မစင်စွန့်သော (၃)နှစ်အရွယ် ကလေးကို ပထွေးက ကန်ကျောက်သဖြင့် သေဆုံး

 နေအိမ်ပေါ်တွင် မစင် စွန့်သည့် အသက်(၃)နှစ်အရွယ် ကလေးငယ်ကို ပထွေးဖြစ်သူက ကန်ကျောက်သဖြင့် သေဆုံးသွားကြောင်း ကျွန်းစုမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။ 

တနင်္သာရီတိုင်း ကျွန်းစုမြို့ နယ် ရေပြည့်အော်ကျေးရွာနေ အသက်(၂၂)နှစ်အရွယ် မမီးငယ်ထွေးသည် သြဂုတ် ၆ ရက် နေ့လယ် ၃ နာရီခန့်က ပထမအိမ်ထောင်ဖြင့် ရသည့်ကလေးငယ်အား ပုခက်အတွင်း သိပ်ထားခဲ့ကာ အလုပ်သွားနေစဉ် ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။ 

‘‘သူတို့အိမ်ထောင်ကျတာ က နှစ်လလောက်ပဲရှိသေးတယ်။ နှစ်ယောက်စလုံးမှာ ပထမအိမ် ထောင်ရှိကြတယ်။ ပထမအိမ် ထောင်ကွဲပြီး ဒုတိယအိမ်ထောင် ပြုကြတာ။ သူ့မိန်းမ ကုန်သွား ထမ်းနေတဲ့အချိန် အိမ်မှာ မယား ပါသားကို ပထွေးက သတ်လိုက် တာ’’ဟု ရဲအရာရှိက ပြောသည်။ 

 ထို့နောက် မမီးငယ်ထွေး ကုန်ထမ်းရာနေရာသို့ ခင်ပွန်းက လာရောက်ခေါ်ဆောင်သဖြင့် အိမ်သို့ ပြန်သွားခဲ့ကြောင်း၊ နေ အိမ်သို့အရောက်တွင် အသက် (၃)နှစ်အရွယ် သားဖြစ်သူသည် နေအိမ်ကြမ်းပြင်ပေါ်၌ မစင်များ ဖြင့်ပေကျံနေပြီး မမီးငယ်ထွေး၏ လက်ပေါ်တွင် သေဆုံးခဲ့သဖြင့် ဝင်းကို(ခ)ကုလားကို မေးမြန်းရာ နေအိမ်ပေါ်၌  မစင်များစွန့်၍ ဒေါသဖြစ်ကာ ကလေးငယ်၏ရင် ဘတ်အား လေး၊ ငါးချက်ခန့် ဆင့်ကန်ခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

(၃)နှစ်အရွယ် ကလေးငယ် အား သေဆုံးသည်အထိ ခြေ ထောက်ဖြင့် ဆင့်ကန်သူ ဝင်းကို (ခ)ကုလားကို ကျွန်းစုမြို့မရဲစ ခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ကျွန်းစုမြို့မရဲစခန်းမှ သိရသည်။