ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ပြတိုက်နေရာသတ်မှတ်နိုင်ရေး သူရဦးအောင်ကိုနှင့် ပြတိုက်ကော်မတီဆွေးနွေး

ရှစ်လေးလုံးအရေးတော်ပုံ ယာယီပြတိုက်ကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံပြတိုက်ဖြစ်မြောက် ရေး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၀န်ကြီး သူရဦးအောင်ကိုနှင့် ရှစ်လေးလုံးပြတိုက်ကော် မတီဝင်တို့သည် သြဂုတ် ၇  ရက်က အလွတ်သဘော တွေ့ဆုံဆွေး နွေးခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီကပြောသည်။


‘‘အဓိကကတော့ ပြတိုက် တစ်ခုပေါ်ချင်တယ်။ အထူးသ ဖြင့် နောက်နှစ်ဆိုရင် ရှစ်လေးလုံး နှစ် ၃၀ ပြည့်လုပ်ကြရမှာလေ။ နှစ် ၃၀ ပြည့်မှာ ရှစ်လေးလုံးဒီမို ကရေစီအရေးတော်ပုံကြီးကို ခမ်း ခမ်းနားနား ကျင်းပချင်တယ်။ အဲ ဒီနှစ် ၃၀ ပြည့်မှာ ပြတိုက်ကို နေ ရာတစ်ခုသတ်မှတ်နိုင်ဖို့ ဆွေးနွေး ကြတာပါ’’ဟု ရှစ်လေးလုံးပြတိုက်ကော်မတီဝင် ဦးဂျင်မီကပြော သည်။

အလွတ်သဘော တွေ့ဆုံမှု အပြီးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ သာသနာရေးဝန်ကြီးတို့ နှင့် တရားဝင်တွေ့ဆုံမှုများ ဆက် လက်ပြုလုပ်မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။

‘‘၀န်ကြီးဘက်က ဆောင် ရွက်ထားတာလည်း တော်တော် ပြည့်စုံမှုရှိပါတယ်။ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌဆီလည်း အပြည့်အ စုံတင်ပြထားပြီးသား ရှိတယ်။ ပြည်သူ့လွှတ်တော်ကနေ ဥပဒေ တစ်ရပ်ပြဋ္ဌာန်းပြီးဆောင်ရွက်နိုင် မယ်ဆိုရင်တော့ လုပ်ရကိုင်ရတာ ပိုပြီးကောင်းတာပေါ့’’ဟု ဦးဂျင်မီ ကပြောသည်။

ရှစ်လေးလုံးသမိုင်းပြတိုက် (ယာယီ)ကို လက်ရှိတွင် ရန်ကုန် မြို့ရှိ ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံး ဘေး၌ ယာယီဖွင့်လှစ်ထားသည်။

အဆိုပါ ပြတိုက်သည် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းတွင် တည်ရှိပြီး ရှစ်လေးလုံးအရေးတော်ပုံကာလ အတွင်း ဖြန့်ဝေခဲ့သော သတင်း မှတ်တမ်းများ၊ ဓာတ်ပုံမှတ်တမ်း များနှင့် ရုပ်သံမှတ်တမ်းများကို လေ့လာနိုင်ကြောင်း ယင်းကော်မတီမှသိရသည်။ ယာယီပြတိုက်ကို တနင်္လာနေ့မှအပ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့် လှစ်ထားသည်။ 

More in Politics Section