ပြည်ပဝယ်လိုအားရှိသော်လည်း သစ်မွှေးစိုက်သူနည်း၍ ဈေးကွက်လိုအပ်ချက် မဖြည့်ဆည်းနိုင်ဟုဆို

သစ်မွှေးပင်များကို တွေ့ရစဉ် (ဓာတ်ပုံ − ကိုဝေအောင်ချမ်းမျိုး)

သစ်မွှေးများကို ပြည်ပနိုင်ငံများက ဝယ်ယူလိုသော်လည်း ပြည်တွင်းတွင် စိုက်ပျိုးသူနည်းပါးနေသေး၍ ဈေးကွက်လိုအပ်ချက် ကို ပြည့်မီအောင် ဖြည့်ဆည်းပေး နိုင်ခြင်းမရှိသေးကြောင်း သစ်မွှေးလုပ်ငန်းရှင်များက ပြောသည်။ 


သစ်မွှေးများကို ဆော်ဒီအာ ရေးဗီးယားနှင့် တရုတ်နိုင်ငံတို့က ဝယ်ယူလိုသော်လည်း ရောင်း တန်းဝင် သစ်မွှေးပင်ပိုင်ဆိုင်သည့် လုပ်ငန်းရှင်များ ပြည်တွင်း၌ နည်း ပါးနေသည်။ 

‘‘ရောင်းဖို့ဈေးကွက်ကရှိပါ တယ်။ ဝယ်ချင်တဲ့လူတွေက လာ လာမေးကြတယ်။ လူတွေ သစ် မွှေးပင်စိုက်ပျိုးဖို့ စိတ်ပါဝင်စား လာအောင် လက်ကမ်းစာစောင် လေးတွေ လုပ်ပြီး ဝေတာတွေ လည်း ရှိပါတယ်’’ဟု စိမ်းလန်း သစ်မွှေးရောင်းဝယ်ရေးမှ ကိုဝေ အောင်ချမ်းမင်းက ပြောသည်။ 

သစ်မွှေးပင်သည် လုံးပတ် ၁၈ လက်မရှိပြီး သက်တမ်း ခုနစ် နှစ်ခန့်တွင် ရောင်းတမ်းဝင်ဖြစ် လာကာ အဆီထုတ်ယူ၍ ရောင်းချခြင်း၊ ပင်စည်ကို ကီလိုဖြင့် ချိန်တွယ်ရောင်းချခြင်းများ ပြုလုပ်နိုင် သည်။ လက်သန်းခန့်ရှိ သစ် မွှေးဆီတစ်ပုလင်းလျှင် ကျပ်တစ် သိန်းခန့် တန်ကြေးရှိသည်ဟု သိရ သည်။ 

‘‘အခု အပင် ၈၀၀ လောက် တစ်ဧကကျော်ကျော် စိုက်ထားပါ  တယ်။ အပင်က ၂ နှစ်လောက်ပဲ ရှိသေးတယ်။ ရောင်းတမ်းတော့ မဝင်သေးဘူး။ သူငယ်ချင်းတွေ ဧကတစ်ရာလောက် စိုက်ကြတာ တွေရှိတယ်။ လောလောဆယ် တော့ ပေါက်ဈေးတွေ ဘယ် လောက်ရှိလဲ သေချာမသိသေးပါ ဘူး’’ဟု သစ်မွှေးစိုက်ပျိုးသူ ကိုအောင်အောင်က ပြောသည်။ 

သစ်မွှေးအပင်ပေါက် တစ် ပေလျှင် ၄၀၀ ကျပ်ခန့်ပေါက်ဈေး ရှိပြီး အပင်အမြင့်ပေါ်မူတည်၍ တန်ဖိုးတွက်ချက်ကာ ဝယ်ယူရ သည်ဟု သိရ သည်။ 

အပင်ပေါက်များကို မြေကြီး အနက် တစ်ပေတူးကာ စိုက်ပျိုးရမည်ဖြစ်ပြီး အပင်တစ်ပင်နှင့် တစ်ပင်ကြား ခြောက်ပေခွာ၍ စိုက်ရ မည်ဖြစ်သည်။ သစ်မွှေးပင်ကိုဆေးဝါးထုတ်လုပ်ရန်၊ ရေမွှေးထုတ်လုပ်ရန်နှင့် အားဆေးထုတ်လုပ်ရန်အသုံးပြုသည်။