ဖုန်းနံပါတ်ကို လျှို့ဝှက်ထားနိုင်သည့် ဝန်ဆောင်မှု အသုံးပြုသူနည်းပါးနေ

ဖုန်းခေါ်ဆိုမှုလက်ခံစဉ် ခေါ်ဆိုသည့်နံပါတ်ကို လျှို့ဝှက်ထားနိုင်သည့်ဝန်ဆောင်မှုကို အူရီးဒူးက မိတ်ဆက်ထားသော်လည်း အသုံး ပြုနည်းပါးနေကြောင်း အော်ပရေတာမှ တစ်ဆင့်သိရသည်။

‘‘မိတ်ဆက်ထားတာကြာပြီ။ အသုံးပြုသူတော့ နည်းနေသေးတယ်’’ဟု အူရီးဒူးပြန်ကြားရေး တာဝန်ခံ မမေမျိုးဟန်က ပြောသည်။ ‘‘ဝန်ဆောင်မှုကို CLIR လို့ ခေါ်တယ်။ ခေါ်ရင် ဖုန်းနံပါတ် မပေါ်ဘူး။ အစ်မတို့ဆီမှာတော့ ဝန် ဆောင်မှုမပေးပါဘူး’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောသည်။

‘‘ကျွန်တော်က အလုပ်ကိစ္စတစ်ခုမှာ ဖုန်းဆက်ရင် ကျွန်တော့် နံပါတ်ဆိုရင်မကိုင်ဘူး။ ရှောင်နေတယ်။ ဒါနဲ့ နံပါတ်ကို Unknown Number လုပ်လိုက်တာ။ အဲဒါနဲ့ပဲ ဒီဝန်ဆောင်မှုကို သုံးဖြစ်နေတာ ပါ’’ဟု အူရီးဒူး၏ နံပါတ်မဖော် သည့် ဝန်ဆောင်မှုကို အသုံးပြုနေသည့် ကိုမိုးလုံးက ပြောသည်။

အူရီးဒူးအနေဖြင့် အဆိုပါ ဝန်ဆောင်မှု အသုံးပြုသူအရေအတွက်ကို ထုတ်ပြန်ပြောဆိုခြင်း မရှိသော်လည်း အလွန်နည်းပါးသည်ဟုသာ ထုတ်ပြန်ထားသည်။ ‘‘ဖုန်းဆက်တာပဲဗျာ။ နံပါတ်ပေါ်တော့ ကိုယ့်ဆီ ပြန်ဆက်လို့လွယ် တာပေါ့။ ပါဆင်နယ်အရ အရမ်း အရေးကြီးတဲ့လူတွေဆိုရင်တော့လည်း တစ်မျိုးပေါ့’’ဟု မိုဘိုင်းဖုန်း အသုံးပြုသူ ကိုမင်းမင်းက ပြောသည်။

အူရီးဒူးသည် မိုဘိုင်းဖုန်း နံပါတ်လျှို့ဝှက်ထားသည့် ဝန်ဆောင်မှုကို တစ်လလျှင် ၂,၅၀၀ ကျပ် ဝန်ဆောင်ခကောက်ခံခဲ့ခြင်း ဖြစ်သည်။ မိုဘိုင်းဖုန်းနံပါတ်လျှို့ဝှက်ထားသည့် ဝန်ဆောင်မှုကို အော်ပရေတာများအနက် အူရီးဒူးတစ်ခုသာ မိတ်ဆက်ထားခြင်းဖြစ်ပြီး အသုံးပြုလိုပါက *133# သို့ ခေါ်ဆိုနိုင်ကြောင်း အော်ပရေတာက ကြေညာထားသည်။