မိုးမိတ်မြို့မှ မလှလှထွေးနှင့် ညီမငယ်ကို လူမှုဝန်ထမ်းက စောင့်ရှောက်ထား

ရက်သားသာရှိသေးသည့် ညီမငယ်အား စောင့်ရှောက်နေသော အသက်(၁၂)နှစ်အရွယ် မလှလှထွေးကို တွေ့ရစဉ် (ဓာတ်ပုံ − ညီညီဇော်)

 ဆေးစွဲနေသည့် မိဘ များလက်မှ ထွက်ပြေးလွတ် မြောက်လာသည့် မလှလှထွေး နှင့် လသားအရွယ် ညီမငယ်ကို လူမှုဝန်ထမ်းဦးစီးဌာနတွင် စောင့် ရှောက်ထားပြီး ၎င်းတို့၏ မိဘနှစ် ပါးကို ဆေးဖြတ်ပေးကာ မိသားစု ပြန်လည်နေထိုင်နိုင်ရန် စီစဉ်ပေး မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မိဘများ မူးယစ်ဆေးဝါးသုံး စွဲမှုကြောင့် အာဟာရပြတ်ကာ ကျန်းမာရေးချို့တဲ့နေသော မောင်နှမများနှင့်အတူ ဆေးရုံသို့ ရောက်ရှိလာသော မိုးမိတ်မြို့နယ်နေ မလှလှထွေးနှင့် လသားအရွယ် ဘေဘီအေးဆွေဟု အမည်ပေးထားသည့် ကလေးငယ်တို့ကို လတ်တလော တွင် နိုင်ငံတော်အထောက်အပံ့ ဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၌ ယာ ယီစောင့်ရှောက်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန် ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်ဝင်းက ပြောသည်။

‘‘နိုင်ငံတော်က အထောက် အပံ့ပေးပြီး စောင့်ရှောက်တယ်ဆို တာ နောက်ဆုံးအဆင့် မိဘတွေ၊ ဆွေမျိုးသားချင်းတွေမရှိတော့ဘူး ဆိုမှ စောင့်ရှောက်ပေးတာပါ။ အခုကတော့ ကောင်းတဲ့အချိန် ကာလတစ်ခုရောက်ရှိအောင် မိဘတွေကို မူးယစ်ဆေးဖြတ်ပေး မယ်၊ ပြန်လည်ထူထောင်ရေးအ တွက် အလုပ်အကိုင်အခွင့်အ လမ်းတွေ ရှာဖွေပေးမယ်။ အဲဒီအ ချိန်ကာလအထိတော့ နိုင်ငံတော် က ထောက်ပံ့ပေးထားမယ်’’ဟု ဦးကျော်ဝင်းက ရှင်းပြသည်။

လက်ရှိတွင် မလှလှထွေးတို့ ၏ မိဘများကို မူးယစ်ဆေးဖြတ် ရန် လူမှုဝန်ထမ်းဦးစီးဌာနသာ မက သက်ဆိုင်သည့်ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းကာ စီစဉ်နေကြောင်း ဦးကျော်ဝင်းက ပြောသည်။

လူမှုဝန်ထမ်းဦးစီးဌာနအနေ ဖြင့် ကလေးသူငယ်များကို ၁၀ နှစ်အထိသာ လက်ခံသော်လည်း အသက် (၁၂)နှစ်အရွယ်ရှိ မလှ လှထွေးကို လသားအရွယ် ကလေးငယ်နှင့် အနီးကပ်ပြုစုစောင့် ရှောက်နေထိုင်နိုင်ရန် ခွင့်ပြုထား ကြောင်း ၎င်းက ဆိုသည်။

မလှလှထွေးတို့ ညီအစ်မနှစ်ဦးသည် ဩဂုတ် ၂ ရက် ညတွင် မိုးကုတ်ဆေးရုံမှ မန္တလေးမြို့သို့ ရောက်ရှိလာပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေး ထားကြောင်း ကလေးများ၏ ကျန်းမာရေးအခြေအနေများကို တာဝန်ယူထားသည့် မန္တလေးတိုင်းဒေသ ကြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာ အောင်က ပြောသည်။

‘‘တစ်လသားအရွယ် ကလေး ငယ်လေးက အသက်အရွယ်ပိုင်း ကလည်း ငယ်သေးတယ်။ မိုး ကုတ်ဆေးရုံမှာလည်း အဆုတ် အအေးမိရောဂါနဲ့ ဆေးသောက် နေရတာဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ ကျန်းမာရေးအတွက် ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံမှာ ဩဂုတ် ၃ ရက်က သွားရောက် ပြသခဲ့ပါတယ်။ ကလေးနှစ်ယောက်စလုံးကို ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံမှာ စစ်ဆေးမှုတွေပြုလုပ်ပေးထားပါတယ်’’ဟု   ဒေါက်တာဥမ္မာအောင်က ပြောသည်။

လက်ရှိတွင် ကလေးများ၌ အာဟာရချို့တဲ့နေသည့် လက္ခ ဏာများ မတွေ့ရသော်လည်း တစ် လသားကလေးငယ်သည် ရှိသင့်သည့် ပေါင်ချိန်ထက် နည်းနေသေးကြောင်း၊ လတ်တလောတွင် အ စားစားချိန်၊ နို့တိုက်ချိန်များကို စနစ်တကျလုပ်ဆောင်ပေးထား ခြင်းကြောင့်   ပေါင်ချိန်တက်လာနိုင်ကြောင်း   ဒေါက်တာဥမ္မာ အောင်က ဆိုသည်။

ကလေးငယ်နှစ်ဦးအတွက် စေတနာရှင်များက ငွေကြေး ထောက်ပံ့လှူဒါန်းမှုများရှိနေပြီး ကမ္ဘောဇဘဏ်တွင် ငွေစာရင်းဖွင့် ကာ  လက်ခံပေးထားကြောင်း၊ ငွေစာရင်းအတိအကျကို မသိရသေးသော်လည်း လက်ရှိအချိန်ထိ ကျပ်သိန်း ၈၀ ခန့်ရရှိထားကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ  သိရသည်။

မလှလှထွေးတို့ မောင်နှမ လေးဦးသည် မိုးမိတ်မြို့နှင့် ၂၈ မိုင်ခန့်အကွာ မိုင်းငေါ့မြို့နယ်ခွဲ ကျောက်လုံးကြီးကျေးရွာမှဖြစ်ပြီး အဒေါ်ဖြစ်သူနှင့်အတူ ဇူလိုင် ၂၃ ရက်တွင် မိုးမိတ်ဆေးရုံသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ရောက်ရှိ သည့် ညတွင် အသက် (၆)နှစ်အ ရွယ် ယောက်ျားလေးတစ်ဦး သေ ဆုံးခဲ့သည်။ ဇူလိုင် ၂၈ ရက်တွင် မိုးမိတ် ဆေးရုံမှတစ်ဆင့် မိုးကုတ်ဆေးရုံသို့  ပြောင်းရွှေ့ကုသပြီး  ဇူလိုင် ၂၉ ရက်၌ အသက် (၂) နှစ် အရွယ်မိန်းကလေးတစ်ဦး ထပ်မံသေဆုံးခဲ့သည်။

Top News