ကျောက်ထုမြို့နယ်ခွဲတွင် အမျိုးသားတစ်ဦး ဦးခေါင်း၌ တူမီးသေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

မိမိကိုယ်ကိုယ်သတ်သေသည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့သုံးသပ်
သေဆုံးသူ၏ အလောင်းအား မိအယ်ချောင်းကွင်းပြင်တစ်နေရာတွင် တွေ့ရစဉ်(ဓာတ်ပုံ − ကိုသန်းနိုင်)

ဂန့်ဂေါခရိုင် ကျောက် ထုမြို့နယ်ခွဲ မိအယ်ချောင်းကွင်း ပြင်တွင် တူမီးသေနတ်ဒဏ်ရာ ဖြင့် ဦးခေါင်းပွင့်ထွက်သေဆုံးနေ သော အမျိုးသားတစ်ဦး  အလောင်းကို ဇူလိုင် ၃၀ ရက်က တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ 

မိအယ်ကျေးရွာအနီး မိအယ်ချောင်းကွင်းပြင်တွင် သေဆုံးနေသည့်  အမျိုးသားတစ်ဦး အလောင်းတွေ့ရှိကြောင်း နယ်မြေအုပ်စုအုပ်ချုပ်ရေးမှူးက  အ   ကြောင်းကြားသဖြင့်  သွားရောက် စစ်ဆေးရာ အသက်(၃၉)နှစ်အ ရွယ်အမျိုးသားသည် အဆိုပါ ချောင်းကွင်းပြင်၌ ပက်လက်အ နေအထား၊ ဦးခေါင်းပွင့်ထွက် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း ကျောက်ထုတ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

သေဆုံးနေသူ၏အနီးတွင် သုံးပေအရှည်ရှိ တူမီးသေနတ် တစ်လက်ကို မရိုးပင်၏ပင်စည် ၌ ချည်နှောင်ထားသည့်အနေအ ထားဖြင့် တွေ့ရှိရပြီး ၎င်း၏ဘယ်ဘက်လက်တွင် ယမ်းမီးလောင် ထားသည့် ဒဏ်ရာအချို့နှင့် ညာ ဘက်လက်တွင် တူမီးသေနတ်၌ ချည်နှောင်ထားသည့် နိုင်လွန်ကြိုး ကို ကိုယ်တိုင်ဆွဲထားသည့် အခြေ အနေများ စစ်ဆေးတွေ့ရှိရ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

ထို့အပြင် အဆိုပါသေဆုံး သူသည် အရက်အလွန်အကျွံ သောက်သုံးမှုကြောင့် စိတ်အခြေ အနေပုံမှန်မဟုတ်သူဖြစ်ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။ ထို့ကြောင့် သေဆုံးခဲ့ သူမှာ တူမီးသေနတ်ကို အသုံးပြုပြီး မိမိကိုယ်ကိုယ် သတ်သေခဲ့ သည်ဟု ယူဆရကြောင်း သုံးသပ် သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။ 

အဆိုပါအမှုကို ဓမ္မတာအ တိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် သေဆုံးသူအလောင်း အား  ကျောက်ထုနယ်မြေဆေးရုံ သို့   ပို့ဆောင်စစ်ဆေးနေပြီး ကျောက်ထုနယ်မြေ   ရဲတပ်ဖွဲ့စ ခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိ သည်။ 

Top News