KNPP ခေါင်းဆောင်ငယ်များအား KNU က ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ သင်တန်းပေး

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)လက်မှတ်မထိုးရ သေးသည့် ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP) ခေါင်း ဆောင်ငယ်များအား NCA ရေးထိုးထားသည့် ကရင်အမျိုးသားအ စည်းအရုံး(KNU)အတွင်းရေး မှူး(၂)က ပဋိပက္ခဖြေရှင်းရေး ဆိုင်ရာ သင်တန်းပေးခဲ့ကြောင်း KNPP ဗဟိုကော်မတီဝင်ဖူးထဲဘူ က ပြောသည်။


မြန်မာ-ထိုင်းနယ်စပ် မယ် ဟောင်ဆောင်ဒေသတစ်နေရာ၌ ကျင်းပသည့် အဆိုပါအစီအစဉ် တွင် KNPP က အလယ်အလတ် ခေါင်းဆောင်များ နိုင်ငံရေးဖြစ်စဉ် သိရှိစေရေး KNU ၏ အတွေ့အ ကြုံကို ရယူခြင်းဖြစ်ကြောင်း ၎င်း ကဆိုသည်။

ခေါင်းဆောင်ငယ်များ ဗဟု သုတရရှိရေး KNU အတွင်းရေး မှူး(၂)ပဒိုစောလှထွန်းက ပဋိပက္ခ ဖြေရှင်းရေး ခေါင်းစဉ်နှင့်ဆွေးနွေး ခဲ့ကြောင်း ဖူးထဲဘူကပြောသည်။

‘‘သူတို့ဆိုလိုတာက အဓိက ပြဿနာအရင်းအမြစ်ကို ရှာဖွေ ဖို့ပေါ့။ အပေါ်ယံမကြည့်ဘဲ ပြဿနာအရင်းအမြစ်ကို ဖော် ထုတ်ပြီးမှ ချဉ်းကပ်ရမယ့်အပိုင်း ပေါ့။ နောက်ပြီးအကြံဉာဏ်ပေး နိုင်တဲ့လူကို ချဉ်းကပ်နိုင်ဖို့ပေါ့’’ ဟု ဖူးထဲဘူက သင်တန်းတွင် ဆွေးနွေးမှုအခြေအနေကို ပြောပြ သည်။

KNPP ခေါင်းဆောင်ငယ် များအား စွမ်းရည်မြှင့်တင်ရေး အစီအစဉ်တွင် KNPP မှအရာရှိ ငယ် ၃၀ ခန့်တက်ရောက်ခဲ့ ကြောင်း ဖူးထဲဘူက ပြောသည်။ ယင်းသို့ KNPP အရာရှိငယ်များ  ကို KNU က အတွေ့အကြုံမျှဝေ ခြင်းမျိုးယခင်က မပြုလုပ်ခဲ့ဖူးဟု ၎င်းက ဆိုသည်။

KNPP အနေဖြင့် NCA  မထိုးရသေးသော်လည်း အစိုးရ နှင့် ပြည်နယ်အဆင့်အပစ်ရပ်စဲ ရေးလုပ်ဆောင်ထားသည်။ က ယားပြည်နယ်အတွင်း လက်ရှိ ငြိမ်းချမ်းရေးအခြေအနေသည်အ ပစ်အခတ်ရပ်စဲရေးခိုင်မာစေရန် နှစ်ဖက်အကြား ထိန်းညှိနေရ သည့်အခြေအနေဟု ဖူးထဲဘူက ပြောသည်။ အပစ်ရပ်စဲထားသည့် ၂၀၁၂ နောက်ပိုင်း တပ်မတော် နှင့် KNPP တို့အကြားကြီးမား သည့် ပဋိပက္ခမရှိဟု ၎င်းကဆို သည်။

KNPP အနေဖြင့်NCAလက်မှတ်ထိုးနိုင်ရေး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)မှ တစ်ဆင့် အစိုးရနှင့် ညှိနှိုင်းနေရာ ဩဂုတ် ၁၀ ရက်တွင် အစိုးရနှင့် UNFC ကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မြို့၌ ခြောက်ကြိမ်မြောက် တရားဝင်ဆွေးနွေးမည်ဖြစ်သည်။

Top News