စစ်ကိုင်းတိုင်းတွင် ပြီးခဲ့သည့်လအတွင်း တရားမဝင် သစ်တန်ချိန် ငါးရာကျော်ဖမ်းမိ

စစ်ကိုင်းတိုင်းတွင် ဇူလိုင်လအတွင်းက တရားမ၀င်သစ်ဖမ်းဆီးရရှိမှုတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ −စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန )

စစ်ကိုင်းတိုင်းဒေသကြီး တွင် ဇူလိုင်အတွင်း တရားမဝင် သစ်တန်ချိန် ငါးရာကျော် ဖမ်းဆီး ရမိခဲ့ကြောင်း တိုင်းဒေသကြီးသစ် တောဦးစီးဌာနရုံးမှ သိရသည်။ 

စစ်ကိုင်းတိုင်းအတွင်း တရားမဝင် သစ်ဖမ်းဆီးရေးလုပ်ငန်းများ ကို  နည်းပေါင်းစုံဖြင့်တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် အတွင်း ကျွန်း၊ ပိတောက်၊ တမ လန်းစသည့် တရားမဝင်သစ်မျိုးစုံ ၅၅၅ ဒသမ ၀၂၃၃ တန် ဖမ်း ဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေး မှူး ဦးခင်မောင်ဝင်းက ပြောသည်။‘‘တရားမဝင် သစ်ဖမ်းဆီးရရှိ မှုအားလုံးရဲ့ ၆၂ ရာခိုင်နှုန်းက တာဝန်သိပြည်သူတွေ သတင်း ပေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ကြောင့် ဖမ်းဆီးရမိတာပိုများလာ တယ်။ ပြည်သူတွေဆီက သတင်း တွေ အများကြီးရတယ်။ ဖုန်းနဲ့ ဆက်ပြီးပြောတာရှိတယ်။ ဘိုက် ဘာကနေ ပုံတွေ လှမ်းပို့တာတွေ လည်းရှိတယ်။ ပြည်သူတွေ ပူးပေါင်းပါဝင်လာတဲ့အတွက် တရားမဝင်သစ်တွေ ပိုပြီး ဖမ်းဆီးနိုင်ခဲ့တယ်’’ဟု ဦးခင်မောင်ဝင်းက ပြောသည်။ 

တရားမဝင် သစ်များနှင့်အ တူ သက်သေခံယာဉ် ၅၉ စီး၊ ရေယာဉ်နှစ်စီး၊ သုံးဘီးယာဉ် သုံးစီး၊ ဆိုင်ကယ် ၁၅ စီး ဖမ်းဆီး ရမိခဲ့ပြီး တရားမဝင် သစ်သယ် ဆောင်သော တရားခံ ၅၉ ဦးကို ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်နိုင်ခဲ့ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာန မှတ်တမ်းများ အရ သိရသည်။ 

More in Crime Section