မစ္စတာဂရပ်ဖစ်တီ

ဓာတ်ပုံ−စိုးသန်းဝင်း/အေအက်ဖ်ပီ

ရန်ကုန်မြို့လမ်းပေါ်ရှိ နံရံများတွင်  မှုတ်ဆေးဖြင့် ပန်းချီဆွဲ သည့် လူငယ်တစ်ဦးကို အာဏာ ပိုင်အချို့က လိုက်လံဖမ်းဆီးခဲ့ သည့်ဖြစ်ရပ် ဦးသိန်းစိန်အစိုးရ လက်ထက်က ရှိခဲ့ဖူးသည်။ နှစ် အနည်းငယ်အကြာတွင်တော့ အာဏာပိုင်များကိုယ်တိုင်ကပင် သူတို့လိုက်ဖမ်းခဲ့သည့် လူငယ်ကို ပြန်လည်ဖိတ်ခေါ်ပြီး နေပြည် တော်ဆီးဂိမ်းပြိုင်ပွဲတွင် မှုတ်ဆေး ပန်းချီ ဆွဲခိုင်းခဲ့ပြန်သည်။

အမေရိကန်သမ္မတအိုဘား မား၏ ၂၀၁၂ က သမိုင်းဝင် မြန်မာခရီးစဉ်အကြောင်းပြော လျှင် ဂရပ်ဖစ်တီဟူသော အနု ပညာဝေါဟာရနှင့် အာကာကျော် ဟူသော လူငယ်တစ်ဦးအကြောင်း က ပါစမြဲဖြစ်သည်။ တံခါးပိတ် အထီးကျန်နိုင်ငံအဖြစ် နှစ်ပေါင်း များစွာ နေထိုင်ခဲ့သော မြန်မာ တွင် အနုပညာရပ်အချို့ပါ တံခါး ပိတ်ခဲ့သည်။ သို့သော် ဂရပ်ဖစ်တီ အနုပညာကို အာကာကျော်က မြန်မာနှင့် ပြန်လည်မိတ်ဆက်ပေး ခဲ့သည်။

သူဖန်တီးသော အိုဘားမား ပုံမှာ ဖျက်ဆီးခံခဲ့ရသည်။ သို့သော် သူက စိတ်ဓာတ် မကျဘဲ နောက်တစ်ပုံ ထပ်ဆွဲခဲ့ ပြန်သည်။

‘‘ကိုယ်မပိုင်တဲ့လမ်းပေါ်မှာ ဆွဲတဲ့အတွက် အချိန်မရွေး ဖျက် ခံရနိုင်တယ်ဆိုတဲ့အသိက ရှိပြီး သားပါ’’ ဟု ပုံများဖျက်ဆီးခြင်းခံရ သည့်အပေါ် အာကာကျော်က သူ့ခံစားချက်ကို ပြောပြသည်။

အာကာကျော်၏ လက်ရာ များတွင် ဗိုလ်ချုပ်အောင်ဆန်း၊ လူထုခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်၊ သမ္မတ(ဟောင်း) ဦးသိန်းစိန်နှင့် အိုဘားမားတို့၏ ပုံများက ထင်ရှားသည်။

အဆိုပါတစ်ပုံချင်းဆီတွင် အမှတ်တရများလည်း ရှိနေသည်။

ဦးသိန်းစိန်ပုံဆွဲခဲ့သည့် ၂၀၁၃ တွင် သမ္မတမွေးနေ့ အမှတ်တရ ရေးဆွဲခဲ့ခြင်းဖြစ် သည်။ သို့သော် သမ္မတဦးသိန်းစိန် ပုံဆွဲခဲ့သည့်အတွက် အများပြည် သူပိုင်နေရာတွင် ရေးဆွဲခြင်းမပြု ရဆိုသည့် စည်ပင်ဥပဒေနှင့် ငြိစွန်းခြင်းကြောင့် အမှုရင်ဆိုင်ခဲ့ရ သည်။

ထို့အတူ အိုဘားမားပုံဆွဲစဉ် ကလည်း ချက်ထရီယမ်ဟိုတယ် အနီး   ဆွဲခဲ့သည့်ပုံမှာ ဖျက် ဆီးခံရ၍ ရွှေဂုံတိုင်လမ်းဆုံအနီး တွင် နောက်တစ်ပုံကို ထပ်ဆွဲခဲ့ရ သည်။

သို့သော် အာကာကျော်၏ နောက်တွင် အားပေးသည့်ပရိ သတ်တိုးလာခဲ့သည်။

၂၀၁၃ က နေပြည်တော်တွင် ကျင်းပခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲ၌ ရေးဆွဲရန် ဖိတ်ကြားခံရခြင်းက ထူးခြားမှုတစ်ခုဖြစ်သည်။ တစ် ချိန်က အာဏာပိုင်များ လိုက်လံ ဖမ်းဆီးခဲ့သည့် အနုပညာရေးဆွဲ မှုကို အာဏာပိုင်များ ကိုယ်တိုင် ဖိတ်ခေါ်ပြီး ရေးဆွဲစေ၍ ဖြစ် သည်။ ထို့နောက် သူသည် နိုင်ငံ ရေးသမား သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပန အခမ်းအနားတွင်လည်း ဆရာ ကြီး၏ပုံတူ ရေးဆွဲ၍ ဂါရဝပြုခဲ့ ပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀)ပြည့်ကျရောက်သော ၂၀၁၅ ဖေဖော်ဝါရီလတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းပုံတူကို ရေး ဆွဲခဲ့သည်။ မြန်မာနိုင်ငံ၏ အ ပြောင်းအလဲများစွာ ဖော်ဆောင် ခဲ့သော ၂၀၁၅ နိုဝင်ဘာ ရွေး ကောက်ပွဲအပြီးတွင်လည်း ဒေါ် အောင်ဆန်းစုကြည်၏ပုံတူကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ရုံးချုပ်)သို့ ပေးအပ်ခဲ့သည်။

‘‘ကိုယ်ဖြစ်စေချင်တဲ့ အစိုးရ ကို တတ်နိုင်တဲ့အပိုင်းက ကိုယ် တကယ်လေးစားရတဲ့လူတစ် ယောက်ကို ပန်းချီကားတစ်ချပ် လက်ဆောင်ပေးတာပါ’’ဟု သူက ပြောသည်။

ခဲတံကိုင်တတ်သည့်အရွယ် မှစ၍ ပုံဆွဲခြင်းကို ဝါသနာပါခဲ့ပြီး လက်ဦးဆရာမှာ အဖေဖြစ်သည် ဟု အာကာကျော်ကဆိုသည်။

‘‘ကျွန်တော်က ငယ်ငယ် တုန်းက ကျောင်းမှာ ပန်းချီပြိုင်ပွဲ တွေ အများကြီးပြိုင်ဖူးတယ်။ ဒါ ပေမဲ့ ပထမဦးဆုံးပြိုင်တဲ့ပွဲ ရှုံး တယ်။ အဲဒီတုန်းကသာ စိတ် ဓာတ်ကျခဲ့ရင် ဒီနေ့ ဒီအချိန်ထိ ဖြစ်လာမှာမဟုတ်ဘူး’’ဟု သူ့ ခံစားချက်ကို ပြောပြသည်။

မြန်မာနိုင်ငံတွင် နှစ်အနည်း ငယ်အတွင်း အစိုးရအပြောင်း အလဲနှင့်အတူ ဂရပ်ဖစ်တီရေစီး က ပြောင်းလာသည်။ လွန်ခဲ့သော နှစ်ပိုင်းက လမ်းပေါ်တွင် ပုံဆွဲ လျှင် ဖမ်းဆီးထောင်ချခံရနိုင် သော လူငယ်များကို အစိုးရကိုယ် တိုင် ဖိတ်ခေါ်ပြီး အများပြည်သူ အပန်းဖြေစေနိုင်ရေးအတွက် ရေး ဆွဲစေခဲ့သည်။

မြေနီကုန်းခုံးကျော်တံတား အောက်က အများပြည်သူ အပန်း ဖြေရန် အနုပညာစီမံကိန်းက သက်သေဖြစ်သည်။

ထို့အတူ ထင်ရှားကျော်ကြား သူများ၏ ပုံများ ရေးဆွဲခဲ့သည့် အာကာကျော်လည်း အကြိုက် ပြောင်းလဲလာသည်။

‘‘အခု လူပုံတောင်မဆွဲဖြစ် ဘူး။ ငါးပုံတွေပဲဆွဲဖြစ်တယ်’’ဟု အာကာကျော်က ပြောသည်။

ရိုးရှင်းလှသော ခန်းမထဲတွင် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ကူးခပ် နေသော ငါးပုံပန်းချီကားများ အကြား သူက ပျော်ရွှင်ကျေနပ် နေသည်။

သူကလေးဘဝကတည်းက မက်ခဲ့သည့် အိပ်မက်မှာ သူ့ အသက် (၂၄)နှစ်မှာဖြစ်လာ သည်။ ဂရပ်ဖစ်တီပုံများနှင့် ပန်းချီအများအပြားကို ရေးဆွဲ နိုင်ခဲ့ပြီး ယခုအချိန်တွင် သူ၏ အိပ်မက်တစ်ခုဖြစ်သော တစ် ကိုယ်တော် ပန်းချီပြပွဲကို ပြသ နိုင်ခဲ့ခြင်းဖြစ်သည်။ သူ၏ ‘Luckie and Me’ ပြပွဲတွင် ငါး များ၏ လှုပ်ရှားမှု အသေးစိတ်ကို ရေးဆွဲထားသော ပန်းချီကားများ ပြသထားပြီး ပန်းချီပုံများပါဝင် သော စာအုပ်ကိုပါ မိတ်ဆက်ခဲ့ သည်။

‘‘ငါးတွေရဲ့ လှုပ်ရှားနေတဲ့ ဟန်တွေ၊ သူတို့ကူးနေတာတွေ၊ အုပ်စုလိုက် ငါးတွေ၊ ကျွန်တော် တို့ မိသားစုကို ကိုယ်စားပြုတဲ့ ခုနစ်ကောင်ပုံဆို တစ်ယောက်နဲ့ တစ်ယောက်က ဟန်ချက်ညီညီ မိသားစုတစ်စုက သွားလာတဲ့ပုံစံ မျိုး ခံစားချက်နဲ့ ရေးဖြစ်တာပါ’’ ဟု ပြပွဲတွင် ပြသထားသော ပန်းချီကားများအကြောင်း  အာ ကာကျော်က ရှင်းပြသည်။

အာကာကျော်သည် ထိုင်း နှင့် အင်ဒိုနီးရှားနိုင်ငံသို့လည်း သွားရောက်ပြသခဲ့သည်။ ထိုင်း နိုင်ငံတွင် ပြသသောပွဲမှာ ဂရပ် ဖစ်တီသမားများ တွေ့ဆုံသည့် Meeting of Style ပွဲကို မြန်မာ နိုင်ငံကိုယ်စားပြုအနေနှင့် သွား ရောက်ခြင်းဖြစ်သည်။ New Icon Pop Asia Art Exhibition ပွဲတွင် အာဆီယံ ၁၀ နိုင်ငံက Artist (၁၀)ဦးတွင် မြန်မာနိုင်ငံ ကိုယ် စားပြုအဖြစ် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့သို့ သွားရောက် ပြသခဲ့သည်။

အာကာကျော်သည် လက်ရှိ တွင် No.2 Art Area ကို ဝါသနာ တူ လူငယ်များနှင့်အတူ ဖွဲ့စည်း ထားပြီး ဂရပ်ဖစ်တီကို စိတ်ဝင် စားသော လူငယ်များ လာရောက် နိုင်သည်ဟုဆိုသည်။ ထို့အပြင် နောက်ဖေးလမ်းကြား ဥယျာဉ် စီမံကိန်းတွင်လည်း ကျောက်တံ တားမြို့နယ် လွှတ်တော်ကိုယ်စား လှယ်များနှင့် ပူးပေါင်းပါဝင်လျက် ရှိသည်။

‘‘လူတိုင်းမှာ Talent တစ်ခုစီ ရှိတယ်တဲ့။ ကိုယ်ပိုင် Talent တစ်ခုကို ရှာဖွေပေါ့။ ကိုယ်ဘာ လုပ်တတ်လဲပေါ့။ ကျွန်တော်ဆို ရင် ငယ်ငယ်ကတည်းက လုပ် တာ ကျွမ်းတာဘာရှိလဲ စဉ်းစား ကြည့်တယ်။ အလေးလည်းမမနိုင် ဘူး။ အလေးမနိုင်ရင် ကူလီထမ်း စားလို့ရသေးတယ်။ ပုံပဲဆွဲတတ် တော့ ကိုယ့် Talent တစ်ခုကို ရှာ တွေ့သွားတယ်။ ကျွန်တော်ပုံပဲဆွဲ တတ်တော့  ပုံဆွဲတာကိုပဲ အမြဲ တမ်းလေ့လာတယ်။ အခုထိလည်း ညတိုင်း Youtube မှာ အမြဲလေ့ လာတယ်။ အဲဒါကို ကြိုးစားတယ်’’ ဟု သူ၏အလုပ်နှင့်ပတ်သက် သော ခံယူချက်ကို ပြောပြသည်။

လေ့လာမှုနှင့် လေ့ကျင့်မှု နှစ်ခုပေါင်းလျှင် လူတိုင်း ဂရပ် ဖစ်တီဆွဲလို့ရသည်ဟု သူက အကြံ ပြုသည်။

သူဆွဲခဲ့သောပုံများတွင် အားအရဆုံးပုံမှာ အိုဘားမားပုံ ဖြစ်ပြီး ထိုပုံကြောင့် သူ့ဘဝ အပြောင်းအလဲများစွာ ဖြစ်ပေါ် လာခဲ့သည်ဟုဆိုသည်။

ယခုတော့ အိုဘားမား၏ အမေရိကန်သမ္မတနေရာကို ဒေါ်နယ်ထရန့်က ဆက်ခံနေ သည်။ ‘‘ထရန့်ပုံဆွဲဖို့တော့ သိပ် ဖီးလ်မလာဘူး’’ဟု အာကာကျော် က ပြောသည်။

Top News