အစိုးရနှင့် UNFC ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်မီတပ်မတော်နှင့် NMSP တို့ စစ်ရေးတင်းမာနေ

မွန်ပြည်သစ်ပါတီ (NMSP)၏ အမှတ် (၅) တပ်ရင်း တည်ရှိရာဒေသတွင် တပ်မတော် နှင့် စစ်ရေးတင်းမာမှု အခြေအနေ ဖြစ်ပေါ်နေကြောင်း NMSP ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင် မငေးက ပြောသည်။


ဩဂုတ် ၇ ရက်တွင် NMSP က ကျင်းပခဲ့သည့် မွန်တော်လှန် ရေးနေ့ အခမ်းအနား၌ စစ်ရေး ပြခြင်းမလုပ်ရန် တပ်မတော်က ကန့်ကွက်စာပေးပြီးနောက် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ရှိ NMSP အမှတ် (၅) တပ်ရင်းတည် ရှိရာနေရာမှ ကားဖြင့် တစ်နာရီ ခန့် မောင်းနှင်ရသည့်အကွာ၌ တပ်မတော်က ခန့်မှန်းအင်အား ၄၀ ခန့် ရောက်ရှိနေကြောင်း နိုင် အောင်မငေးက ဆိုသည်။

‘‘ပွဲ (မွန်တော်လှန်ရေးနေ့ အခမ်းအနား)ပြီးတယ်ဆိုပေမယ့် အင်အား ၄၀ လောက်နဲ့ တပ်မ တော်က ကျွန်တော်တို့နားကို ချဉ်းကပ်လာတာ အခုထိ မဆုတ်သေး ဘူး။ အဲဒါလည်း စိုးရိမ်စရာတစ်ခု ပေါ့’’ဟု ၎င်းက ဩဂုတ် ၇ ရက်ညနေတွင်ပြောသည်။ NMSP ရှေ့တန်းတပ်စခန်းနှင့် တပ်မတော် စစ်ကြောင်းတို့အကြား ချောင်းတစ်ခုသာခြားသည့် အခြေအနေ ကြောင့် အချိန်မရွေး ပစ်ခတ်မှု ဖြစ်ပွားနိုင်သည်ဟု ၎င်းကဆိုသည်။ ‘‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သွားတဲ့အခါကျရင် ဒါကယုံကြည်မှုအ တွက် အနှောင့်အယှက် ဖြစ်တာ ပေါ့’’ဟု ၎င်းကပြောသည်။

NMSP အပါအ၀င် UNFCအဖွဲ့ဝင်အားလုံး NCA လက်မှတ် ထိုးနိုင်ရေးညှိနှိုင်းရန် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFCကိုယ်စားလှယ်အဖွဲ့ DPN တို့သည် ဩဂုတ် ၁၀ ရက်တွင် တရားဝင်ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ကျင်းပရန် သဘောတူထားသည်။

‘‘ဒီဆွေးနွေးပွဲက ကောင်း တယ်ဆိုပေမယ့် မြေပြင်အနေအ ထားကြောင့် တစ်ခုခုအဟန့်အ တားတစ်ခုဖြစ်လာနိုင်တာကို စိုး ရိမ်တယ်’’ဟု နိုင်အောင်မငေးကပြောသည်။ ငြိမ်းချမ်းရေးကော်မ ရှင်နှင့် DPN တို့သည် NCA လက်မှတ်ထိုးနိုင်ရေး ဆွေးနွေးမှုသည်တစ်နှစ်ကျော်ကြာပြီဖြစ်ပြီး UNFC အဆိုပြုချက်များအပေါ် သဘောတူညီချက်များ ရရှိထားသည်။ လာမည့် ဩဂုတ် ၁၀ ရက် ရန်ကုန်ဆွေးနွေးပွဲတွင် ယင်းအချက်များကို အပြီးပြတ်ဆွေးနွေးနိုင်မည် မျှော်လင့်နေကြောင်း နှစ်ဖက် ကိုယ်စားလှယ်များက ပြောကြား ထားသည်။

တပ်မတော် NMSP တို့အ ကြား စစ်ရေးအခြေအနေနှင့်ပတ် သက်ပြီး မေးမြန်းရန် ကာကွယ် ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သည့် ဗိုလ်ချုပ်အောင်ရဲဝင်းနှင့် ဗိုလ်ချုပ်စိုးနိုင်ဦးတို့ထံ ဩဂုတ် ၇ ရက်က ဆက်သွယ်ရာ အဆက် အသွယ်မရပေ။

အဆိုပါဖြစ်စဉ်နှင့် ပတ် သက်ပြီး အရှေ့တောင်တိုင်း စစ် ဌာနချုပ်သို့ ဆက်သွယ်ရာတာဝန် ကျတပ်မတော်သားတစ်ဦးကတာ ၀န်ယူဖြေကြားမည့် ရုံးအဖွဲ့များ မရှိဟု ပြောကြားသည်။ ထို့အပြင်ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူး တွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးဝဏ္ဏအောင်ထံ ဆက်သွယ်ရာ အဆက်အသွယ်မရပေ။ NMSP သည် NCA တွင် ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော်လည်း ၂၀၁၂ တွင် အစိုးရနှင့် အပစ်ရပ်စဲထားသည့် အဖွဲ့ဖြစ်သည်။

Top News