H1N1 ပိုးတွေ့သည့် လူနာ ၁၃၆ ဦးအထိရှိပြီး ၁၅ ဦး သေဆုံး

ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၅ ရက် မွန်းလွဲ ၂ နာရီအ ထိ ရရှိသောစာရင်းများအရ ရာ သီတုပ်ကွေး (H1N1) သံသယလူ နာ ၃၅၆ ဦးရှိနေကာ ဆေးရုံတက်ကုသမှုခံယူသော ရောဂါပိုးတွေ့လူနာ ၁၃၆ ဦးနှင့် သေဆုံးသူ ၁၅ ဦးခန့်ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရာသီ တုပ်ကွေးရောဂါ (H1N1) ဖြစ်ပွားသူ ဦးရေသည် တစ်ရက်အတွင်း လေးဦးတိုးလာ ပြီး တစ်ဦးထပ်မံသေဆုံးကြောင်း ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနက သြဂုတ် ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

သြဂုတ် ၄ ရက်မှ ၅ ရက်အ ထိ သံသယလူနာ ၂၀ ကို ဓာတ်ခွဲ စမ်းသပ်ခဲ့ရာ လေးဦးတွင် ရာသီ တုပ်ကွေးရောဂါ(H1N1)ပိုး ကူး စက်ခံရသည်ကို တွေ့ရှိခဲ့သည်။ ယခင်က ရောဂါပိုးတွေ့သူသည် တစ်ရက်အတွင်း အနည်းဆုံး ၁၂ ဦးမှ ၃၆ ဦးအထိ တိုးပွားနေသော် လည်း ယခုအခါ ရောဂါကူးစက်ခံ ရသူ လေးဦးအထိကျဆင်းခဲ့ပြီး သေဆုံးသူလည်း လျော့နည်းခဲ့ သည်။

လက်ရှိအချိန်ထိ ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ရာသီတုပ်ကွေးရောဂါ (H1N1) ပိုးတွေ့ လူနာ ၂၉ ဦးအတွင်း လူ နာအဖြစ် တက်ရောက် ဆေးကု သမှုခံယူနေပြီး ၃၂ ဦးသည် သက် ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အသီး သီးရှိ ဆေးရုံများ၌ ဆေးကုသမှုခံ ယူနေသည်။ ဆေးရုံ တက်ရောက် ကုသမှုခံယူနေသော လူနာ ၆၁ ဦးသည် ကျန်းမာရေးပြန်လည် ကောင်းမွန်နေပြီး မကြာမီ ဆေးရုံ ဆင်းနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဝန်ကြီးဌာနက ဖြစ်ပွားမှုများ သည့် နေရာများတွင် ရောဂါတုံ့ ပြန် ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် သြဂုတ် ၅ ရက်ကစကာ မြို့ပြနှင့် ကျေးရွာများပါမကျန် လွှမ်းခြုံနိုင် စေရန် ဆက်သွယ်ရေးအော်ပရေ တာများဖြစ်သော အမ်ပီတီ၊တယ်လီနောတို့နှင့် ပူးပေါင်းကာဖုန်းအသုံးပြုသူ ပြည်သူများထံသို့ ရာသီတုပ်ကွေးရောဂါ (H1N1)နှင့်ပတ်သက်ပြီး ရှောင်ရှားသင့်သည့် အချက်များကို သိရှိစေရန် စာတိုများပို့ဆောင်ကာ အသိပညာများ ဖြန့် ဝေနေကြောင်း ထုတ်ပြန်ထားသည်။