ယင်းမာပင် ငါးလုပ်ငန်းစခန်း ၀န်ထမ်းလိုင်းခန်းတွင် ဒုဦးစီးအမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေ

ယင်းမာပင်မြို့နယ် ငါး လုပ်ငန်းစခန်း ၀န်ထမ်းလိုင်းခန်း တွင် ဒုဦးစီးဝန်ထမ်းအမျိုးသား တစ်ဦးဒဏ်ရာများဖြင့် သေဆုံးနေ ကြောင်း ယင်းမာပင်မြို့ မြို့မရဲ စခန်းမှ သိရှိရသည်။

ယင်းမာပင်မြို့နယ် ရွာသာ ကျေးရွာအုပ်စုကောင်းဆင့်ကျေး ရွာ ငါးလုပ်ငန်းစခန်းအတွင်း ၀န် ထမ်းလိုင်းခန်းတွင် နေထိုင်သော အသက်(၄၆)နှစ်အရွယ် ဒုဦးစီး ၀န်ထမ်းအမျိုးသားတစ်ဦးသည် သြဂုတ် ၇ ရက် နေ့လယ်၁၂ နာရီခွဲ ခန့်က ဒဏ်ရာများဖြင့် သေဆုံးနေ သည်ကို တွေ့ခဲ့ရကြောင်း ယင်း မာပင်မြို့ မြို့မရဲတပ်ဖွဲ့စခန်းမှူးဒုရဲမှူးတင်ထွန်းက ပြောသည်။

‘‘ငါးလုပ်ငန်းရုံးက ၀န်ထမ်း တစ်ဦးအသတ်ခံရတယ်ဆိုတာ ဟုတ်ပါတယ်။ ရဲစခန်းမှာ အမှု ဖွင့်စစ်ဆေးနေပါတယ်။ တရားခံ ကတော့ လက်ရှိအနေအထားအ ရ စုံစမ်းနေဆဲဖြစ်ပါတယ်’’ဟု စခန်းမှူးက ပြောသည်။

ကောင်းဆင့်ကျေးရွာနေ  အမျိုးသားတစ်ဦးသည် ငါးလုပ်ငန်းစခန်းဝင်းအတွင်း နွားကျောင်း ရန် ရောက်ရှိလာပြီး ငါးကန်ပေါင် များပေါ် ဖြတ်လျှောက်သွားစဉ် နေအိမ်လိုင်းခန်းအတွင်း အိမ်တံ ခါးပွင့်လျက် ငါးလုပ်ငန်းဦးစီးဌာ န ဒုဦးစီးသည် ၀ါးကုလားထိုင်များ ပေါ် မှောက်လဲနေကြောင်း ငါးလုပ်ငန်းစခန်းတာဝန်ခံထံသို့သွား ရောက်ပြောပြ၍ ကြည့်ရှုရာ ၎င်းအမျိုးသားတွင် ဦးခေါင်းငယ်ထိပ်ပေါက်ပြဲဒဏ်ရာနှစ်ချက်၊ ၀ဲနားထင်ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ၀ဲပါး ပေါက်ပြဲဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ရဲမှတ်တမ်းအရ သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ငါးလုပ်ငန်းဒုဦးစီးအား သေဆုံး အောင် ပြုလုပ်သူကို စုံစမ်းဖော် ထုတ်အရေးယူပေးရန် ယင်းမာ ပင်မြို့နယ် ငါးလုပ်ငန်းစခန်း တာဝန်ခံက တရားလိုပြုလုပ်တိုင် ကြားသဖြင့် ယင်းမာပင် မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ အရ အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။