ပထမဆုံး မြန်မာ-တရုတ်ချစ်ကြည်ရေးဆေးရုံအဖြစ် ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံအကြို ဖွင့်ပွဲပြုလုပ်

ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံအကြိုဖွင့်ပွဲအခမ်းအနား ဖွင့်လှစ်စဉ် (ဓာတ်ပုံ − နစ်ကီ)

ပထမဆုံးမြန်မာ-တရုတ် ချစ်ကြည်ရေးဆေးရုံအဖြစ် ဒေါ် ခင်ကြည်အမျိုးသမီးဆေးရုံအကြို ဖွင့်ပွဲကို ဩဂုတ် ၅ ရက်တွင် ဗဟန်းမြို့နယ်၌ ပြုလုပ်ခဲ့သည်။

ယခုဖွင့်လှစ်သည့်ဆေးရုံ သည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချို (၂)ရပ် ကွက် ဗိုလ်ချုပ်ပြတိုက်လမ်းတွင် တည်ရှိပြီး ဒေါ်ခင်ကြည်ဆေးရုံ အမည်ဖြင့် ရှိပြီးသားဆေးရုံတစ် ခုဖြစ်သည်။ ယင်းကို အဆင့်မြှင့် တင်မွမ်းမံခြင်းများပြုလုပ်၍ ဖွင့် လှစ်ခြင်းဖြစ်သည်။

‘‘ဒီဆေးရုံကို ရှေးမူမပျက်ဘဲ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ဖို့ အတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဘက်က လှူပေးခဲ့တာဖြစ်ပါ တယ်’’ ဟု ဆေးရုံအကြိုဖွင့်ပွဲ အခမ်းအနား၌ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။ ယင်းဆေးရုံ တည်ဆောက်ရေးစီမံကိန်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် တ​ရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းတို့က စုစုပေါင်း ကန်ဒေါ်လာနှစ်သန်း ထောက်ပံ့လှူဒါန်း၍ အဆင့်မြှင့်တင် ပြင်ဆင်ဆောက်လုပ်ခြင်းဖြစ်သည်။ အဆိုပါဆေးရုံတွင် သားဖွားခန်း၊ ခွဲစိတ်ခန်း၊ အတွင်းလူနာဌာနများပါဝင်ပြီး အရည်အသွေးကောင်း

မွန်သည့် သားဖွားမီးယပ်ဆိုင်ရာများ ကုသပေးနိုင်မည်ဖြစ်သည်။ 

ဒေါ်ခင်ကြည်ဆေးရုံသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်က စတင်တည် ထောင်ခဲ့သော ဆေးရုံဖြစ်သည်။ ဩဂုတ် ၅ ရက်က ပြုလုပ်ခဲ့သော ဒေါ်ခင်ကြည်ဆေးရုံအကြိုဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဆောင်သော အစိုးရအဖွဲ့ဝင်များ၊ တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ၊ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ တက်ရောက်ခဲ့သည်။

Top News