အားလပ်ရက်မှာ ဖတ်စရာ

ထုံမွှေးသင်းပျံ့ ပန်းချီရနံ့
ဓာတ်ပုံ− နစ်ကီ

- ဒီတစ်ပတ် အားလပ်ရက်မှာ ဖတ်စရာအဖြစ် ယခင်ဖော်ပြနေ ကျ စာအုပ်တွေနဲ့ မတူအောင် ရွေးချယ်ထားပါတယ်။

ဒါကတော့ လက်ရှိမြန်မာ ပြည်က ပန်းချီဆရာတွေထဲမှာ ကိုယ်ပိုင်ဟန် အသီးသီးနဲ့ ထင်ရှားနေတဲ့ ပန်းချီဆရာတချို့အ ကြောင်း ရေးထားတဲ့ စာအုပ်ဖြစ် လို့ပါပဲ။ ယခု ရက်ပိုင်းအတွင်း စိတ်ကူးချိုချို စာပေက (၁၈) နှစ် ပြည့် အမှတ်တရ စာအုပ်တွေ ထုတ်ဝေနေတဲ့ အစီအစဉ်ကနေ ပေါ်ထွက်လာတဲ့ စာရေးဆရာ မောင်ကိုကို (အမရပူရ) ရဲ့ မြန်မာပြည် ပန်းချီဆရာများကို ဖတ် စေချင်တာပါ။ ဒီစာအုပ်မှာ ခေတ် ပေါ် ပန်းချီဆရာတွေဖြစ်ကြတဲ့ စိုးနိုင်၊ ဇော်ဇော်အောင်၊ ချမ်းငြိမ်း ကျော်၊ မျိုးသန့်အောင်၊ မင်းဇော်၊ မြင့်နိုင်၊  မြတ်ကျော့၊  ပြည့်ဖြိုး အောင်၊ မော်မော်၊ မန္တလေး- အောင်ကျော်၊ မန္တလေး-ကြည် ဝင်း၊ ဝင်းမြင့်ဦး၊ ထွန်းထွန်းလင်း၊  ရှိန်၊ ဝင်းတင့်၊ နုနုနဲ့ဇွဲရန်နိုင်တို့ရဲ့ ငယ်ဘဝ ဖြစ်စဉ်ကနေ ပန်းချီအနု ပညာအပေါ် ဘယ်လိုဝါသနာပါခဲ့ ပုံ၊ ပန်းချီပညာကို သင်ယူဆည်း ပူးခဲ့ပုံနဲ့ နာမည်တစ်လုံး ရလာတဲ့ အထိ ဘယ်လိုဖြတ်သန်းခဲ့ကြရ တယ်ဆိုတာ မောင်ကိုကို (အမရ ပူရ) က တွေ့ဆုံမေးမြန်းပြီး စကားပြေနဲ့ ပြန်ရေးထားပါတယ်။ ဒါ့အ ပြင် သက်ဆိုင်ရာ ပန်းချီဆရာတွေ ရဲ့ သရုပ်ဖော်ပန်းချီကားတွေကို လည်း ရောင်စုံပုံနှိပ်ဖော်ပြထား တာကြောင့်  အနုပညာရှင်တစ် ယောက်ရဲ့ ဘဝသာမက သူတို့ရဲ့ ပန်းချီကားတွေပါ ခံစားကြည့် ရှုနိုင်မှာပါ။ ဝါကျတိုနံ့နံ့နဲ့ စကား လုံးချွေတာ သုံးစွဲလေ့ရှိပေမယ့် အပိုအလိုမပါ စာဖတ်သူရင်ထဲကို ဒိုင်းခနဲ ပစ်လွှတ်တတ်တဲ့ မောင် ကိုကို (အမရပူရ) ရဲ့ ရေးဟန်က သွက်လက်နေပါတယ်။ ဒါကြောင့်ဒီစာအုပ်ကို ဖတ်မိတဲ့အခါ စာဖတ် သူကို တစ်ထိုင်တည်း ဆွဲခေါ်သွား မှာပါ။ ခေတ်ပေါ် ပန်းချီဆရာတွေ ဘယ်လို ရှင်သန်ကြီးပြင်းခဲ့ရ တယ်၊ ပန်းချီအနုပညာကို ယုံယုံ ကြည်ကြည်နဲ့ ဘယ်လိုအချိန်ပေး လေ့လာခဲ့ရတယ်၊ အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်အောင် ဘယ်လိုသည်းခံ ကြိုးစားခဲ့ရတယ် ဆိုတာ ယခုစာအုပ်ကို ဖတ်ရင်းနဲ့ သိရှိနိုင်မှာပါ။ ပန်းချီ မန္တလေး- ကြည်ဝင်းအကြောင်း ရေးသားရာမှာ ‘ကြည်ဝင်းသည် သူကြည့်ခဲ့သောပန်းချီပြပွဲတစ်ခုက ဒြပ်မဲ့ပန်းချီကားတစ်ချပ်အကြောင်း ခင်ဝမ်းကို ဖွဲ့နွဲ့ပြ၏။

‘‘ငါလည်း ကြည့်ပြီးပြီ’’

ခင်ဝမ်းက အေးစက်စက်တုံ့ ပြန်၏။

‘‘ကြည်ဝင်း...အဲဒါအတုကြီးကွ’’

ခင်ဝမ်းက တစ်ခွန်းတည်း ပြန်ပြော၏။ ကြည်ဝင်းသည် စိတ် လေသွား၏။

၁၉၇၇။

ကြည်ဝင်းသည် အိုင်ဗွီဂယ် လာရီမှာ တစ်ကိုယ်တော်ပြပွဲလုပ် ၏။

ခင်ဝမ်းရောက်လာ၏။

ပန်းချီကား ချိတ်နေစဉ်မှာ ခင်ဝမ်းရောက်လာခြင်းဖြစ်သည်။ အိုင်ဗွီနှင့် ခင်ဝမ်းက နီးသည်။

ခင်ဝမ်းသည် ကြည်ဝင်း၏ ပန်းချီကားများကို တစ်ပတ်ပတ် ကြည့်၏။

‘‘မင်း ပန်းချီကားတစ်ကား က လက်မှတ်မထိုးရသေးဘူး။ ငါ့ အခန်းမှာ အခရက်လစ်ဆေးဗူး တွေ ရှိတယ်။ မင်းလိုက်ယူပြီး လက်မှတ်ထိုးလိုက်ဦး။ နောက် တစ်ခုက United State မှာ S မပါ ဘူး’’

ခင်ဝမ်း၏ အမြင်စူးရှမှုကို ကြည်ဝင်းသည် အံ့သြရ၏’ လို့ ရေးထားပါတယ်။ ပန်းချီမော်မော် အကြောင်း ရေးထားရာမှာ ‘River မှာ ဆုရသော ပန်းချီကားကို ဟောင်ကောင်မှာ ဝင်ပြိုင်ကြ မည်။ River ၏ မစ္စစ်ဂျေးပက်တာ ဆင်က ဦးဆောင်သည်။ မိမိလမ်း စရိတ်ကိုတော့ မိမိကိုယ်တိုင်ကျခံ ရမည်။ ဟိုရောက်လျှင် မစ္စစ် ဂျေး ပက်တာဆင်က တာဝန်ယူရမည်။

စွန့်စားကြည့်မလား။

မော်မော်သည်  မစ္စစ်ဂျေး ပက်တာဆင်နှင့် လိုက်သွားဖြစ် ၏။ ပြိုင်မည်။

ဟိုတယ်ကြီး တစ်ခုမှာ ပွဲ ကျင်းပ၏။

မော်မော်က ထိုပွဲတွင် လူ ကြိုက်များသော ဆုကို ဆွတ်ခူး ၏။ ဆုကြေးက အမေရိကန်ဒေါ် လာ တစ်ထောင်ရသည်။

ထိုပန်းချီကားကို ထိုပွဲကပင် လေလံဆက်တင်သည်။ မော်မော် ၏ ပန်းချီကားသည် လေလံအောင်သွား၏။ ဒေါ်လာနှစ်သောင်းခွဲနှင့်။

သူတို့ဆီက လေလံပွဲကို မော်မော် ကြုံဖူးသွား၏’ လို့ ဖတ်ရပါ တယ်။ စာအုပ်ကို တန်ဖိုး ၄,၀၀၀ ကျပ် သတ်မှတ်ထားပြီး စိတ်ကူးချိုချို စာအုပ်ဆိုင်တွေမှာ ဝယ်မယ်ဆိုရင် ၃,၂၀၀ ကျပ်နဲ့ ရရှိနိုင်ပါတယ်။

Top News