လျစ်လျူမရှုသင့်တဲ့ ခန္ဓာကိုယ်ရဲ့ သတိပေးချက် ခုနစ်ချက်

ခန္ဓာကိုယ်စက်ယန္တရားကြီး ဟာ သူ့ဘာသာသူ လုပ်ရိုးလုပ်စဉ် အတိုင်း လည်ပတ်နေတယ်ဆိုပေ မယ့် စက်ပစ္စည်းတွေလိုမျိုး တစ်စုံ တစ်ရာ ချွတ်ယွင်းလာတဲ့အခါ အချက်ပြတာမို့ ခန္ဓာကိုယ်က သတိပေးတဲ့ လက္ခဏာရပ်တွေကို သိထားဖို့ ဖော်ပြလိုက်ပါတယ်။

- ကောင်းကောင်းအိပ်မပျော် တာ၊ စိတ်ကသိကအောက်ဖြစ်တာ တွေနဲ့ မခံမရပ်နိုင်လောက်အောင် ကြွက်တက်တာတွေဖြစ်ပြီဆိုရင် ခန္ဓာကိုယ်မှာ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ် လိုအပ်နေပြီဆို တာ သတိပေးလိုက်တာပါ။

- ခေါင်းတစ်ခြမ်းကိုက်တာတို့၊ သာမန် ခေါင်းကိုက်တာတို့ မကြာ မကြာ ဖြစ်တာမျိုးကလည်း နောက်ကွယ်မှာ ပြင်းထန်တဲ့ရော ဂါအခြေအနေတစ်ခုခုရဲ့ အချက် ပေးတာ ဖြစ်နိုင်တဲ့အတွက် မပေါ့ ဆသင့်ပါဘူး။

- အစာမကြေ၊ လေပွ၊ ဗိုက်ထဲ မအီမသာဖြစ်တဲ့ လက္ခဏာက လည်း စားလိုက်တဲ့အစား အသောက် တစ်ခုခုမှာ ဓာတု ဆေးဝါး၊ အဆိပ်အတောက် (ဒါ မှမဟုတ်) ရောဂါပိုးမွှားတစ်ခုခု ပါနေတယ်ဆိုတာ သတိပေးတာ ဖြစ်ပါတယ်။

- ရုတ်ခြည်းဆိုသလို စိတ်ခံစားမှု အပြောင်းအလဲတွေဖြစ်၊ စိတ်ကျ တာတွေဖြစ်ရင်လည်း ဗီတာမင် တစ်ခုခု လိုအပ်ချက်ကြောင့် ဖြစ် နိုင်တယ်ဆိုတာ သိထားပါ။

- ခါတိုင်းနဲ့မတူ တစ်ချိန်လုံးလိုလို မောဟိုက်နေတာကလည်း သတိ ထားရမယ့် အချက်တစ်ခုဖြစ်ပြီး ကိုယ်တွင်းစွမ်းရည် ပြန်မြှင့်တင် နိုင်ဖို့ အဖြေရှာရမှာပါ။

- လက်ဆစ်၊ ခြေဆစ်တွေ တောင့်တင်းမာကျောနေတာက လည်း အဆစ်အမြစ်ရောင်ရမ်း ကိုက်ခဲတဲ့ ရောဂါလက္ခဏာဖြစ် နိုင်တာမို့ ပေါ့ပေါ့ဆဆ မနေသင့် ပါဘူး။

- နို့တိုက်မိခင်တစ်ဦးမဟုတ်ပါဘဲ နဲ့ ရင်သားမှာ ထူးခြားတဲ့ အပြောင်းအလဲဖြစ်တာတို့၊ နာ ကျင်တာတို့ဖြစ်လာရင် ရင်သား ကင်ဆာနဲ့ ဆက်စပ်သလား မသိ နိုင်တဲ့အတွက် ဆရာဝန်နဲ့ သေ ချာပြသ စစ်ဆေးဖို့လိုပါတယ်။

—Ref: wellnessbin

Top News