ဒေါ်အောင်ဆန်းစုကြည်နှင့် အဘိုးအဘွား ၁၂ ဦးပါဝင်မည့် ကျေးလက်စကားဝိုင်း သြဂုတ် ၇ ရက်တွင် ပြုလုပ်မည်

ငြိမ်းချမ်းရေးစကားဝိုင်းကို သြဂုတ် ၇ ရက် နံနက် ၁၀ နာရီတွင် စတင်မည်
ကျေးလက်စကားဝိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပါဝင်ဆွေးနွေးမည့်သူများ (ဓာတ်ပုံ − Myanmar State Counsellor Office)

နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အဘိုးအဘွား ၁၂ ဦးပါဝင်မည့် ကျေးလက်စကားဝိုင်းကို ဩဂုတ် ၇ ရက်တွင် မန္တလေးတိုင်းဒေသ ကြီး ဝမ်းတွင်းမြို့နယ်မြေတိုင်ကန် ကျေးရွာ၌ ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်ကပြောသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမည့် အဘိုးအဘွား ၁၂ ဦးကို မြေတိုင်ကန် ရွာသူ၊ ရွာသား များက ရွေးချယ်ခြင်းဖြစ်ကြောင်း နှင့် ပြောနိုင်၊ ဆိုနိုင်၊ ကြားနိုင် သည့် အသက် (၇၀)ကျော်၊ (၈၀) ကျော်အရွယ်ရှိ အဘိုးအဘွားများ ကို ရွေးချယ်ထားကြောင်း ၎င်းက ဆိုသည်။

‘‘အဘိုးအဘွားနဲ့တွေ့ပြီး ပြောမယ်ဆိုကတည်းက ရှေး ဟောင်းနှောင်းဖြစ်တွေ ပြောမယ် ထင်တာပဲ။ ကျေးလက်စကားဝိုင်း ပေါ့။ အဘိုးအဘွားတွေလည်း ပေါ့ပေါ့ပါးပါးနဲ့ ဒေါ်အောင်ဆန်း စုကြည်ကပဲ ဦးဆောင်ပြီး ဆွေး နွေးသွားမှာပါလို့ အဲဒီလိုပဲ ပြော ထားတယ်’’ဟု ဦးစိုးမင်းထက်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သည် မြေတိုင်ကန်ရွာ ခရီးစဉ်တွင် တစ်ရက်တည်းမှာပင် ကျေးလက် စကားဝိုင်းနှင့် ငြိမ်းချမ်းရေးစကား ဝိုင်းဟူ၍ အစီအစဉ်နှစ်ခု ပြုလုပ် မည်ဖြစ်ရာ MRTV ရုပ်သံလိုင်း၊ Myanmar State Counsellor Office ဖေ့စ်ဘွတ်ခ်နှင့်Myanmar President Office ဖေ့စ်ဘွတ်ခ်တို့ မှ ဩဂုတ် ၇ ရက် နံနက် ၁၀ နာရီက စတင်၍ တိုက်ရိုက်ထုတ်လွှင့်မည် ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရုံးက သတင်းထုတ်ပြန်သည်။

နံနက် ၁၀ နာရီတွင် စတင်မည့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် မြေတိုင်ကန် ရွာသူ၊ ရွာသားရှစ်ဦးကို ရွေးချယ် ထားရာ ကုန်ကားပိုင်ရှင်၊ သီးနှံပွဲ စား၊ ဆန်စက်ပိုင်ရှင်၊ ရက်ကန်းရုံ ပိုင်ရှင်၊ ကျောင်းဆရာ၊ ကုန်စုံဆိုင် ပိုင်ရှင်၊ တောင်သူစသည့်လုပ်ငန်း လုပ်ကိုင်သူများနှင့် ကျောင်းသူတစ်ဦးဖြစ်ကြောင်း ထုတ်ပြန်ချက် ၌ ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မြေတိုင်ကန်ရွာခရီးစဉ်အတွက် လုံခြုံရေးကို ဩဂုတ် ၅ ရက်က စတင်၍ ရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်နေကြောင်း ဦးစိုးမင်း ထက်က ပြောသည်။

ပြီးခဲ့သည့် ရက်အတွင်းက လည်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ သမ္မတရုံး ညွှန်ကြားရေး မှူး ဦးဇော်ဌေးတို့လည်း မြေတိုင် ကန်ရွာသို့ လာရောက်လေ့လာခဲ့ ကြောင်း ၎င်းက ဆိုသည်။

မြေတိုင်ကန်ကျေးရွာသည် ဝမ်းတွင်းမြို့နယ်နှင့် တစ်မိုင်အ ကွာတွင်ရှိပြီး အိမ်ခြေ ၂၅၀ ကျော်ရှိကြောင်း ဦးစိုးမင်းထက်က ပြော ကြားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် လူငယ်များ၊ ကျေးလက်နေ ပြည်သူများ၊ တိုင်းရင်းသားလူမျိုး များနှင့် ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ်ရာ ယခုကျင်းပမည့်စကား ဝိုင်းသည် လေးကြိမ်မြောက်ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် လူငယ်များ၏ ငြိမ်းချမ်းရေး စကားဝိုင်းကို နှစ်လတစ်ကြိမ် (သို့မဟုတ်) သုံးလတစ်ကြိမ် ပုံမှန် ပြုလုပ်ရန် စီစဉ်ထားသည်။

More in Politics Section

Top News