မြန်မာနိုင်ငံဂရပ်ဖစ်ဒီဇိုင်းအဖွဲ့အစည်းပေါ်ပေါက်ရန် ပထမဆုံးဂရပ်ဖစ်ဒီဇိုင်းပြပွဲပြုလုပ်

ဂရပ်ဖစ်ဒီဇိုင်းပြပွဲတွင် ခင်းကျင်းထားသည့်လက်ရာများ (ဓာတ်ပုံ − ခင်ရှုပါမော်)

မြန်မာနိုင်ငံ ဂရပ်ဖစ်ဒီဇိုင်းအဖွဲ့ အစည်းပေါ်ပေါက်စေရန်ရည် ရွယ်၍ ပထမဆုံးသော ဂရပ်ဖစ် ဒီဇိုင်းပြပွဲကို ဇူလိုင် ၂၉ မှ ၃၀ ရက် အတွင်း နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ပြည်သူ့ရင်ပြင်ရှိ Yangon Gallery တွင် ပြသနေ သည်။

‘‘ခိုင်မာတဲ့ ဂရပ်ဖစ်ဒီဇိုင်း အဖွဲ့အစည်းဖွဲ့နိုင်မှ ရှေ့လူ၊ နောက်လူအထောက်အကူပြုတဲ့ အနုပညာသင်တန်းကျောင်းတွေ၊ သင်တန်းခန်းမတွေ လုပ်ပေးလို့ရ မယ်။ နိုင်ငံတကာနဲ့ ၀င်ထွက်သွား လာဆက်ဆံဖို့အတွက် တရားဝင် အဖွဲ့အစည်းဖွဲ့ဖို့လိုအပ်တယ်။ တရားဝင်အဖွဲ့အစည်းဖွဲ့ဖို့ဆိုရင် မြန်မာတစ်နိုင်ငံလုံးက ဂရပ်ဖစ်ဒီ ဇိုင်နာတွေ စုဝေးဖို့အတွက် အခု လိုပြပွဲတစ်ပွဲနဲ့ ဖိတ်ခေါ်လိုက်တာ အကောင်းဆုံးဖြစ်တယ်ပေါ့’’ ဟု မြန်မာနိုင်ငံဂရပ်ဖစ်ဒီဇိုင်းအဖွဲ့အ စည်းအမှုဆောင်အဖွဲ့(ယာယီ)မှ ဥက္ကဋ္ဌဦးမြင့်မောင်ကျော်က ပြော ကြားသည်။

အဆိုပါ ပြပွဲခေါင်းစဉ်ကို ‘My Family’ ဟု အမည်ပေးထားပြီး မိသားစုနှင့်ပတ်သက်သော ဂရပ်ဖစ်ဒီဇိုင်း ၇၀ ကျော်ပါဝင်သည်။

အဆိုပါပြပွဲတွင် မြန်မာတစ် နိုင်ငံလုံးရှိ ဂရပ်ဖစ်ဒီဇိုင်နာ ၆၃ ဦးပါဝင်ပြသခဲ့သည်။

‘‘မြန်မာနိုင်ငံဂရပ်ဖစ်ဒီဇိုင်းအဖွဲ့အစည်းဖွဲ့ပြီး ရုံးခန်းတစ်ခန်းငှားပြီး နှစ်ပတ်တစ်ကြိမ်၊တစ်ပတ်တစ်ကြိမ်လောက် ဆွေးနွေးပွဲတွေ၊ ပညာဖြန့်ဝေမှုတွေ လုပ်ကြမှာပေါ့’’ ဟုမြန်မာနိုင်ငံဂရပ်ဖစ်ဒီဇိုင်းအဖွဲ့အစည်းအမှုဆောင်အဖွဲ့ (ယာယီ) အတွင်းရေးမှူးဆရာစိုးဝင်းငြိမ်းက ပြောသည်။

ပြပွဲတွင် ဆရာဦးဝင်းဖေ၊ ဆရာဦးမောင်မောင်လှမြင့်တို့က အနုပညာအကြောင်းအရာများ ဟောပြောဆွေးနွေးခြင်း၊ ဆရာတင်ထွဏ်းက လိုဂိုနှင့် စာလုံးပုံစံများအကြောင်း၊ ဆရာဆန်နီညိမ်းက ‘ဂရပ်ဖစ်အနုပညာမိတ်ဆက်’ နှင့် ဆရာဝင်းဖေမြင့်က အရောင်များအကြောင်း ဆွေးနွေးခဲ့သည်။

Top News