ခန္ဓာကိုယ်က အင်ဆူလင်ကို အသုံးမချနိုင် ဖြစ်နေသူများ လိုက်နာသင့်သော အစားအသောက်ဆိုင်ရာ လမ်းညွှန်ချက်

ခန္ဓာကိုယ်က အင်ဆူလင်ဟော်မုန်းကို ပုံမှန်အတိုင်းအသုံးမချ နိုင်ဖြစ်နေပါက ဆီးချိုရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မား သည်။ အင်ဆူလင်ကို အသုံးမချနိုင်ဖြစ်နေသော အခြေအနေကို စောစောစီးစီး စစ်ဆေးတွေ့ရှိပါက ကျန်းမာရေးနှင့်ညီသော နေထိုင်မှု ဘ၀ပုံစံများနှင့်အတူ ဆီးချိုရောဂါကိုကွယ်နိုင်မည်ဖြစ်သည်။

ယေဘုယျအားဖြင့် တာရှည်ခံအောင်စီမံထားသည့် အစားအ စာများကို ရှောင်ရှားပြီး သဘာဝအစားအစာများကိုစားသောက်ခြင်း သည် အကောင်းဆုံးဖြစ်ပြီး သွေးထဲရှိ သကြားဓာတ်ပမာဏကို မြင့် တက်စေသော အစားအစာများကိုလည်း ရှောင်ရှားသင့်သည်။


ထို့အပြင် ကျန်းမာရေးနှင့် ညီသောအဆီဓာတ်ကို ရွေးချယ်စား သောက်ရန်လိုပြီး အမျှင်ဓာတ်မြင့်မားသော အစားအစာများကို စား ပေးခြင်းဖြင့် အစာချေဖျက်မှုကို  ကောင်းမွန်စေကာ သရက်ရွက်အ ပေါ်ရှိနေသော ဖိအားများကင်းစင်စေမည်ဖြစ်သည်။

သွေးထဲရှိ သကြားဓာတ်ကိုထိန်းချုပ်လိုသူများအနေဖြင့် ကယ် လိုရီနည်းပြီး အမျှင်ဓာတ်မြင့်မားစွာပါဝင်သည့် ဟင်းသီးဟင်းရွက် များကို စားပေးသင့်သည်။ ခရမ်းချဉ်သီး၊ဒေါက်ခွရွက်၊ ငရုတ်ပွသီး၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်းစသော ဟင်းသီးဟင်းရွက်များစားပေးသင့် သည်။

ဗီတာမင်၊ အမျှင်ဓာတ်နှင့် သတ္တုဓာတ်များကြွယ်ဝသော ပန်း သီး၊ ဘယ်ရီသီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ တရုတ်ဆီးသီးနှင့် သစ် တော်သီးတို့စားပေးသင့်သည်။ သို့သော် ဆိုဒါကဲ့သို့ပင် သွေးထဲရှိ သကြားဓာတ်ကို မြင့်တက်စေသော သစ်သီးဖျော်ရည်များကိုရှောင် ရှားသင့်သည်။

အဆီပါဝင်မှုနည်းသောနို့နှင့် ဒိန်ချဉ်ကဲ့သို့ နို့ထွက်ပစ္စည်းများကို စားပေးသင့်သည်။

သဘာဝဆန်နှင့်ပဲတို့ကို စားပေးပြီး သွေးထဲရှိ သကြားဓာတ် ပမာဏမမြင့်တက်အောင် ကာကွယ်နိုင်သည်။

ဆော်လ်မွန်၊ မက္ကရယ်၊ ဆာဒင်းနှင့်ထရောက်စသော ငါးများ တွင် ဆီးချိုရောဂါသည်များအဖြစ်များသည့် နှလုံးရောဂါအန္တရာယ် ကို လျှော့ချနိုင်သည့် အိုမီဂါ-၃ ဖက်တီးအက်စစ်များပါဝင်သဖြင့် အထူးစားသုံးပေးသင့်သော အစားအစာများဖြစ်သည်။

ထို့အပြင် ကြက်သားကဲ့သို့ မွေးမြူရေးအသားများကို စားပါက အရေခွံမပါဘဲစားသင့်သည်။ အရေခွံများတွင် အသားထက်အဆီ ပိုများသည်။

ကျန်းမာရေးနှင့်ညီသော အဆီများနှင့် အစေ့အဆန်များစားပေး ရန်လိုအပ်ပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်ကိုယ်အလေးချိန် လျှော့ချနိုင်ကာ သွေးထဲရှိ သကြားဓာတ်ပမာဏကို လျှော့ချနိုင် သည်။ ကိုယ်အလေးချိန်ပိုများရခြင်း (သို့မဟုတ်) အ၀လွန်ခြင်းကြောင့် ဆီးချိုရောဂါနှင့် ဆက်နွှယ်သော ရှုပ်ထွေးမှုများဖြစ်ပွားနိုင်သည်။ ကိုယ်အလေးချိန်ကို လျှော့ချခြင်းဖြင့် ဆီးချိုရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်လျော့ကျနိုင်သည်။

လူများစွာသည် ဆီးချိုရောဂါအဖြစ်သို့ ပြောင်းလဲမသွားခင်အချိန်ထိ အင်ဆူလင်ကို ခန္ဓာကိုယ်က အသုံးမချနိုင်ဖြစ်နေသော အခြေအနေကို သတိမထားမိဖြစ်နေတတ်သည်။

Ref: Health Line