ပြင်ဦးလွင် ဆေးရုံတွင် H1N1 ရောဂါပိုး တွေ့ရှိသည့် လူနာသေဆုံး

သေဆုံးခဲ့သည့်လူနာကို သယ်ဆောင်လာစဉ် (ဓာတ်ပုံ − ပြင်ဦးလွင်နာမှုကူညီရေးအသင်း)

 ပြင်ဦးလွင်ဆေးရုံတွင် ကျောက်ကပ်ရောဂါဖြင့် တက် ရောက်ကုသနေသည့် အမျိုးသား လူနာ၌ ရာသီတုပ်ကွေး (H1N1) ရောဂါပိုးတွေ့ရှိပြီးနောက် သြ ဂုတ် ၄ ရက် နံနက်တွင် သေဆုံးခဲ့ သည်။

ပြင်ဦးလွင်မြို့နယ် ကျွဲနွား ထောက်ကျေးရွာမှ အသက် (၄၄) နှစ်အရွယ် အမျိုးသားသည် ကျောက်ကပ်ရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသနေခြင်းဖြစ်ပြီး ဖျားသဖြင့်စစ်ဆေးရာ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေသည်ကို သြဂုတ် ၃ ရက်က အတည်ပြုခဲ့ ကြောင်း တိုင်းပြည်သူ့ကျန်းမာ ရေး ဦးစီးမှူး ဒေါက်တာသန်းသန်း မြင့်ကပြောသည်။

‘‘လူနာက နာတာရှည် ကျောက်ကပ်ရောဂါရှိတယ်။ တစ်ပတ်တစ်ကြိမ် ကျောက်ကပ်ဆေး နေရတယ်။ ဖျားတာတွေရှိတယ်။ ချောင်းဆိုးလို့ စစ်ကြည့်မှ H1N1 ပိုး Positive ရှိတယ်။ H1N1 တစ် ခုတည်းကြောင့်လို့ ပြောလို့မရပါ ဘူး’’ ဟု ဒေါက်တာသန်းသန်းမြင့် ကပြောသည်။

မန္တလေးပြည်သူ့ဆေးရုံကြီး တွင်လည်း သြဂုတ် ၃ ရက်အထိ H1N1 သံသယရှိလူနာခြောက်ဦး ရောက်ရှိနေပြီး အမျိုးသမီးလူနာနှစ်ဦး၌ H1N1 ဗိုင်းရပ်ပိုးတွေ့ရှိထားသည်။

အဆိုပါပိုးတွေရှိသည့် အမျိုးသမီးနှစ်ဦးသည် (၁၇) နှစ် အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် (၆၀) ကျော်အရွယ် အမျိုးသမီး ဖြစ်သည်။ ၎င်းနှစ်ဦးအနက် (၁၇) နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးသည် ဆေးရုံမှ ဆင်းပြီဖြစ်ကြောင်း မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင်တင်မိုးက ပြောသည်။

H1N1 ဗိုင်းရပ်စ်ပိုး ကူးစက် ပျံ့နှံ့လာမှုမရှိစေရန် မန္တလေး တိုင်းဒေသကြီးတွင် လူစုလူဝေး ဖြစ်ပွားသည့် တောင်ပြုံးပွဲတော် အပါအဝင် အခြားပွဲတော်များ ကျင်းပခွင့်ကို ရပ်ဆိုင်းထားသည်။

Top News