နှင့်ဘဲများ ၀င် ရောက်ရာ လမ်းကြောင်းကို သ တင်းပို့ရန် ညွှန်ကြားထားပြီး ဈေး များအတွင်း ရောဂါပိုးဝင်ရောက်မှုမရှိစေရန် ပိုးသတ်ဆေးများ ဖျန်းကာ သန့်ရှင်းမှုရှိစေရန် အ ကြောင်းကြားထားခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ ကြားက တည်းက ဆေးတွေလိုက်ဖျန်းပြီး လုပ်သင့်လုပ်ထိုက်တာတွေ လုပ် ပြီးပါပြီ။ မင်္ဂလာတောင်ညွန့် ကြက်၊ ဘဲဈေးတို့၊ အဲဒီလှိုင်သာ ယာကြက်၊ဘဲဈေးတို့ကို ကျွန်တော် တို့က အကုန်ညွှန်ကြားထားပြီး သားပါ။ ဘယ်ကလာလဲ၊ဘယ်က နေပို့လဲ အဲဒီဟာရယ် နောက်အ ဓိကကတော့ သန့်ရှင်းရေးအပိုင်း ကို အဓိကထားလုပ်ခိုင်းတာပေါ့’’ ဟု ၎င်းက ဆိုသည်။

Top News