အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပရသေးသည့် နယ်မြေများတွင် ကျင်းပခွင့်ရအောင် ကြိုးစားမည်ဟုဆို

ပထမဆုံးကျင်းပသည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ကရင်)ကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီက တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲများကို မကျင်းပရ သေးသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ နယ်မြေများတွင် ကျင်းပခွင့်ရရေး ကြိုးစား မည်ဟု အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး က ပြောသည်။


တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအနက် ရှမ်းအဖွဲ့ (RCSS)နှင့်ရခိုင်အဖွဲ့ (ALP)တို့၏ နယ်မြေများတွင် လူမျိုးအလိုက် အမျိုးသားအဆင့် ဆွေးနွေးပွဲမကျင်းပနိုင်သေးပေ။

မည်သည့်နေရာ မည်သည့် အချိန်၌ ကျင်းပမည်ဆိုသည့် ဆုံးဖြတ်ချက်များ မရှိသေးဟု ဦးအောင်စိုးက ပြောသည်။ ‘‘ကျွန် တော်တို့ အလွတ်သဘောသွား တွေ့ကြတာက ပြီးခဲ့တာတွေ အ ကုန်လုံး ပြန်သုံးသပ်ပြီးတော့ ရှေ့ သွားမယ့်ဟာတွေအကုန်လုံး အ ကြမ်းဖက် ဆွေးနွေးကြတာ’’ ဟု ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် NCA လက်မှတ်ထိုး ရှစ်ဖွဲ့တို့သည် ဩဂုတ် ၃ ရက်က ထိုင်းနိုင်ငံ ချင်း မိုင်မြို့၌ အလွတ်သဘောဆွေးနွေးခဲ့သည်။ ‘‘အလွတ်သဘော ဆွေးနွေးချက်အရဆိုရင် ကျွန် တော်တို့ မလုပ်ရသေးတဲ့ လူမျိုးတွေကို အရင်ဆုံးလုပ်နိုင်အောင် ကြိုးစားပေးမယ်လို့ အစိုးရဘက် က ပြောပါတယ်’’ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစိုင်း ငင်းက ပြောသည်။

ပြီးခဲ့သည့် မေလက ကျင်းပ သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝဝန်းကျင်ဆိုင်ရာ မူဝါဒ များ စသည့်ကဏ္ဍလေးခုမှအချက် ၃၇ ချက်ကို ပြည်ထောင်စုသဘော တူစာချုပ် အစိတ်အပိုင်းအဖြစ် သတ်မှတ်ခဲ့သည်။

၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီက ရှမ်းလူမျိုးအလိုက် အ မျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲ ကျင်းပခွင့်မရခဲ့၍ ညီလာခံ သဘောတူဆုံးဖြတ်ချက်များတွင် ရှမ်းလူမျိုးများ၏ သဘောထား မပါဝင်ဟု ဒုဗိုလ်မှူးကြီး စိုင်းငင်း က ပြောသည်။ ‘‘ဆားမပါတဲ့ ဟင်းကို သောက်ရသလို ပေါ့ပြက်ပြက် ကြီးပေါ့’’ဟု ၎င်းက ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ တက် ရောက်ခဲ့သည့် ခံစားမှုနှင့်ပတ် သက်၍ ပြောသည်။

RCSS သည် အမျိုးသားအ ဆင့် ကျင်းပခွင့်ရရှိသော်လည်း ကျင်းပမည့်နေရာ ညှိနှိုင်းမရ၍ မကျင်းပနိုင်ခြင်းဖြစ်သည်။ ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရခိုင်ဒေသ နယ်မြေအခြေအနေအရ အစိုးရ က ကျင်းပခွင့်မပြုသေးခြင်းဖြစ် သည်။ သို့ရာတွင် ALP က ၎င်းတို့ အနေဖြင့် အမျိုးသားအဆင့် ဆွေး နွေးပွဲကျင်းပရန် အဆင်သင့်ရှိ ကြောင်း ထုတ်ဖော်ပြောကြား ထားသည်။

More in Politics Section