အခမဲ့ဖျော်ဖြေပွဲတွေရှိတဲ့နေရာ

-အားလပ်ရက်မှာ အပန်းဖြေဥယျာဉ်တွေသွားပြီး အပန်းဖြေလိုသူတွေအတွက် အခမဲ့ဖျော်ဖြေရေး အစီအစဉ်တွေ ရှိတဲ့နေရာတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

ပြည်သူ့ဥယျာဉ်မှာတော့ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ညနေတိုင်းမှာ ရေပန်းရုပ်ရှင်ကို ပြသပေးမှာဖြစ်ပြီး စနေနေ့ မြန်မာ့ရိုးရာအက တင်ဆက်မှုအစီအစဉ်တွေနဲ့ ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။ ဓမ္မစေတီလမ်းဝင်ပေါက်အနီးမှာရှိတဲ့ ဧရိယာမှာလည်း စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး ပေါက်ကံညဈေးကို ပြုလုပ်မှာ ဖြစ်ပါတယ်။

ရွှေတိဂုံဘုရားဘက်ခြမ်းမှာရှိတဲ့ Myanmar Culture Valley မှာတော့ ဒီတစ်ပတ် တနင်္ဂနွေနေ့ နေ့လယ်မှာအဆိုတော် ချစ်ကောင်း၊ ရတနာမိုင်တို့နဲ့အတူ  အဆိုတော်များပါဝင်တဲ့ ဖျော်ဖြေပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။ ဦးဥတ္တမပန်းခြံ Happy World ကလေးကစားကွင်းမှာတော့ စနေ၊ တနင်္ဂနွေအားလပ်ရက်တွေမှာ မျက်လှည့်တင်ဆက်မှုတွေ အကအဖွဲ့တွေရဲ့ တင်ဆက်မှုတွေကို နံနက် ၁၁ နာရီကနေစပြီး အခမဲ့ဖျော်ဖြေမှာ ဖြစ်ပါတယ်။

- အပန်းဖြေဥယျာဉ်တွေကိုမသွားဘဲ ဈေးဝယ်စင်တာတွေကို သွားချင်တဲ့သူတွေအတွက် ပရိုမိုးရှင်းပွဲတွေကို ဖော်ပြလိုက်ပါတယ်။

Junction Square မှာတော့ ဒီတစ်ပတ် တနင်္ဂနွေမှာ Essence Myanmar ရဲ့ ပရိုမိုး ရှင်းပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။ Myanmar Plaza မှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး Travel & Tourism Fair 2017 ပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။

စိန်ဂေဟာဈေးဝယ်စင်တာတွေမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး Health & Fitness Fair ကို ပြုလုပ်မှာ ဖြစ်ပါတယ်။ Junction City စင်တာမှာတော့ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး Happy Trending Week ကို ပြုလုပ်မှာဖြစ်ပါတယ်။

တပ်မတော်ခန်းမမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး Yangon Expo and Thai Product Fair ကို ပြုလုပ်မှာ ဖြစ်ပါတယ်။ Melia Hotel မှာတော့ ဒီ တစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး Melia Love Story Wedding Fair ကို ပြုလုပ်မှာဖြစ်ပါတယ်။ Sky Star ဟိုတယ်မှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး Aroma Wedding Discount Fair ကို ပြုလုပ်မှာ ဖြစ်ပါတယ်။

ဗိုလ်အောင်ကျော်လမ်း အနုပညာပြခန်းမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး S8it Art Exhibition ကို ပြုလုပ်မှာ ဖြစ်ပါတယ်။          ။

Top News