ရုပ်ရှင်အကြိုခံစားခြင်း

ရာဇဝင်ရိုင်းသူများ

- ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာ တော့ အချစ်ဒရာမာ ဇာတ်ကား တစ်ကားအကြောင်းကို ညွှန်းပေး လိုက်ပါတယ်။

မိုးဆွေနဲ့ ယိမ်းမြသာတို့က အရမ်းချစ်ကြတဲ့ ချစ်သူတွေပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ ဘဝ ခရီးအတွက် မိုးဆွေက နိုင်ငံခြား မှာ သွားပြီး အလုပ်လုပ်ခဲ့ရပါ တယ်။ အဲဒီအချိန်မှာပဲ ယိမ်းမြသာတို့ အရင်နေတဲ့ အိမ်ကနေ ပြောင်း သွားခဲ့တာကြောင့် သူတို့နှစ်ဦး ကြားမှာ အဆက်အသွယ် ပြတ် သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ယိမ်းမြသာက သူ့အဖေရဲ့ ကျန်း မာရေးအခြေအနေကြောင့် မြင့်မိုရ်ရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ် ခဲ့ရပါတယ်။ မြင့်မိုရ်က ယိမ်းမြ သာကို စိတ်ဝင်စားခဲ့ပြီး သူ့အ တွက်လည်း အကူအညီပေးခဲ့ပါ တယ်။ အဖေတစ်ခု သမီးတစ်ခု ဘဝနဲ့ နေခဲ့ရတဲ့ ယိမ်းမြသာတစ် ယောက် သူ့အဖေ ဆုံးသွားတဲ့အ ချိန်မှာတော့ အဖော်မဲ့သွားခဲ့ပါ တယ်။ အဲဒါကြောင့် မြင့်မိုရ်က ယိမ်းမြသာကို လက်ထပ်ချင်တဲ့ အကြောင်း ဖွင့်ပြောခဲ့ပါတယ်။  ယိမ်းမြသာဘက်ကတော့ သူ့မှာ ရည်ရွယ်ထားတဲ့လူ ရှိတဲ့ အ ကြောင်း ပြောပြထားခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ မြင့်မိုရ်က သူ့ချစ်သူနဲ့ ဆက်သွယ်နိုင်ဖို့ အချိန် တစ်ခုပေးခဲ့ပြီး အဲဒီအချိန်မှ မဆက်သွယ်ဘူးဆိုရင် မြင့်မိုရ်က သူ့ကို လက်ထပ်ဖို့ တောင်းဆို ထားခဲ့ပါတယ်။

တကယ်တော့ မိုးဆွေက နိုင်ငံခြားက ကုမ္ပဏီတစ်ခုမှာ အလုပ် ကောင်းကောင်းရနေတာပါ။ သူ့ချစ်သူ ယိမ်းမြသာဆီကို ဆက် သွယ်ချင်ပေမယ့် အရင်နေရာမှာ မရှိတော့ ဆက်သွယ်လို့မရဖြစ်နေ ခဲ့ပါတယ်။ သူကိုယ်တိုင်ပြန်လာ ဖို့ကလည်း သူဌေးရဲ့ လူယုံလို ဖြစ်နေတာကြောင့် အရမ်းအလုပ် ရှုပ်နေပြီး ပြန်မလာနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ယိမ်းမြသာရဲ့ စေ့စပ်တဲ့ အကြောင်းကို ကြားခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ သူ ယိမ်းမြသာဆီကို မရောက်ရောက်အောင် ပြန်လာခဲ့ပါတယ်။ တကယ်တော့ ယိမ်းမြသာရဲ့ စေ့စပ်လမ်းကြောင်းတဲ့ သတင်းက မြင့်မိုရ်က သူ့သဘောနဲ့သူ ထည့်လိုက်တာပါ။ ယိမ်းမြသာကတော့ မသိခဲ့ပါဘူး။ တကယ်တော့ အဲဒီအချိန်မတိုင်ခင်ကတည်းက မြင့်မိုရ်နဲ့ မိုးဆွေတို့ကြားမှာ ထုတ်ကုန်ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး အငြိုးအတေးတစ်ခု ရှိထားခဲ့ပါတယ်။ အဲဒီကိစ္စမှာ မြင့်မိုရ်ဘက်က အများကြီးဆုံးရှုံးသွားခဲ့တာပါ။ မိုးဆွေ ယိမ်းမြသာကို သွားတွေ့တဲ့ အချိန်မှာတော့ စေ့စပ်ပွဲက သူ့သဘောနဲ့ မဟုတ်ဘူးဆိုတာကို သိခဲ့ရပါတယ်။ အဲဒီမှာ မိုးဆွေထင်လိုက်တာက မြင့်မိုရ်က သူ့စီးပွားရေး ထိခိုက်ခဲ့ဖူးတာကြောင့် သူ့ကို လက်စားချေတာလို့ ထင်ခဲ့ပါတယ်။

တကယ်တော့ ယိမ်းမြသာရဲ့ ချစ်သူက မိုးဆွေမှန်းမြင့်မိုရ်မသိခဲ့ပါဘူး။ ဒါပေမဲ့ ယိမ်းမြသာ သူ့ဆီက အလုပ်ထွက်သွားပြီး မိုးဆွေနဲ့ လက်ထပ်တော့မယ်ဆိုတဲ့ အချိန်မှာတော့ မြင့်မိုရ်က သူ့ကို စီးပွားရေးမှာသာမဟုတ်ဘဲ လူမှုရေးဘက်မှာပဲ ကျဆုံးအောင် အကွက်ကျကျစီစဉ်ခဲ့တာလို့ ထင်ခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ ချစ်သူနှစ်ယောက်ဖြစ်တဲ့ မိုးဆွေနဲ့ ယိမ်းမြသာတို့ကတော့ လက်ထပ်ဖို့ စီစဉ်နေကြပါတယ်။ အဲဒီအချိန်မှာ အငြိုးအတေးစိတ်တွေကြီးနေတဲ့ မြင့်မိုရ်က မင်္ဂလာလက်ဖွဲ့ကို မြွေတစ်ကောင် ထည့်ပေးခဲ့ပါတယ်။ သူကတော့ ဘယ်သူ့ကို ဖြစ်ရမယ် မရည်ရွယ်ခဲ့ပေမယ့် မြင့်မိုရ်နာမည်နဲ့ လက်ဖွဲ့ကို ယိမ်းမြသာတစ်ယောက်တည်း ဖောက် ခဲ့တာကြောင့် မြွေပေါက်ခံရပြီး နေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားပါတယ်။ ယိမ်းမြသာ သေဆုံးသွားတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး မြင့်မိုရ်ကို စစ်ဆေးခဲ့ပေမယ့် အကြောင်းပြချက် မခိုင်လုံတာကြောင့် မဖမ်းနိုင်ခဲ့ ပါဘူး။ ချစ်သူအတွက် ကလဲ့စားကို မိုးဆွေ ဘယ်လိုတုံ့ပြန်မှာလဲ။ မြင့်မိုရ်နဲ့ မိုးဆွေတို့ရဲ့ အငြိုးအတေး တွေ ငြိမ်းချမ်းသွားနိုင်မလားဆိုတာကိုတော့ သြဂုတ် ၁၁ ရက်ကနေ စတင်ပြီး ရန်ကုန်၊ မန္တလေး အပါအဝင် နယ်မြို့က ရုပ်ရှင်ရုံတွေမှာပါ တစ်ပြိုင်တည်း ပြသမယ့် ရာဇဝင်ရိုင်းသူများ ရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ မြင့်မိုရ်အဖြစ် ပြေတီဦး၊ မိုးဆွေအဖြစ် မြင့်မြတ်၊ ယိမ်းမြသာအဖြစ် ပတ်ထရစ်ရှာတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး သိန်းသန်းထွန်းရဲ့ ဝတ္ထုကို အောင်ကြီး ဇာတ်ညွှန်းရေးပေးထားကာ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က ရိုက်ကူးပုံဖော်ထားပါတယ်။

Top News