မောင်တောဒေသ လုံခြုံရေးစီမံပေးရန် ANP သဘောထားထုတ်ပြန်

 မောင်တောခရိုင်ရှိ တိုင်းရင်းသားမျိုးနွယ်စုများ အ သက်အိုးအိမ် စည်းစိမ်လုံခြုံရေး အတွက် လိုအပ်သော လုံခြုံရေး စီမံမှုများ အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်ပေးရန် တိုက်တွန်းတောင်းဆိုကြောင်း ရခိုင်အမျိုးသားပါတီ (ANP)က သဘောထားထုတ်ပြန်သည်။


ဩဂုတ် ၃ ရက်က မောင် တောမြို့နယ် ကိုင်းကြီးမြိုရွာမှ မြိုတိုင်းရင်းသားခြောက်ဦး သေ ဆုံးမှုနှင့် နှစ်ဦးပျောက်ဆုံးနေခြင်း နှင့်ပတ်သက်၍ ရခိုင်အမျိုးသား ပါတီက ဩဂုတ် ၄ ရက်တွင် အ ထက်ပါအတိုင်း သဘောထား ထုတ်ပြန်ခြင်းဖြစ်သည်။

ရခိုင်အမျိုးသားပါတီအနေ ဖြင့် မောင်တောခရိုင်တွင် အ ကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ခံ ရမှုများ အဆက်မပြတ်ကြုံကြိုက် နေရကြောင်း ကြားသိနေရ၍ အထူးစိုးရိမ်မှုများဖြစ်ရကြောင်း ထုတ်ပြန်ရေးသားထားသည်။

ယင်းအပြင် မောင်တော ခရိုင်နှင့်ပတ်သက်၍ ပြည်ထောင် စု အစိုးရနှင့် ပြည်နယ်အစိုးရကို လုံခြုံရေးတိုးမြှင့်ချထားရေးနှင့် ဒေသခံများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့် ရှောက်ပေးရန် တိုက်တွန်းကြောင်း အဆိုများကို ပြည်ထောင်စုလွှတ် တော်နှင့် ပြည်နယ်လွှတ်တော် တွင် ANP ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်များက တင်သွင်း ခဲ့ကြောင်း ဖော်ပြထားသည်။

လုံခြုံရေးကိစ္စနှင့်ပတ်သက် ၍ ဆောင်ရွက်ထားသင့်သည်များ ကို အကြံပြုတင်ပြထားသော် လည်း အလေးမထားခြင်းကြောင့် တိုင်းရင်းသားများ သတ်ဖြတ်ခံရမှု များသည် အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် ဖြစ်ရသည်ဟု ANP ပါတီ ထုတ်ပြန်ချက်၌ ပါရှိသည်။

‘‘မောင်တောခရိုင် လုံခြုံရေး နဲ့ပတ်သက်ပြီး ပေါ့ပေါ့တန်တန် မဟုတ်ဘဲ အလေးထားသင့်နေပါ ပြီ’’ဟု ရခိုင်အမျိုးသားပါတီ အ ထွေထွေအတွင်းရေးမှူး ဦးထွန်း အောင်ကျော်က ပြောသည်။

လက်ရှိ မောင်တောခရိုင် အခြေအနေသည် ပြင်းထန်သော ထိတွေ့တိုက်ခိုက်မှုများ မဖြစ် သော်လည်း ယခုကဲ့သို့ အပြစ်မဲ့ ပြည်သူများ မကြာခဏ သတ် ဖြတ်ခံနေရမှုသည် အုပ်ချုပ်သူ အစိုးရအတွက် စိန်ခေါ်မှုကြီးတစ် ရပ်ဖြစ်နေပြီး တာဝန်ယူထားသည့် လုံခြုံရေးတပ်ဖွဲ့များ၏ ဂုဏ် သိက္ခာကို ကျဆင်းစေကြောင်း မောင်တောမြို့မိ၊ မြို့ဖ ဦးအောင် ကျော်ညွန့်က ပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ကိုင်းကြီးဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းရရှိချိန်သည် အလွန်နောက်ကျပြီး အင်တာ နက်၊ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ပျံ့နှံ့ပြီးမှ သိရသဖြင့် တာဝန်ရှိသူ များအနေဖြင့် ယခုကိစ္စကစ၍ နောင်တွင် သတင်းများကို အ လေးထား၍ ဆောင်ရွက်ပေးစေ လိုပါကြောင်း ပြောကြားထား သည်။ သတင်းနောက်ကျခြင်း အကျိုးဆက်များသည် အင်မတန် ကြီးမားပြီး တာဝန်ရှိသူများအနေ ဖြင့် သတင်းရရှိမှုအပိုင်းကို နောက်ပိုင်း၌ အလေးထားဆောင် ရွက်စေလိုကြောင်း ဦးညီပုက ထပ်လောင်းပြောသည်။ ယခု အဖြစ် အပျက်နောက်ပိုင်းတွင် အကျိုး ဆက်များ များစွာဖြစ်ပွားလာနိုင် သဖြင့် ထိန်းထိန်းသိမ်းသိမ်း တည်တည်ငြိမ်ငြိမ်ဖြင့် ဆောင်ရွက်ရန် နှင့် အုပ်ချုပ်ရေးအပိုင်းနှင့် စီမံ ခန့်ခွဲမှုအပိုင်း၌ ပိုမိုချိတ်ဆက်ပြီး စည်းစည်းလုံးလုံး ဆောင်ရွက်ရန် ဝန်ကြီးချုပ်က ဩဂုတ် ၄ ရက် တွင် ပြောကြားခဲ့သည်။

Top News