လုပ်ပိုင်ခွင့်များ မရတော့သဖြင့် လုပ်ငန်းရှင်ကြီးများ အားကစားကဏ္ဍကို ထောက်ပံ့မှုနည်းပါးလာဟု လွှတ်တော်အစီရင်ခံစာ ဖော်ပြ

ယခုအစိုးရလက် ထက်တွင် စီးပွားရေးနှင့်ဆက်စပ် သည့် မည်သည့်လုပ်ပိုင်ခွင့်ကိုမျှ ချထားပေးခြင်း မရှိသောကြောင့် အားကစား အဖွဲ့ချုပ်များ၏ ဥက္က ဋ္ဌနေရာ ရယူထားသည့် လုပ်ငန်း ရှင်အများစုသည် အားကစားက ဏ္ဍကို ထောက်ပံ့မှု နည်းပါးလာ ကြောင်း အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ် ကျေးမှုဆိုင်ရာ ကော်မတီ၏ အစီ ရင်ခံစာ၌ ဖော်ပြထားသည်။

ထိုကော်မတီ၏ အစီရင်ခံ စာပါ ယင်းအချက်ကို သြဂုတ် ၇ ရက်တွင် ကျင်းပသည့် အမျိုးသား လွှတ်တော်၌ ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

 ‘‘ကျွန်တော်တို့ သိရသ လောက်ကတော့ အဲဒါက အမှန် ပဲဖြစ်ပါတယ်။ အဲဒီလိုဆိုလုပ်လို စိတ်မရှိတဲ့သူတွေကို အနားပေး ပြီး လုပ်လိုစိတ်ရှိတဲ့ သူတွေနဲ့အ စားထိုးပေးဖို့ လိုအပ်မယ်လို့ အကြံပြုတင်ပြပါတယ်’’ ဟု  အမျိုးသားလွှတ်တော်အမတ် ဦးကျော်သောင်းက လွှတ်တော်၌ ပြောကြားသည်။

အားကစားလုပ်ငန်းနှင့်ပတ် သက်ပြီး နိုင်ငံတော်က ပြည့်စုံလုံ လောက်အောင် စီစဉ်ပေးနိုင်ခြင်း မရှိသည့် အခြေအနေတွင် အား ကစားအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် တာ ဝန်ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ် လုပ်ငန်းရှင်များက ၎င်းတို့၏ကိုယ် ပိုင်ငွေကြေး၊ လုပ်အားနှင့် ကိုယ် ပိုင်အချိန်ကိုပေး၍ နိုင်ငံတော်ကို ကူညီပံ့ပိုးပေးခဲ့သည်ကို သိရှိ ထားကြောင်း အမျိုးသား လွှတ်တော်အမတ် ဦးစိုင်းသန်းနိုင်က လွှတ်တော်သို့ ပြောသည်။

‘‘အခုချိန်မှာ အဆိုပါ ပုဂ္ဂိုလ် တွေဟာ မိမိတို့ တာဝန်ယူထားတဲ့ ကိစ္စကိုလုပ်ချင် ကိုင်ချင်စိတ်နည်း ပါးနေတယ်ဆိုရင်တော့ အားက စားကို စိတ်ဝင်စားပြီး ဘာမက်လုံး၊ ဘာအခွင့်အရေးမှ မမျှော်ကိုးတဲ့ နိုင်ငံတော်အတွက် အနစ်နာခံတဲ့ ပုဂ္ဂိုလ်မျိုးရှိရင် လက်ရှိ အစိုးရ လက်ထက်မှာ အမြန်ရှာဖွေပြီး တာဝန်ပေးသင့်ပါတယ်။ ဒီကိစ္စ ဟာ အရေးကြီးတဲ့ ကိစ္စဖြစ်တဲ့အ တွက် ကော်မတီအနေနဲ့ ဝန်ကြီး ဌာနကို အမြန်ဆုံး အကြံဉာဏ်ပေးသင့်ပါတယ်’’ ဟု ၎င်းကဆိုသည်။

 အစိုးရအနေဖြင့် အားကစားသမားများကို အစာအာဟာရ ကျွေးမွေးပြုစုရာတွင် သတ်မှတ် ထားသည့် ဘတ်ဂျက်အနေအ ထားသည် အာဟာရပြည့်ဝရန် မ လွယ်ကူသောကြောင့် အဖွဲ့ချုပ် ဥက္ကဋ္ဌများအားချမ်းသာသည့် သူ ဌေးများကိုသာ ပေးထားခြင်း ဖြစ် ကြောင်း စီးပွားရေးလုပ်ငန်းရှင်  ဒေါက်တာ စိုးထွန်းက သုံးသပ် ပြောကြားသည်။

‘‘နိုင်ငံခြားသွားမလို့ အစိုးရ ဆီတင်ရင် အစိုးရမှာ လေယာဉ် လက်မှတ်ထုတ်ပေးဖို့တောင် မရှိ ဘူးလေ။ ကျွန်တော်မြင်တာက တော့ အဖွဲ့ချုပ်ဥက္ကဋ္ဌတွေတင် တာဝန်ရှိတာမဟုတ်ပါဘူး။ အစိုး ရအနေနဲ့ တာဝန်ရှိတယ်။ ဘတ် ဂျက်ကိုဆွဲဖို့လိုတယ်။ အဖွဲ့ချုပ် ဥက္ကဋ္ဌနေရာကို လုပ်ငန်းရှင်တွေ ကို မပေးဘူးဆိုရင်လည်း အစိုးရ ဝန်ထမ်းတွေကို တာဝန်ပေးရုံပဲ။ ဝန်ထမ်းတာဝန်ပေးတော့လည်း ဝန်ထမ်းအနေနဲ့ ဘာလုပ်ပေးနိုင် မှာလဲ။ အားကစားတိုးတက်ချင် တယ်ဆိုရင် ဘတ်ဂျက်လျာထား ပေးမှရမယ်’’ ဟု ၎င်းကသုံးသပ် ပြောကြားသည်။

စီးပွားရေး လုပ်ငန်းရှင်များ အား လုပ်ပိုင်ခွင့်များပေးပြီး အား ကစား လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ခိုင်းစေ ခြင်းသည် မသမာနည်းသာဖြစ် ကြောင်း စီးပွားရေးနှင့် ဥပဒေအ ကြံပေး ဦးတင်သန်းဦးက ပြော သည်။ ယင်းအစီရင်ခံစာကို အမျိုးသား လွှတ်တော်က သဘောတူလက်ခံရန် ဆုံးဖြတ်ခဲ့သည်။

‘‘အဖွဲ့ချုပ်ဥက္ကဋ္ဌတွေ အနေ နဲ့ ပံ့ပိုးမှုတွေ နည်းလာတယ်ဆို တာ မဟုတ်နိုင်ပါဘူး။ ငွေကြေး အင်အားတတ်နိုင်တဲ့ အဖွဲ့ချုပ်ရှိ တယ်။ မတတ်နိုင်တဲ့အဖွဲ့ချုပ်ရှိ တယ်။ ဒါပေမဲ့ အားလုံးကတော့ အားကစားကို ချစ်မြတ်နိုးတဲ့ စိတ် တစ်ခုတည်းနဲ့ နိုင်ငံအပေါ် ပေး ဆပ်နေရတာပါ။ နိုင်ငံတကာပြိုင် ပွဲတစ်ပွဲ သွားပြိုင်မယ်ဆိုတိုင်း အ ဖွဲ့ချုပ် ဥက္ကဋ္ဌတွေက အမြဲစိုက် ထုတ် လုပ်ဆောင်ပေးရပါတယ်။ အားစားဝန်ကြီးဌာနရဲ့ ပံ့ပိုးမှုတစ် ခုတည်းနဲ့ မလုံလောက်ဘဲ ပြိုင်ပွဲ မတိုင်ခင် ပြင်ဆင်စရိတ်၊ နည်းပြ ငှားရမ်းစရိတ်ကအစ ကစားသ မားတွေအတွက် အစစအရာရာ ကို အဖွဲ့ချုပ်က တာဝန်ယူပေးရ ပါတယ်။ ဆုတံဆိပ်ဆွတ်ခူးလာခဲ့ ရင်လည်း ဆုချီးမြှင့်မှုတွေလုပ်ပေး ပါတယ်။ ဒါတွေအားလုံးက သူတို့ ရဲ့ စီးပွားရေးအတွက် သုံးတာမ ဟုတ်ဘဲ အားကစားနည်းကို တ ကယ် ချစ်လို့၊ အားကစားသမား တွေကို မိသားစုလို သဘောထား လို့ လုပ်ဆောင်ပေးနေတာပါ။ ခြုံပြောရရင်တော့ ကျွန်တော်တို့ အဖွဲ့ချုပ် တစ်ခုတည်း မဟုတ် ဘဲ မြန်မာနိုင်ငံ အားကစားအဖွဲ့ ချုပ်တိုင်းက ဥက္ကဋ္ဌတွေရဲ့ စေတ နာကို အမြင် မလွဲစေချင်ပါဘူး’’ ဟု မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူ ကာအဖွဲ့ချုပ် အတွင်းရေးမှူး ဦး ခင်မောင်ဦးက ပြောသည်။

Top News