ချန်ပီယံဂေါက်သီးမယ်များ မွေးထုတ်နေသော တောင်ကိုရီးယား

တောင်ကိုရီးယားဂေါက်သီးမယ် ပတ်ဆွန်ဟွန်း Elsa / Getty Images

မကြာသေးမီက ကျင်းပပြီးစီး ခဲ့သော ယူအက်စ်အိုးပင်းအမျိုး သမီးဂေါက်သီးရိုက်ပြိုင်ပွဲတွင် တောင်ကိုရီးယားဂေါက်သီးမယ် ပတ်ဆွန်ဟွန်း (၂၃)နှစ်က ချန်ပီယံဆုဖလားကို ဆွတ်ခူးခဲ့သည်။ တောင်ကိုရီးယားနိုင်ငံမှ မွေးထုတ်လိုက်သော ချန်ပီယံဂေါက်သီးမယ်များအနက်မှ နောက်ဆုံးထွက်ပေါ်လာသည့် ချန်ပီယံတစ်ဦးဖြစ် သည်။


‘‘ကျွန်မကောင်းကင်ပေါ်က တိမ်ထုထဲမှာ ဝဲပျံနေသလိုပဲ ခံစား ရတယ်’’ဟု ပတ်ဆွန်ဟွန်းက ပြောပြသည်။ အခြားတောင်ကိုရီး ယားဂေါက်သီးမယ်ရှစ်ဦးလည်း ယူအက်စ်အိုးပင်း၏ ထိပ်ဆုံး ၁၀ ဦးစာရင်းတွင် ပါဝင်ခဲ့သည်။

တောင်ကိုရီးယားအမျိုးသ မီးများသည် အလွန့်အလွန်ပြိုင် ဆိုင်မှုပြင်းထန်သော ကစားနည်း ကို လွှမ်းမိုးထားပြီး လွန်ခဲ့သော ၁၀ နှစ်က ယူအက်စ်အိုးပင်းချန်ပီယံ ၁၀ ဦးတွင် ခုနစ်ဦးသည် တောင် ကိုရီးယားနိုင်ငံမှဖြစ်သည်။ ထိုကဲ့ သို့ အောင်မြင်ရေးအတွက် မည် သည့်အရာက တွန်းအားပေးပါသ နည်း။

ဆယ်စုနှစ်များစွာပင် တောင် ကိုရီးယားနိုင်ငံသည် လူကြိုက်များ သော ယဉ်ကျေးမှုကို တင်ပို့သော အဓိကနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ ငွေရေးကြေးရေးအရ စွဲမက်စရာ ကောင်းသော ကိုရီးယားလှိုင်းပေါ့ပ် ယဉ်ကျေးမှုသည် ဒေသဆိုင် ရာဖြစ်ပေါ်တိုးတက်မှုမှသည် ကမ္ဘာလုံးဆိုင်ရာ အောင်မြင်မှု ဇာတ်လမ်းဖြစ်ခဲ့ပြီး ကေပေါ့ပ်အဖွဲ့များနှင့် ဒရာမာဇာတ်လမ်းတွဲများကို တစ်ကမ္ဘာလုံးက တမ်းတမ်းစွဲ ဖြစ်လာခဲ့သည်။

တောင်ကိုရီးယားဂေါက်သီး မယ်များသည် ယခုအခါကေပေါ့ပ် နှင့် ကေဒရာမာကြယ်ပွင့်များ၏ အဆင့်သို့ ရောက်ရှိလာပြီး ၎င်း တို့၏ ကစားသမားများမှာလည်း ကမ္ဘာ့အဆင့်တွင် လေးစားမှုရရှိ နေသည်။

‘‘လူတွေအများစုက ကိုရီး ယားအမျိုးသမီးတွေကို ကေ့ပေါ့ပ်၊ကေဒရာမာတွေနဲ့ပဲ တွဲဖက်မြင် နေကြတယ်။ ဒါပေမဲ့ ပတ်ဆွန် ဟွန်းဟာ ကျွန်တော်တို့နိုင်ငံက ပေါ်ထွက်လာတဲ့ အစဉ်အဆက် အမျိုးသမီးချန်ပီယံတွေထဲက တစ်ယောက်ပါ’’ဟု ဖေ့စ်ဘွတ်ခ် ပေါ်မှ ဂေါက်သီးပရိသတ် ဂျင်ဂျို ဆိုက ရေးသားဖော်ပြခဲ့သည်။

ဆယ်စုနှစ်များစွာ ပြင်းထန် စွာ လေ့ကျင့်၊ ပြင်းထန်သော ပြိုင် ပွဲများမှနေ၍ စိတ်ဓာတ်ခိုင်မာပြီး ငယ်ရွယ်သော တောင်ကိုရီးယား အမျိုးသမီးဂေါက်သီးမယ်များ ပေါ်ထွက်လာပြီး ၎င်းတို့က စဉ်းစားရ သော အမျိုးသားအားကစားနည်း ကို တော်လှန်ရေးဆင်နွှဲခဲ့သည်။

၂၀၀၈ ကစ၍ ပရော်ဖက်ရှင် နယ်အမျိုးသမီးဂေါက်သီးအဖွဲ့ ချုပ် (LPGA) ၏ အဓိကပြိုင်ပွဲ ကြီးများ ၄၀ ရာခိုင်နှုန်းကို တောင် ကိုရီးယားအမျိုးသမီးများက အနိုင်ရရှိပြီး လက်ရှိကမ္ဘာ့အမျိုးသမီး ထိပ်သီး ၁၀ ဦးစာရင်းတွင်လည်း တောင်ကိုရီးယားအမျိုးသမီး ဂေါက်သီးမယ်ငါးဦးပါဝင်သည်။ ကမ္ဘာ့ထိပ်သီး ၁၀၀ တွင် ၄၀ ဦး အထိ ပါဝင်သည်။

‘‘တောင်ကိုရီးယားတွေဟာ ကမ္ဘာပေါ်မှာ စည်းကမ်းအရှိဆုံး လူမျိုးပါ။ သူတို့ကို တစ်ခုခုလုပ်ဖို့ ပြောလိုက်တယ်ဆိုရင် သူတို့က လုပ်ရုံလုပ်တာမဟုတ်ဘူး။ အ ကြိမ်ပေါင်းမရေမတွက်နိုင်အောင် ပြင်းပြင်းထန်ထန်နဲ့ ဇွဲရှိရှိလုပ်ကြ တယ်။ အလုပ်ကို ကြိုးစားတာနဲ့ စည်းကမ်းပေါင်းစပ်လိုက်တဲ့အခါ မှာ အောင်မြင်မှု ဖန်တီးလာနိုင်ပါ တယ်’’ဟု ဆိုးလ်မြို့တွင် ဂေါက် သီးအကယ်ဒမီဖွင့်လှစ်ထားသော ပရော်ဖက်ရှင်နယ်ဂေါက်သီးနည်း ပြ ဘရိုင်ယန်မော့ဂ်က စီအင်န် အင်န်၏ Living Golf Show တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားမှ ချန်ပီယံ ဂေါက်သီးမယ်များ ပေါ်ထွက်ရေး ရှေ့ဆောင်လမ်းဖောက်ခဲ့သူမှာ ပက်ဆီရီဖြစ်သည်။ ပက်သည် ၁၉၉၈ LPGA တံခွန်စိုက်ပြိုင်ပွဲကြီး တွင် အနိုင်ရရှိပြီး ပြိုင်ပွဲကြီးတစ်ပွဲ (Major) ကို ပထမဆုံးချန်ပီယံ ဖြစ်လာသော တောင်ကိုရီးယား ဂေါက်သီးမယ်ဖြစ်လာသည်။

ပက်ဆီရီသည် ပရော်ဖက် ရှင်နယ်ဂေါက်သီးပြိုင်ပွဲပေါင်း ၃၉ ပွဲကို ဆက်လက်အနိုင်ရရှိပြီး စုစုပေါင်း ပြိုင်ပွဲကြီး ငါးခုတွင် ဗိုလ်စွဲခဲ့သည်။ ပက်ဆီရီက စတင်ထိုး ဖောက်ပြီးနောက် ၁၀ နှစ် အကြာ တွင် သူမွေးဖွားပေးခဲ့သောကလေး များ ပရော်ဖက်ရှင်နယ်အဆင့်သို့ တစ်ဦးပြီးတစ်ဦး တက်လှမ်းလာ ကာ လွှမ်းမိုးသော အဆင့်သို့ ရောက်ရှိလာသည်။

ပက်ဆီရီနောက်ပိုင်းတွင် အဓိကပြိုင်ပွဲ (Major) ကြီးများ တွင် ဗိုလ်စွဲသူ ၁၁ ဦးအထိ တောင်ကိုရီးယားနိုင်ငံမှ ပေါ်ထွက်လာခဲ့ သည်။ လက်ရှိကမ္ဘာ့နံပါတ် (၈) ပက်အင်ဘီးသည် အသက် (၂၈) နှစ်တွင် မေဂျာပြိုင်ပွဲနှစ်ရပ်၌ ဗိုလ်စွဲခဲ့ပြီး ကမ္ဘာ့နံပါတ် (၁)ဟောင်း လင်ဒီယာကို (လက်ရှိ ကမ္ဘာ့အ ဆင့် (၄))သည် အသက် (၁၄)နှစ် အရွယ်မှာပင် ပထမဆုံးပရိုပြိုင်ပွဲ၌ အနိုင်ရရှိခဲ့ပြီး ဆိုးလ်မြို့တွင် မွေး ဖွားခဲ့သူဖြစ်ကာ နောက်ပိုင်း နယူးဇီလန်နိုင်ငံသို့ ပြောင်းရွှေ့သွားခဲ့ သူဖြစ်သည်။

‘‘ဆီရီက တောင်ကိုရီးယား ဂေါက်သီးအဆင့်အတန်းကို မြှင့် တင်ပေးခဲ့ပါတယ်။ ကစားသမား အများအပြားကို အထောက်အကူ  ဖြစ်စေခဲ့ပါတယ်’’ဟု မေဂျာပြိုင်ပွဲ နှစ်ခုတွင် ဗိုလ်စွဲခဲ့သူ လက်ရှိ ကမ္ဘာ့နံပါတ် (၆) ချွန်အင်ဂီက ပြောသည်။

‘‘ဆီရီဟာ တောင်ကိုရီးယား မှာတော့ ဂန္ထဝင်စာရင်းဝင် ဂေါက် သီးမယ်ပါ။ သူ့လမ်းကြောင်းအ တိုင်း လိုက်ရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါ’’ဟု ပရိုပြိုင်ပွဲသုံးပွဲ တွင် ဗိုလ်စွဲခဲ့ပြီး ပြိုင်ပွဲဝင်ငွေ ကန် ဒေါ်လာ နှစ်သန်းရရှိထားသော ဂျန်ဟာနာက စီအင်န်အင်န် သတင်းဌာန ၂၀၁၆ နှစ်ကုန်ပိုင်းက ပြောခဲ့သည်။

တောင်ကိုရီးယားတို့၏ စိတ် ဓာတ်အရ ပက်ဆီရီ၏ နောက်မှ တက်လာသော လူငယ်များသည် သူ့ကို အားကျသည်သာမက သူ့ ထက်ပါကျော်အောင် စွမ်းဆောင် ချင်ကြသည်။ ငယ်စဉ်ကတည်းက ပင် အနိုင်ရရှိသူများကိုသာ ချီးမြှင့် ခြင်းကြောင့် တစ်ကြောင်းတည်း သော စိတ်ဓာတ်ဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်သူများ ပေါ်ထွက်လာ သည်။

‘‘ကျွန်မအမေရိကန်ကစား သမားတွေကို ကြည့်တဲ့အခါ သူတို့က သူငယ်ချင်းတွေလိုပဲ။ တစ် ယောက်ကို တစ်ယောက်အားပေး ကြတယ်။ ဒါပေမဲ့ ကိုရီးယားကစား သမားတွေကြားမှာတော့ ပြိုင်ဆိုင် မှု ပြင်းထန်တယ်။ သူတို့က တစ် ယောက်ကို တစ်ယောက် ပြိုင် ဘက်လို့ပဲ သဘောထားတယ်။ မိတ်ဆွေလို့ မမှတ်သလို ငါတို့နဲ့ အတူတူ ယှဉ်ပြိုင်သူလို့လည်း မမြင်ကြဘူး’’ဟု ဂျန်ဟာနာက ပြောပြသည်။

‘‘အဲဒီပြိုင်ဘက်ဆိုတဲ့ အသိ စိတ်ကြောင့် တစ်ချိန်လုံး ကြိုးစား နေရတယ်။ တခြားလူတွေ အောင် မြင်တာတွေ့ရင် ကျွန်မရည်မှန်း ချက်တွေ ပြည့်အောင် ကြိုးစား အားထုတ်တယ်။ လူတိုင်းမှာ အဲဒီ စိတ်ဓာတ်ရှိမယ်လို့ ထင်တယ်’’ဟု ချွန်အင်ဂီးကလည်း ပြောသည်။

ဆိုးလ်မြို့ Sky 72 ကလပ်မှ ပရော်ဖက်ရှင်နယ်များခေါင်း ဆောင် ယန်ချန်ဂုတ်က ထပ်မံ အကျယ်ချဲ့ပြောသည်။

‘‘အနောက်တိုင်း ယဉ်ကျေး မှုမှာ အနိုင်ရဖို့ အရေးကြီးပေမယ့် လည်း သူတို့က ယှဉ်ပြိုင်သူ အ ကုန်လုံးကို လေးစားတယ်။ အသိ အမှတ်ပြုကြတယ်။ ဒါပေမဲ့ ကိုရီး ယားမှာတော့ အနိုင်ရတဲ့လူကိုပဲ ဂုဏ်ပြုကြတယ်။ ပထမနေရာပဲ။ ဒါကြောင့်မို့ ငယ်ငယ်ကတည်းက ကလေးတွေရဲ့ စိတ်ထဲမှာ စွဲနေ တာက ချန်ပီယံဖြစ်ရင်ဖြစ်၊ မဖြစ် ရင် ဘာကောင်မှမဟုတ်ဘူးဆို တာပဲ’’ဟု ယန်ချန်ဂုတ်က ပြော သည်။

ဂန္ထဝင်ကစားသမား ပက်ဆီ ရီ (၃၉)နှစ်သည် ၂၀၁၆ တွင် အနားယူသွားပြီဖြစ်သည်။ သို့ သော် ၎င်း၏ ခြေရာနင်းပြီး ယခု အခါ LPGA ပြိုင်ပွဲများသို့ လွှမ်းမိုး ထားသော လူငယ်များအတွက် ဂုဏ်ယူနေသည်။

‘‘ကျွန်မအလွန်ပဲ ဂုဏ်ယူပါ တယ်။ ပရော်ဖက်ရှင်နယ်ဂေါက် သီးပြိုင်ပွဲတွေမှာ တောင်ကိုရီးယား ဂေါက်သီးမယ်တွေ အများကြီး အောင်မြင်မှုရနေတာ တွေ့ရတော့ကျွန်မအောင်မြင်ခဲ့တာတွေအ တွက် ဂုဏ်ယူမိတယ်’’ဟု ပက်ဆီ ရီက ပြောသည်။

‘‘မင်းဘယ်နိုင်ငံကပဲဖြစ်ဖြစ်၊ ဘယ်အခြေအနေကပဲဖြစ်ဖြစ် မင်းရဲ့ အိပ်မက်တွေကို အကောင် အထည်ဖော်မယ်၊ ကြိုးစားမယ်ဆို ရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ ကို ကျွန်မတို့ သက်သေပြခဲ့ပြီး ဆက်ပြီးတော့လည်း သက်သေပြ နေပါတယ်’’ဟု ပက်ဆီရီက ပြော ကြားသည်။

ပြင်းထန်သော လေ့ကျင့်မှု အစီအစဉ်များ ကြောင့်လည်း တောင်ကိုရီးယားဂေါက်သီးမယ် များ အောင်မြင်ခြင်းဖြစ်သည်ဟု ပက်ဆီရီက ပြောပြသည်။

‘‘ဂေါက်သီးရိုက်တယ်ဆိုတာ အကြိမ်ကြိမ်အထပ်ထပ် လုပ်ရတဲ့ ကစားနည်းပါ။ မကြာခဏဆိုသ လို အာရုံစူးစိုက်ဖို့ ခက်ပါတယ်။ ဒါပေမဲ့လည်း ကြိုးစားအားထုတ် မှု၊ စိတ်ပိုင်းဖြတ်မှုနဲ့ ထောက်ခံမှု အများအပြား ကျွန်မရရှိခဲ့ပါတယ်’’ဟု ဂက်ကဆိုသည်။

ယဉ်ကျေးမှု အရလည်း တောင်ကိုရီးယားလူမျိုးများသည် ငယ်စဉ်ကပင် အလွန်အမင်းဖိ အားပေးခံခဲ့ရပြီး ထိုသို့ဖိအားပေးခံ ခဲ့ရခြင်းကပင် ပြိုင်ပွဲများတွင် ဖိ အားများကို ပိုမိုကိုင်တွယ်တတ် လာစေခဲ့သည်ဟု ၎င်းက ဆို သည်။

—Ref:BBC/CNN